Thursday, 7 May 2015

နီပေါငလျင် သေဆုံးသူပေါင်း ၈၄၃၁ ရှိပြီ

နီပေါငလျင်ကြောင့် သေဆုံးသူပေါင်း ၈၄၃၁ ဦး ရှိလာပြီဟု နီပေါကြက်ခြေနီက ပြောသည်။ ထိခိုက်ဒဏ်ရာရသူ ၁၇၅၆၇ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၆၀ ဦး ရှိကြောင်း ယနေ့ထုတ်ပြန်သည်။ ငလျင်လေ့လာရေး ပညာရှင်များ၊ နိုင်ငံရေး သမားများနှင့် မြို့တော် ခတ္တမန္ဒူ မြို့ခံများမှာ ပြင်း ထန်သော ငလျင်တခု ဖြစ်ပွားလာမည်ကို စိုးရိမ်နေခဲ့ ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အကြောင်းမှာ နှစ်သန်းပေါင်း များစွာ ဖြစ်တည်လာသော တိုက်ကြီး ၂ တိုက်တွန်းတိုက်မှုကြီးကြောင့် ဖြစ်သည်။

လပွတ္တာ နာဂစ်ဒုက္ခသည်များ အမြန်ဆုံး ဖယ်ရှားရန် သတိပေးစာထုတ်


လပွတ္တာမြို့ အနီးရှိ ၃ မိုင်မြို့သစ်တွင် တဲအိမ်များ ဆောက်လုပ် နေထိုင်ကြသည့် နာဂစ် ဒုက္ခသည်များ၏ နေအိမ်များအား အမြန်ဆုံး ဖယ်ရှားပေးရန် လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက မေ ၆ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“သတိပေးစာကို မနေ့က ညနေပိုင်းမှာ ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းနဲ့ ရဲတချို့က လာပေးသွားတယ်။ အိမ်တွေမှာလည်း စာတွေ ကပ်သွားတယ်” ဟု ထိုကျုးကျော်တဲများတွင် နေထိုင်သည့် နာဂစ်ဒုက္ခသည် ကိုဆန်းဦးက ဧရာဝတီကို ပြောသည်။

“၀” က ပြည်နယ်လိုချင်သတဲ့လား ?

ပန်ဆန်းညီလာခံကျင်းပပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိစ္စကို တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် တကယ်တမ်းလက်တွေ့ အကောင်အထည် ဖော်ချင်တာက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုရေးကိစ္စဖြစ်နေတာကို တွေ့ရပါတယ်။ “၀” ခေါင်းဆောင်တွေရဲ့ အကြံအစည် အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့လုံး အရူးလုပ်ခံလိုက်ရတာပါပဲ။ ဒါပေါ့ဗျာ…လူဆိုတာ ကိုယ့်အကျိုးစီးပွား မရဘဲနဲ့ သူတစ်ပါး အကျိုးစီးပွားကို အလကားမကူညီဘူးဆိုတာလေ။ “၀” က သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသား ညီလာခံကို အသုံးချလိုက်တာလို့ ပြောချင်ပါတယ်။

ကန်ဒေါ်လာတန်ဖိုးမြင့်ချိန်တွင် ပုဂ္ဂလိကဘဏ်များ ဒေါ်လာထိန်းရောင်း

အမေရိကန်ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်တက်လာ ချိန်တွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များက လူတစ်ဦးချင်းအ လိုက် ဒေါ်လာရောင်းချမှုကို ပမာ ဏများစွာ လျှော့ချထားကြောင်း သတင်းရရှိသည်။
‘‘ဗဟိုဘဏ်က ခွင့်ပြုတဲ့ဈေး နဲ့အပြင်ဈေးက အရမ်းကွာလာ တော့ ဘဏ်တွေက ထိန်းတဲ့သ ဘောပါ’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဗဟို ဘဏ်သည် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို အမေရိကန်ဒေါ်လာ ကျပ်ငွေလဲနှုန်းအားဒေါ်လာတစ် ယူနစ်လျှင် ကျပ် ၁,၀၈၀ သာ သတ်မှတ်ပေးသည်။ ဗဟိုဘဏ် ၏ ခွင့်ပြုချက်တွင် သတ်မှတ်ထား သောနှုန်းထားမှ ရှစ်ကျပ်ခန့်အ တိုးအလျှော့လုပ်ခွင့်ပေးထားသ ဖြင့် ပုဂ္ဂလိကဘဏ်များမှ အများဆုံး ရောင်းချနိုင်သည့် ကန်တစ်ဒေါ်လာတန်ဖိုးမှာ ဈေး ၁,၀၈၈ ကျပ်ခန့်သာရှိသည်။

တက္ကသိုလ်ပေါင်းစုံ နှီးနှောဖလှယ်ပွဲ မေလလယ်တွင် ပြုလုပ်မည်

လာမည့်ပညာသင်နှစ် တွင် စတင်မည့် တက္ကသိုလ်ဝင်ခွင့် ပုံစံ ရွေးချယ်မှုအပါအ၀င် အဆင့် မြင့် ပညာကဏ္ဍ  တက္ကသိုလ်ပေါင်း စုံ နှီးနှောဖလှယ်ပွဲကို မေလလယ် တွင် ရန်ကုန်မြို့ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သတင်းရရှိသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မှု ပုံစံများ၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည့်အ ခါ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မေ ၂၂ မှ ၂၅ ရက်အထိ လေးရက်ကြာ ဆွေး နွေးကြမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

ရာသီဥတုပူပြင်းသောကြောင့် မီးပွိုင့်မိသူများ အပူသက်သာရန် အချိန်လျှော့ပေး

ရာသီဥတုပူပြင်းနေ၍မီးပွိုင့်မိသူများ  အပူဒဏ် သက်သာစေရန် အချိန်လျှော့ချထိန်းညှိပေးနေကြောင်းသတင်းရရှိသည်။
မန္တလေးမြို့ရှိ မီးပွိုင့်များကို စည်းကမ်းချက်ညီ မီးပွိုင့်စနစ်အ ဖြစ်စက်က ထိန်းညှိပေးသည့်စနစ် အသုံးပြုနေရာ  ယာဉ်ကြောရှုပ် ထွေးသည့်နေရာများတွင်အများ ဆုံးစက္ကန့် ၉၀ခန့်ထိထားပေးရကြောင်း၊ နံနက်နှင့်ညတွင် ယာဉ်ကြောရှုပ်ထွေးတတ်သဖြင့် မီးပွိုင့်ကြာချိန်ကို ပုံသေသတ်မှတ်လျှော့ချရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မီးပွိုင့်ကြာချိန်လျှော့ချရန်ယာဉ်ထိန်းများက ခလုတ်ကိုင်ကာ ထိန်းညှိပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး   ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်းကိုကို ကပြောကြားသည်။

ဒေသအနှံ့တွင် အပူချိန်များ ဆက်လက်မြင့်တက်နိုင်

 မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် နေ့အပူချိန်များ မြင့်တက်နေပြီး လာမည့်ရက် များ၌လည်း ဆက်လက်မြင့်တက်နေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးသည်။
‘‘မေလမှာ နှစ်စဉ်ရင်ဆိုင်နေရတဲ့ အပူချိန်ဆိုပေမယ့် အရင်ရက်က မိုးရွာခဲ့ပြီး ဒီရက်တွေ နေပြန်ပူတာကြောင့် အပူချိန်က ရုတ်တရက်မြင့်တက်လာတာမျိုးဖြစ်တာ။ တာ။ နောက်ရက်တွေမှာ အပူ ချိန်ဆက်မြင့်နေနိုင်တာကြောင့် သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။
မေလ ၆ ရက်က မြန်မာနိုင်ငံ ဒေသအနှံ့တွင် မေလတစ်လလုံး ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ် ထိ မြင့်မားခဲ့ကာ မြန်မာနိုင်ငံအ ထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ များ ဖြစ်သည့် မြင်းခြံ၊ ချောက်၊ မကွေး၊ မုံရွာ၊ ရေဦးနှင့် မင်းဘူး မြို့တို့တွင် အမြင့်ဆုံးဖြစ်ခဲ့ ကြောင်း မိုး/ဇလဌာနက သတင်း ထုတ်ပြန်ထားသည်။

ယာဉ်ပိုင်ရှင် အမည်ပေါက် ပြောင်းလျှောက်ရာတွင် အခွန်စိမ်းမလိုတော့

မော်တော်ယာဉ်ဝယ်ယူ ပြီး ကညန၌ ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် လိုအပ်သည့် အခွန်ပုံစံ(၁) အစိမ်း(အခွန်စိမ်း) အထောက်အထားကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။အခွန်စိမ်းပုံစံ(၁) ဆိုသည် မှာ ယခင်ယာဉ်ပိုင်ရှင်ဟောင်းက အခွန်ဆောင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးသည့် စာရွက်ဖြစ်ပြီး ယခု နောက်ပိုင်းတင်သွင်းလာသည့် ယာဉ်သစ်များမှာ ပြည်ပမှ တင် သွင်း၍ ဆိပ်ကမ်းကထုတ်ယူပြီး အသုံးပြုနေသည့် ယာဉ်များဖြစ် သည်။ ထို့ကြောင့် အခွန်ဆောင် ထားသည့် အထောက်အထားမရှိ သောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ပယ်ဖျက်ပေးခြင်းဖြစ်သည်။  အဆိုပါ သတ်မှတ်ချက်မှာ လွန်ခဲ့သည် ၁၉၉၈-၁၉၉၉ က ယာဉ် အရောင်းအ၀ယ်ပြုလုပ်ခဲ့ သူများအတွက် ပြုလုပ်ခဲ့သည့် စီ မံချက်ဖြစ်ပြီး ၂၀၁၁ တွင် ယာဉ် တင်သွင်းမှု မူဝါဒပြောင်းလဲအပြီး အမည်ပြောင်းလျှောက်ထားသူ နည်းသွားကြောင်း တစ်နိုင်တစ် ပိုင် ကားတင်သွင်းသူ ကိုမြတ်မင်း ချစ်က ဆိုသည်။

ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ‘၀’ ဒေသ မိုင်းမော မြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများ လိုက်လံပြသ

‘၀’ ဒေသ မိုင်းမောမြို့နယ်ရှိ လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေသူ များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) 
ရှမ်းပြည်နယ် ပန်ဆန်း(ပန်ခမ်း) မြို့၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီး ခေါင်းဆောင် များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင် များအား အိမ်ရှင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) က မေ ၅ ရက်တွင် ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများအား လိုက်လံပြသခဲ့သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မြို့နယ် ငါးခုတွင် အပူချိန် မြင့်မားဒေသခံများ သောက်သုံးရေ ပြဿနာ ရှိနေ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သည့် မန္တလေးတိုင်း  မြင်းခြံမြို့နယ်၊ မကွေးတိုင်း မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တို့တွင် အပူချိန် မြင့်မားလျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိကို ပြောသည်။

Wednesday, 6 May 2015

“ယာဉ်ကြောကြပ်တဲ့ ပြဿနာ၊ စားပေါက် မထွင်ပါနဲ့”

ရန်ကုန်မှာ ကားပါကင် ရှားပါး၊ ယာဉ်ကြောကြပ်တာကို အကြောင်းပြုပြီး စည်ပင်သာယာရေး ကော်မတီဟာ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်ဝင်ရင် နေ့အလိုက် ငွေကောက်ခံတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ အကြောင်းကတော့ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်မှာ ထားပြီး အသုံးမပြုကြစေဖို့ ဖြစ်ပါတယ်။ ဒီ စနစ် အလုပ်ဖြစ်တယ်၊ မဖြစ်ဘူး၊ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ အသာထားလို့ အများပြည်သူတွေဆီကနေ “ငွေကောက်” တဲ့ အလုပ်ကို အားကျဟန် တူပါရဲ့။ မန္တလေးကလည်း ရန်ကုန်ကို အတုခိုး ငွေကောက်တာ လုပ်ပါတယ်။ မေလ ၁ ရက်နေ့ကစ မန္တလေး မှတ်ပုံတင် မဟုတ်တဲ့ ကားတွေကို ငွေကောက်တာ ဝေဖန်မှုတွေ များလွန်းလို့ မေလ ၄ ရက် နေ့လယ်လောက်မှာပဲ ငွေကောက်တာ ရပ်ဆိုင်းလိုက်ရပါတယ်။ ကားပါကင် ရှားပါးတာ၊ ယာဉ်ကြောကြပ်တဲ့ ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းတာ မှန်ပါသလား။ သူများဆီမှာရော ဘယ်လို ဖြေရှင်းနေကြသလဲ၊ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။

မြန်မာ့စီးပွားရေးအခြေအနေ Serge Pun ဆွေးနွေး

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေး အသိုင်းအ၀ိုင်း အပါအ၀င် အဘက်ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတဦးဖြစ်တဲ့ Serge Pun က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က ၀ါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီး ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံ မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြို့ကြီးအချို့ နေ့အပူချိန် ဆက်လက်မြင့်တက်

ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ယခုရက်ပိုင်း အတွင်း နေ့အပူချိန်များ မြင့်တက်နေ ပြီး ဆက်လက်၍လည်း မေလကုန်အထိ ဒေသအချို့တွင် နေ့အပူချိန်များ မြင့်တက်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
နေ့အပူချိန်များ ဆက်လက် မြင့်တက်လာနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ ဇွန်လလယ်တွင်ပြုလုပ်မည်

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ လာမည့်ဇွန်လလယ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အဆိုပါအကြိုညီလာခံကျင်းပရေးအတွက် KUPC ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်အထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်ခဲ့ပြီး အကြိုညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကာ KUPC ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့ခွဲရှစ်ဖွဲ့မှ စာတမ်းရှစ်စောင်တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
"အကြိုညီလာခံက ဇွန် ၁၈၊ ၁၉၊ ၂၀ လောက်မှာဖြစ်မယ်။ ရက်ကတော့ ခန့်မှန်းလျာထားတာပေါ့။ အဲဒါ ရန်ကုန်မှာပဲလုပ်မယ်" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်

ဝန်ထမ်းများရရှိသည့် လစာဝင်ငွေကို အရစ်ကျစနစ်ဖြင့် စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့် စနစ် မကြာမီစတင်နိုင်တော့မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်းများလစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီသွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

တောင်သမန်အင်း သေဆုံးခြင်း

လေအဝေ့တွင် ပုပ်အဲ့အဲ့ငါးညှီနံ့က ထောင်းထောင်း ထလာသည်။ ရန်ကုန်-မန္တလေးလမ်းမဘက်မှ ကွေ့ဝင်လာပြီး မိနစ်ပိုင်းမျှ ဆိုင်ကယ်မောင်းနှင်လိုက်သည်နှင့် မည်စည်ပင်အုပ်အုပ်ကြီးများရှိသော တောင်သမန်အင်းစောင်းကို ရောက်သည်။ အမြဲနေထိုင်သူများအတွက် ထူးခြားမှုမရှိသော်လည်း တောင်သမန်အင်းရေပြင်ကို ဖြတ်တိုက်လာသည့် လေပြည်က တစ်ခါတစ်ရံလာလည်သည့် ခရီးသွားဧည့်သည်များအတွက်တော့ အသက်ရှုကျပ်စေသည်။ တသုန်သုန်တိုက်ခတ်နေသည့် လေပြေက အေးမြလတ်ဆတ်မှုမရှိဘဲ တောင်သမန်အင်းဝန်းကျင်တွင် ပုပ်အဲ့အဲ့ငါးညှီနံ့များ ပျံ့လွင့်နေသည်။

မြောက်ကိုရီးယားတွင် ဖမ်းဆီးထားသော တောင်ကိုရီးယားနှစ်ဦးသည် မြောက်ကိုရီးယားကို သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံ

သူလျှိုမှုဖြင့် မြောက်ကိုရီးယား တွင် တရားစွဲဆိုခံနေရသော တောင် ကိုရီးယားနိုင်ငံသားနှစ်ဦးသည် တောင် ကိုရီးယားအတွက် သူလျှိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြုံယမ်း၌ ပြုလုပ်သော CNN ၏ အင်တာဗျူးတွင် ဝန်ခံခဲ့ သည်ဟု AFP သတင်းအရ သိရသည်။

ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား ရေမြောင်းထဲဟင်းရွက်ခူးစဉ် ဓာတ်လိုက်သေဆုံး


   ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။
မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉ စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား အသက် ၂၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးနေတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူဝစ် ဗန်ယိုက သတင်းထောက်တွေကို ပြောပါတယ်။

ဆိုလာပြားခွဲဝေရေးကိစ္စ မပြေလည်၍ ခန္တီးတွင် ပြည်ခိုင်ဖြိုး ပါတီဝင် နှစ်ဆယ်ဦးပါတီမှ နုတ်ထွက်

ကျေးလက်ဒေသ မီးလင်းရေးအစီအစဉ်အရ ချပေး သော ဆိုလာပြားများခွဲဝေသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်မှ လာရောက်ဖြေရှင်းပေး ခြင်းမရှိ၍ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီအလုပ်အမှုဆောင် အပါအ၀င် ပါတီဝင် နှစ်ဆယ်ဦး နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ခန္တီးမြို့ ကင်းတော်ကျေးရွာ ကို ၂၀၁၂ တွင် ကျေးရွာ မီးလင်းရေးအစီအစဉ်ဖြင့် ဆိုလာပြားများချပေးရန် ရွာရှိ အိမ်ခြေစာရင်း ကောက်ခံခဲ့ရာ မူလရွာအိမ်ခြေစာရင်းအဖြစ် ၁၄၆ လုံး တင်ပြပေးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံ AA အဖွဲ့ဝင် အယောက်နှစ်ဆယ်ကို ရုံးတင်စစ်ဆေးမည်

တပ်မတော်မှ ဖမ်းဆီးထားသည့် ရက္ခိုင့်တပ်မတော် AA အဖွဲ့ဝင်များကို ရုံးတင်စစ်ဆေးနိုင်ရန် မြို့နယ်တရားရုံးတွင် မေ ၅ ရက်က ယမန်ယူလိုက်သည်ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်က မဇ္ဈိမကိုပြောသည်။
ကျောက်တော်မြို့နယ် အတွင်းမှ ဖမ်းဆီးစစ်ဆေးခဲ့သူများအနက် အချို့ကို ပြန်လည်လွှတ်ပေးပြီး ကျန်ရှိသည့် အယောက်နှစ်ဆယ်ကို ရုံးတင်စစ်ဆေးမည်ဟု ရဲတပ်ဖွဲ့မှူးက ပြောသည်။
"ရုံးတင်မှာက ၂၀ ယောက်ပါ၊ သူတို့ကို ယမန်ယူပြီး အမှုတည်ဆောက်ပြီးရင် ရုံးတင်စစ်ဆေးမှာပါ"ဟု ပြောသည်။
ယမန်ယူပြီး ၁၅ ရက်အတွင်း ရုံးထုတ်ကာ စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် အမှုတည်ဆောက်လျှက်ရှိသည် ဟုဆိုသည်။