Friday, 4 July 2014

မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ချက် ဝေဖန်စရာဖြစ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က “မန္တလေးမြို့ပေါ် ရန်ပြုအကျိုးဖျက်ဆီးမှု အခြေအနေ ထိန်သိမ်းဆောင်ရွက်မှုသတင်း” ကို ဇူလိုင် ၃ ရက်နေ့စွဲနဲ့ ဖော်ပြပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ ဒီသတင်းဖော်ပြချက်မှာ အုပ်စုတအုပ်စုနဲ့ တအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားချက်ဟာ ရဲသတင်းမှတ်တမ်းပုံစံဖြစ်ပြီး ညွှန်းဆိုချက်တွေမှာ ဗမာလူမျိုးနဲ့ မွတ်စလင်လူမျိုးဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
တုတ်ဓားလက်နက် ကိုင်ဆောင်တာ၊ ဆိုင်ကယ်တွေအသုံးပြုပြီး ရိုက်နှက်သတ်ဖြတ်လု ယက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေကို မဖမ်းမိပေမယ့် ရဲစခန်းဝင်းအနီးကို ခဲနဲ့ ပစ်ပေါက်တဲ့သူ အယောက် ၅၀ ထဲက ၄ ဦးကိုတော့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းနှင့် နိုင်ငံရေး

ယနေ့ မန္တလေးမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်နားလည်သလောက်ပြောရရင် ယနေ့လို အရေး ကြီးတဲ့အချိန်မှာ ဘာသာရေးနဲ့လူမျိုးရေးကို အကြောင်းပြပြီး သာမန်လူမှုရေးဖြစ်စဉ်တစ်ခုကနေ အရေးအခင်း တစ်ခုသဖွယ် ဖန်တီးလှုပ်ရှားလာတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ အရေးကြီးသလို အစိုးရအနေနဲ့လည်း ၂၀၁၄ ခုနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အဆင့်တစ်ဆင့်ချင်းစီအလိုက် သတိထားပြီးဆောင်ရွက် နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တပ်မတော်အပိုင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီနှစ် မကုန်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံးဝအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလက်မှတ် အပြီးသတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နေတာတွေ့ရသလို နိုင်ငံတော်အစိုးရအတွက် ၀ိုင်းဝန်းပံ့ပိုး ဆောင်ရွက် နေတာကိုလည်း တွေ့မြင်ရပါတယ်။

နိုင်ငံရေးပယောကမကင်းတဲ့ လူမျိုးရေးပဋိပက္ခကြီးကို မြန်မာပြည်သားများ သတိရှိစေချင်

ရခိုင်၊ မိထ္ထီလာ၊ ဥကံ္က၊ လားရှိုးစတဲ့ မြို့ကြီးတွေမှာဖြစ်ခဲ့သလိုပဲ ၂၉.၆.၂၀၁၄ ရက်နေ့က သစ်ထူးလွင်ဆိုတဲ့ဘလော့ တစ်ခုမှ ပျံ့နှံ့ခဲ့တဲ့သတင်းတစ်ခုကနေစပြီး မန္တလေးမြို့မှာ ရုတ်ရုတ်သဲသဲဖြစ်ကာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်တဲ့နေရာကတော့ မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁ ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှ “နေ” လ္ဘက်ရည်ဆိုင် ကနေ စတင်ခဲ့တာဖြစ်ပြီး  မူဆလင်အမျိုးသား   ဦးကနေ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။ ဒီအကြောင်းကိုလဲ BBC သတင်းဌာနကြီးတစ်ခုကလဲ သတင်းရဲ့ အခြေအမြစ်ကို တိတိကျကျသိအောင် ရယူခြင်းမရှိပဲ ယေဘုယျဆန်ဆန် ထုတ်ပြန်ခဲ့မှုကြောင့် အခြေအနေတွေဟာ ကြီးထွားလာတာဖြစ်ပါတယ်။ အဓိက က တော့ သစ်ထူးလွင်ရဲ့ သတင်းစတည်မှုနှင့် BBC ရဲ့ မ.ဘ.သ က ဆိုင်တွေကို လာဖျက်မယ်ဆိုပြီး ခြိမ်းခြောက်နေဆိုတဲ့ သတင်းထုတ်ပြန်ခဲ့မှုကြောင့် ဖြစ်ပါတယ်။

အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ

ဇူလိုင် ၁ ရက် ညက သေဆုံးသွားသည့် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်သည့် ယာဉ်တန်းသည် မန္တလေးမြို့ကျုံးသို့ တပတ်ပတ်ပြီး မန္တလေးတောင်ခြေ၊ မြောက်ဘက် အေးရိပ်ငြိမ်သုသာန်သို့ ဦးတည် သွားနေကြသည်။ လိုက်ပါပို့ဆောင်သည့်ကားများ ရာချီရှိပြီး ဆိုင်ကယ်ထောင်ချီရှိကြောင်းသတင်းရရှိသည်။

ပြည်သူလူထုဆိုတာ အသုံးချခံ မဟုတ်ပါ

အင်တာနက်ပေါ်က မုဒိမ်းမှုဖြစ်ပွားကြောင်း သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ထားကြောင်း သိရှိရပါသည်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်လား အမှားလား ဆိုတာ ယခုအချိန်ထိ သေချာ မဖော်ထုတ် နိုင်သေးတဲ့အတွက် ပြည်သူလူထုနေနဲ့ လူတစ်စုရဲ့လှည့်ကွက်ထဲမှာ ပါမသွားရအောင် စဉ်းစားချင့်ချိန် သုံးသပ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်လာမယ်၊ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်တာတွေ ရှိလာမယ်ဆိုရင် ကြားထဲကနေ ပြည်သူလူထုပဲ ထိခိုက်နစ်နာရမှာပါ ဖြစ်လို့ပါပဲ။ ဖြစ်လာတဲ့ ပြဿနာတိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် အစ္စလာမ် ဘာသာဝင်တွေနဲ့ ဖြစ်တာ အများဆုံးပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ စဉ်းစားဖို့လိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှလည်း ဒီပြစ်မှုကိုသာ အမှန်တကယ် ကျူးလွန်ခဲ့တယ် ဆိုရင်တော့ တရားဥပဒေအရ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့လိုပါတယ်။

ထိုင်းစစ်အစိုးရ ပြည်ပအလုပ်သမားများအတွက် အရေးပေါ်ဖုန်းလိုင်း ၀န်ဆောင်မှုပေး

ထိုင်းအစိုးရက ပြည်ပ ရွှေ့ပြောင်းလုပ်သားများပြဿနာ ဖြစ်ပွားပါက အရေးပေါ်တိုင်ကြား နိုင်သည့် ဖုန်းလိုင်းများကို ဇူလိုင် ၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ၎င်းတို့နိုင်ငံအတွင်း လာ ရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ ပြဿနာဖြစ်ပွားပါက အရေးပေါ် နံပါတ် ၁၆၉၄ သို့ ဆက်သွယ်တိုင် ကြားနိုင်ပြီး မြန်မာ၊ ကမ္ဘောဒီး ယားနှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် လက်ခံဖြေကြားသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။အဆိုပါအရေးပေါ်ဖုန်းလိုင်း များ စတင်ဖွင့်လှစ်လုပ်ဆောင် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်း လူကုန်ကူး၊ လူမှောင်ခိုပြဿနာ များနှင့် အဓမ္မခိုင်းစေမှုများ များ ပြားစွာ ဖြစ်ပေါ်လျက်ရှိသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်သည်။ အရေးပေါ်ဖုန်း လိုင်းများကို မနက် ၆ နာရီမှ ၉ နာရီ ညနေ ၄ နာရီမှ ည ၉ နာရီ တစ်နေ့နှစ်ကြိမ် လက်ခံဖြေဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကံလှိုင်ကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခွင့် မပြုသဖြင့် လွတ်မြောက်


Photo: အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကံလှိုင်ကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခွင့် မပြုသဖြင့် လွတ်မြောက်
Friday, July 4, 2014

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကံလှိုင်ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခံစေမှု မရှိသဖြင့် အမှုဖွင့်ခံရသူ လွတ်မြောက်နေကြောင်း အဓမ္မပြုကျင့်ခံရသူနှင့် သူမ၏ မိခင်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် ဇူလိုင် ၃ ရက်က လာရောက် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့် တရားစွဲခံရသူ ကိုမင်းသူရဇော်အတွက် ညီမဖြစ်သူ မ ........ က တရားရုံးချိန်းများသို့ သွားရောက်စဉ် မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းနှင့် သိရှိရင်းနှီးခဲ့ကြောင်း၊ ဦးတင်မောင်ဝင်းက ကိုမင်းသူရဇော် လွတ်မြောက်ရေးအတွက် ကူညီပေးမည်၊ အထက်အရာရှိနှင့် တွေ့ပေးမည်ဆိုကာ ၂ဝ၁၄ ခုနှစ် မတ် ၃ ရက်က ပြင်ဦးလွင်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ရှိ ပင်စီလက်ဖက်ရည်ဆိုင်၌ အထက်လူကြီးနှင့် တွေ့ဆုံပေးမည်ဆိုကာ စောင့်ဆိုင်းခိုင်းခဲ့ကြောင်း၊ ထို့နောက် ဦးတင်မောင်ဝင်း ပြန်လာကာ ကိုလာအချိုရည် တိုက်ခဲ့ကြောင်း၊ အချိုရည်သောက်ပြီး မူးဝေနေသော မ........ အား ပုလဲတည်းခိုခန်းသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း မ........က ပြောကြားသည်။
“ဦးတင်မောင်ဝင်းက ဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့မှမပြောနဲ့။ လိုအပ်တဲ့ အကူအညီရှိရင်တောင်း။ နင့်အစ်ကိုအတွက်လည်း စိတ်မပူနဲ့လို့ ပြောပါတယ်။ နောက်ရက်တွေကျတော့ သူကရှောင်နေပါတယ်။ သူ့ကိုဆက်သွယ်လို့ရတော့ ပိုက်ဆံညှိမယ်။ သားမယားစရိတ်ပေးမယ်။ အမှုလည်း ပိတ်ပေးမယ်လို့ ပြောတယ်” ဟု မ..........က ဆို သည်။
မ............၏ မိခင်ဖြစ်သူ ဒေါ်မာလာ၏ သားဖြစ်သူ ကိုမင်းသူရဇော်မှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည် ဆိုသော်လည်း သူ့အား ဦးလေးတော်စပ်သူ ဦးခင်မောင်ထွေး၏ ဇနီးဖြစ်သူ ဒေါ်ခင်မာလွင်က မူးယစ်ဆေးဝါး ရောင်းချခိုင်းသဖြင့် မရောင်းရဲ၍ မန္တလေးမြို့ မောရဂီဝါရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့သွားကာ မူးယစ်ဆေးဝါးအား အပ်နှံရာမှ ဖမ်းဆီးခံခဲ့ရကြောင်း ဒေါ်မာလာကဆိုသည်။ ကိုမင်းသူရဇော်က ထိုသို့ အပ်နှံခဲ့သဖြင့် မူးယစ်ဆေးဝါးဖြန့်ချိသူ ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီထွေးတို့အား ဆက်စပ်ဖမ်းဆီးနိုင်ခဲ့ပြီး ကိုမင်းသူရဇော်အား အစိုးရသက်သေအဖြစ် ဖမ်းဆီးမည်ဖြစ်ကြောင်းနှင့် မကြာမီပြန်လွတ် လာမည်ဖြစ်ကြောင်း အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိများနှင့် မောရဂီဝါရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိခင်ဖြစ်သူ ဒေါ်မာလာအား လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဒေါ်မာလာက ဆိုသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများ အမှုပေါ့လျော့ရန်နှင့် ပြစ်ဒဏ်မှလွတ်မြောက်ရန်ဆိုကာ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှက မူးယစ်ဆေးဝါးဖြန့်ချိသူ ဒေါ်ခင်မာလွင်၏ အမျိုးသားဖြစ်သူ ဦးခင်မောင်ထွေးထံမှ ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ရာ ဦးခင်မောင်ထွေးက ကျပ်သိန်း ၁ဝဝ အား မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှအား ပေးအပ်ခဲ့ကြောင်းနှင့် ထိုသို့ပေးအပ်ချိန်၌ ဒေါ်မာလာ လိုက်ပါသွားခဲ့ကြောင်း ဒေါ်မာလာက ဆိုသည်။
ထိုသို့ ပေးအပ်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဧပြီ ၁ဝ ရက်က အပြီးသတ်စီရင်ချက် ချရာတွင် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီထွေးအား ထောင်ဒဏ် ၁၂ နှစ်၊ ကိုမင်းသူရဇော် အား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ကြောင်း၊ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှမှ ကျပ်သိန်း ၁ဝဝ အား လာဘ်ငွေအဖြစ် ရယူ၍ များပြားသည့် ထောင်ဒဏ်ချမှတ်မှုအပေါ် ဦးခင်မောင်ထွေးက ပြောဆိုမှု ပြုလုပ်သဖြင့် ဦးခင်မောင်ထွေး၊ ဦးသူရရဲထွဋ်နှင့် ဒေါ်မာလာတို့အား ပုဒ်မ ၃၅၃၊ ၂၉၄၊ ၅ဝ၆ ဖြင့် မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆို အမှုဖွင့်ခံခဲ့ရကြောင်း ဒေါ်မာလာက ပြောကြားသည်။
“ကျွန်မသားက မူးယစ်ဆေးဝါးကို ရပ်ကွက်ရုံးသွားအပ်လို့ အစိုးရသက်သေအနေ နဲ့ ပြန်လွတ်လာမှာ ပြောပါတယ်။ ကျွန်မတို့က ဆင်းရဲတော့ ရှေ့နေလည်း မငှားနိုင်ပါဘူး။ စီရင်ချက်ချတော့ တကယ်ရောင်းတဲ့သူတွေက ထောင် ၁၂ နှစ်ပဲကျပြီး ကျွန်မသားက ထောင် ၁၆ နှစ် ကျခံခဲ့ရတယ်။ စီရင်ချက်ချတဲ့နေ့မှာ သားကို ထောင် ၁၆ နှစ် အချခံရတော့ ကျွန်မမူးလဲသွားတယ်။ ဒါပေမဲ့ ပုဒ်မ ၃၅၃ နဲ့ အမှုဖွင့်ခံရတယ်။ အခုဆို ကျွန်မသမီးက ရုံးအုပ်စော်ကားလို့ ဗိုက်ကြီးနေတယ်။ သားကလည်း ထောင် ၁၆ နှစ် အကျခံရတယ်။ ကျွန်မကိုလည်း တရားစွဲထားတယ်။ မတရားခံရတာပါ” ဟု ဒေါ်မာလာက ငိုရှိုက်၍ ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်အတွက် မ..........က အဓမ္မပြုကျင့်ခံရသူ မ...........က အဓမ္မ ပြုကျင့်ခံရသည့် မြို့နယ်ဖြစ်သည့် ပြင်ဦးလွင် မြို့မရဲစခန်း၌ မေ ၂၁ ရက်က အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက ပ/၁ဝ၇ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အမှုဖွင့်ပြီးနောက် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဦးကံလှိုင်ကိုယ်တိုင် ဦးဆောင်၍ သွားရောက်ဖမ်းဆီးရာ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှက တရားရုံးအတွင်း ဖမ်းဆီးခွင့် မပြုနိုင်ကြောင်း ပြောဆိုကာ ဦးတင်မောင်ဝင်းအား ခွင့်တစ်လ ပေးခဲ့သဖြင့် ရဲစခန်းမှလက်ရှိ အချိန်အထိ ဖမ်းဆီးနိုင်မှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေး၊ ဒေါ်မာလာနှင့် မ.......က ပြောကြားသည်။
“ရဲက ရဲလုပ်ငန်း ကုန်စင်အောင်လုပ်ပြီးတော့ တရားခံကို လိုက်ဖမ်းပါတယ်။ တရားခံဖြစ်တဲ့ ဦးတင်မောင်ဝင်းက ခရိုင်တရားရုံးရဲ့ ရုံးအုပ်ဖြစ်တဲ့အတွက် သူရုံးတက်တဲ့အချိန်မှာ သွားဖမ်းပါတယ်။ အဲ့ဒါကို ခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက သူ့ရုံးထဲမှာ လာမဖမ်းရဘူး။ ငါ့ရုံးထဲမှာ ဖမ်းခွင့်မပေးနိုင်ဘူး။ စစ်ချင်ရင် ရုံးထဲမှာပဲ စစ်ပါဆိုပြီး ရဲလုပ်ငန်းကို ဝင်နှောင့်ယှက်ပါတယ်။ ငါ့စီရင်ပိုင်ခွင့်ဆိုတဲ့ ပုံစံမျိုးလုပ်ပါတယ်။ ရဲတွေပြန်သွား ရပါတယ်။ ပြင်ဦးလွင်မြို့မရဲစခန်းက စခန်းမှူးကိုယ်တိုင် ဝင်ဖမ်းတာပါ။ အဲဒီလိုဖြစ်တော့ စခန်းမှူးက သူနဲ့တင်မပြီးတော့လို့ ခရိုင်တရားသူကြီး ဝင်ပါနေတဲ့ကိစ္စ၊ အကာအကွယ်ပေးနေတဲ့ ကိစ္စကို အထက်ကိုတင်ပြလိုက်တော့ အထက်ဖိအား ရောက်လာတဲ့အချိန်မှာ ခရိုင်တရားသူကြီးက မုဒိမ်းတရားခံ ဖြစ်နေတဲ့ ဦးတင်မောင်ဝင်းကို ခွင့်တစ်လ ပေးလိုက်ပါတယ်။ အဲဒါက တရားခံကို အားပေးကူညီလိုက်တာ ဖျောက်ဖျက်လိုက်တာပါ။ အဲဒီမှာ တရားခံဖြစ်နေတဲ့ ဦးတင်မောင်ဝင်းက သူကိုယ်တိုင် ဒေါ်မာလာတို့ကို အမှုဖွင့်ထားတဲ့အတွက် တရားရုံးကို မလာလို့ မရတော့ဘူး။ တရားရင်ဆိုင်တဲ့ အပတ်တိုင်းမှာ မုဒိမ်းတရားခံကို ဖမ်းဖို့လာနေပါတယ်။ အဲဒီလိုဖြစ်တဲ့အဆုံး ဦးတင်မောင်ဝင်းက ကြံရာမရဖြစ်ပြီး မဘသဆရာတော် ဦးဝီရသူကို လီဆည်ပြီး တိုင်ပါတယ်။ မဘသဆရာတော်တွေရဲ့ အကာအကွယ်ကို ယူထားပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောကြားသည်။
အထက်ပါ ဖြစ်ရပ်များအတွက် ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဦးကံလှိုင်အား လက်ရှိရာထူးနှင့် ဖြစ်ရပ်များအပေါ် ဇူလိုင် ၃ ရက်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲဝန်ထမ်းက ဖြစ်ရပ်အား သိရှိမှုမရှိကြောင်းနှင့် ဦးကံလှိုင်မှာ အပြင်သို့သွားကြောင်း၊ ဦးကံလှိုင်၏ လက်ကိုင်ဖုန်းနံပါတ်အား EMG မှ မေးမြန်းသော်လည်း ဖုန်းချသွားခဲ့သည်။ ထပ်မံဖုန်းခေါ်၍ မေးမြန်းရာတွင်လည်း မကြားရကြောင်းသာ ပြောဆို၍ ဖုန်းချသွားခဲ့သည်။
မဘသဆရာတော် ဦးဝီရသူက မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းအား အကာအကွယ် ပေးထားသည် ဆိုသည့်အပေါ် ဆရာတော် ဦးဝီရသူအား ဇူလိုင် ၃ ရက်က ဆက်သွယ်မေးမြန်းရာ ဆရာတော် စာချနေကြောင်းသာ ပြန်လည်ဖြေခဲ့သည်။
မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှအား ကျပ်သိန်း ၁ဝဝ လာဘ်စားသည်ဆိုခြင်း၊ မန္တလေးခရိုင်တရားရုံးအုပ် ဦးတင်မောင်ဝင်းအား အကာအကွယ်ပေးသည်ဟုဆိုခြင်း၊ ဦးတင်မောင်ဝင်းအား မုဒိမ်းမှုပုဒ်မဖြစ်သည့် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရခြင်း စသည့်အချက်အလက် များအတွက် ဒေါ်ခင်ခင်လှနှင့် ဦးတင်မောင်ဝင်းအား တုံ့ပြန်ပြောဆိုနိုင်ရန် ဦးတင်မောင်ဝင်း ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသို့ ဇူလိုင် ၃ ရက်က အကြိမ်များစွာ ဆက်သွယ်ရာ ဖုန်းမအားကြောင်းသာ အမြဲမပြတ် ဖြေဆိုမှုကို ကြုံခဲ့ရသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့်ဆိုင်သည့် တရားရေးဝန်ထမ်းများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်တွင်း တိုင်ကြားမှုများရှိနေပြီး အများဆုံး တိုင်ကြားခံနေရသည်။
လတ်တလော၌ပင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လဲ့လဲ့အား ကျပ်သိန်း ၅ဝ လာဘ်ယူမှုဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖျာပုံမြို့ ဒုတိယမြို့နယ် တရားသူကြီးအဖြစ် ရာထူးသုံးနှစ်လျှော့ချသည့် ဖြစ်စဉ်တစ်ခု ယခုနှစ် ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူ၏ မိသားစုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းနေစဉ်
Eleven Media group
အဓမ္မပြုကျင့်ခံရသူ၏ မိသားစုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းနေစဉ်


အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကံလှိုင်ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခံစေမှု မရှိသဖြင့် အမှုဖွင့်ခံရသူ လွတ်မြောက်နေကြောင်း အဓမ္မပြုကျင့်ခံရသူနှင့် သူမ၏ မိခင်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် ဇူလိုင် ၃ ရက်က လာရောက် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်မှု အမှန်တကယ်လိုအပ်ချက်ဟု မန္တလေးမြို့ခံအများစုရှုမြင်

မန္တလေးမြို့တွင် ည ၉နာရီ မှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်မှုသည် လတ်တလောဖြစ်ပေါ်နေသော အုပ်စုဖွဲ့အကြမ်းဖက်မှုများ ရပ်တန့်သွားရေးနှင့် မန္တလေးမြို့ တည်ငြိမ် အေးချမ်းရေးအတွက်အမှန်တကယ်လိုအပ်ချက်တစ်ခုဟု ထင်မြင်မိကြောင်း မန္တလေးမြို့ခံအများစုက ပြောသည်။မန္တလေးတိုင်းဒေသကြီး မန္တ လေးခရိုင် ချမ်းအေးသာစံမြို့နယ် တွင် ဇူလိုင် ၁ ရက်နှင့် ၂ ရက် ည ပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့သောလူစုလူဝေးများသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်၍ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် အများပြည်သူအသက်အိုးအိမ်စည်းစိမ်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် မန္တလေး စည်ပင်သာယာနယ်နိမိတ်မြို့ နယ် ခြောက်မြို့နယ်တွင် နေ ထိုင်သည့် ရဟန်းပြည်သူလူထု လိုက် နာရန်ဟုဆိုကာ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ဇူလိုင် ၃ ရက်တွင် ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ပြန်သည်။‘‘ခုအချိန်မှာက လုပ်ငန်းတွေ အေးနေတယ်။ ညပိုင်းထိ လုပ်ရ တဲ့အလုပ်မရှိသလောက်ပဲ။ ပုဒ်မ ၁၄၄ ထုတ်လိုက်တဲ့အတွက် စီးပွားရေးအရ အများကြီး ထိခိုက်မှု မရှိနိုင်ဘူး’’ဟု မန္တလေးစက်မှု ဇုန်မှ စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ၂၀ ဦး ဂျပန်သို့ လေ့လာရေးစေလွှတ်မည်

တက္ကသိုလ်ဝင်တန်း စာ မေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား ၂၀ ကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အဖြစ် စက်တင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်အသင်း(MJA) မှ သတင်းရရှိသည်။မြန်မာ-ဂျပန်သံတမန်ဆက် ဆံရေး နှစ် (၆၀) ပြည့်အထိမ်း အမှတ်အဖြစ် ၂၀၁၄ တွင် အောင်မြင်ခဲ့သူများမှ ရွေးချယ်ခြင်းဖြစ်သည်။
‘‘ပြည်သူအချင်းချင်းလည်းပဲ အပြန်အလှန်ဆက်သွယ်ဆက်ဆံ ကြဖို့၊ ချစ်ကြည်ရင်းနှီးမှုတည် ဆောက်ကြဖို့ဆိုတဲ့အချက်ကို မူတည်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကလေးတွေ ဘုရင့် နန်းတော်၊ ပြတိုက်တွေ လေ့လာ ဖို့စတဲ့ လည်ပတ်မယ့် ခရီးစဉ်တွေ ကိုတော့ ဟိုဘက်ဒီဘက်ညှိတုန်းပဲ’’ဟု ဂျပန်-မြန်မာအသင်း(MJA) အတွင်းရေးမှူး ဦးတင်မောင်မောင်ကပြောသည်။
လေ့လာရေး ခရီးစဉ်တွင် ပါဝင်သည့် ကျောင်းသားများအ နေဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့၊ ကျို တိုမြို့နှင့် ဆန်းဒိုင်မြို့များသို့ ခုနစ် ညအိပ် ရှစ်ရက်လေ့လာရေးခရီး စဉ်အဖြစ် သွားရောက်ရမည်ဖြစ် သည်။

Wednesday, 2 July 2014

အစ္စရေး ဆယ်ကျော်သက် ၃ ဦးဈာပန လူ သောင်းချီ တက်ရောက်

အစ္စရေး ဆယ်ကျော်သက်လူငယ် ၃ ဦးရဲ့ ဈာပနကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုအပါအ၀င် လူသောင်းနဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲမှု ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ယူကရိန်းသမ္မတကြေညာ

Photo: အပစ်အခတ်ရပ်စဲမှု ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ယူကရိန်းသမ္မတကြေညာ
Wednesday, July 2, 2014

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ထုတ်ပြန် ကြေညာထားသော အပစ်အခတ်ရပ်စဲရေး ပြန်ရုပ်သိမ်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ကြေညာလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော လက်နက်ကိုင်များသည် ၎င်းရေးဆွဲထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာခြင်း မရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ပြောကြားခဲ့ပြီး သူပုန်များကို တိုက်ခိုက်၍ မိမိတို့နယ်မြေကို လွတ်လပ်စေမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး အစီအစဉ်အရ ယာယီအပစ်အခတ် ရပ်စဲရန် ဇွန်လ ၂၀ ရက်နေ့က ယူကရိန်းသမ္မတက ကြေညာခဲ့သော်လည်း သူပုန်များက လိုက်နာခြင်း မရှိဘဲ ယူကရိန်းတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးကို ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားသည်။

ယူကရိန်းအစိုးရ၏ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားစဉ် ကာလအတွင်း သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတပ်သား ၂၇ ဦး သေဆုံးခဲ့ရပြီး ၆၉ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တွစ်တာဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယူကရန်းသမ္မတ၏ အပစ်အခတ် ရပ်စဲရေး ပြန်ရုပ်သိမ်းရန် ကြေညာချက်သည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ယူကရိန်းသမ္မတ၊ ရုရှားသမ္မတပူတင်၊ ဂျာမနီအဓိပတိ အင်ဂျလာမာကယ်၊ ပြင်သစ်သမ္မတ ဟိုလန်ဒဲတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ရုရှားက မီးထိုးပေးလျက် ရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက စွပ်စွဲပြောကြားထားပြီး ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်နှင့် လုဟန်ပြည်နယ်များမှ သူပုန်များအနေနှင့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပါက ဥရောပသမဂ္ဂက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြှင့် ပြုလုပ်သွားဖွယ် ရှိသည်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုနှင့် ရုရှားသမ္မတပူတင်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရာတွင် ယူကရိန်းအစိုးရ၏ အပစ်အခတ် ရပ်စဲရေးကာလက ထပ်မံတိုးမြှင့်ရန် ရုရှားသမ္မတပူတင်က တိုက်တွန်းခဲ့ကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရုရှားသမ္မတ၏ အခွင့်တောင်းခံမှုကြောင့် ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားစကားပြောသူများကို အကာအကွယ်ပေးရန် ရုရှားက ယူကရိန်းသို့ ကျူးကျော် တိုက်ခိုက်ခွင့်ကိုလည်း ရုရှားပါလီမန်က ပယ်ဖျက်ပစ်ခဲ့သည်။

ရုရှားပါလီမန်သည် ယခုနှစ်မတ်လက ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြော လူမျိုးများကို အကာအကွယ်ပေးရန် ရုရှားက ကျူးကျော် တိုက်ခိုက်ခွင့်ကို ရုရှားသမ္မတအား အခွင့်အာဏာ ပေးအပ်ခဲ့သည်။

The Voice Weekly
ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ထုတ်ပြန် ကြေညာထားသော အပစ်အခတ်ရပ်စဲရေး ပြန် ရုပ် သိမ်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန် ကိုက ကြေညာလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လွယ်လင်မြို့ ကညနရုံးဝန်း ဗုံးပေါက်ကွဲမှု RCSS/SSA အဖွဲ့ လက်ချက်သာဖြစ်



ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်မြို့ ကညနရုံးဝန်းအတွင်းနှင့် နယ်မြေခံတပ်ရင်း ခြံစည်းရိုးအနီးတွင် ဇူ ၁ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ချိန်ခန့်က လက်နက်ကြီးဗုံးသီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ RCSS/SSA အဖွဲ့၏ လက်ချက်သာဖြစ်ကြောင်း ယင်းဒေသခံများဆီမှ သတင်းရရှိသည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ကို ဒီနေ့လာမည်

Photo: သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ကို ဒီနေ့လာမည်
Wednesday, July 2, 2014

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင် ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးတွေမှာ ကူညီဆောင်ရွက် ဖို့ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားတာပါ။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး နဲ့အတူ စီးပွားရေး မစ်ရှင် အဖွဲ့တစ်ဖွဲ့လည်းအတူလိုက်ပါလာမှာဖြစ်ပါတယ်။

HRW အပါအ၀င် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးအပေါ်မှာသာ အလေးပေးနေပြီး၊ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပဓာနကျတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြောဆို ထားတာမရှိတဲ့အတွက် ဝေဖန်ခဲ့ကြပါတယ်။

သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမြင့်ချိုကလည်း အခုလို ပြောပါတယ်။

"ကျနော့်အနေနဲ့ အဓိကမြင်တာက နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှတ်နှံမှုကိစ္စတွေ သံတမန်ဆက်ဆံရေး တိုးမြှင့်မဲ့ ကိစ္စတွေကို အဓိကထားပြီး လုပ်မယ်လို့ ကျနော်ထင်ပါတယ်၊ ပိုပြီးတော့ ကျနော်တို့ အားမရတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကပြဿနာဖြစ်တဲ့ ပုဒ်မ ၄၃၆ ကိုပြုပြင်ရေးနဲ့ ပတ်သက်ပြီးတော့ပေါ့ သဘောထားတစ်ခုမှ မထုတ်ပြန်တာ ကိုတော့ ကျနော်တို့ အားမလို၊ အားမရ ဖြစ်မိပါတယ်ခင်ဗျ"

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲကချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေထဲမှာ Ms. Julie Bishop ဟာ စတုတ္ထမြောက် ဖြစ်ပါတယ်။

RFA Burmese
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ ရောက် ရှိ မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင် ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးတွေမှာ ကူညီဆောင် ရွက် ဖို့ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြ ထား တာပါ။

KIA အသုံးချခံ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ KIA တပ်ဖွဲ့(၂)ဦး ဖမ်းမိ

Photo: KIA အသုံးချခံ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ KIA တပ်ဖွဲ့(၂)ဦး ဖမ်းမိ
Wednesday, July 2, 2014

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မပြင်ကျေးရွာနေ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဒေသခံအမျိုးသမီးတစ်ဦးနှင့် လာရောက်သုံးစွဲနေသော KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဇူ ၁ ရက် နံနက် ၂ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ မနက်အစောကြီး အစိုးရတပ်နဲ့ ရဲတွေ လာတာတွေ့တယ်၊ ပြီးတော့ ဒေါ်မရှည် နဲ့ အရပ်ဝတ် ၀တ်ထားတဲ့ KIA စစ်သားနှစ်ယောက်ကို ဖမ်းခေါ်သွားတာတွေ့တယ် ” ဟု မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ KIA အဖွဲ့မှ ဒေသခံအမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းခိုင်းပြီး ၎င်းတို့ ကိုယ်တိုင် လည်း လာရောက်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် လုံးတုံရှေ့တန်းတပ်စခန်းနှင့် လုံးတုံရဲစခန်းတို့မှ ပူးပေါင်း ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ ဒေါ်မရှည်နှင့် KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရှေ့တန်းစခန်းမှ အရာရှိတစ်ဦးက “ ရဲစခန်းက လာအကူအညီတောင်းတာနဲ့ ပူးပေါင်းကူညီခဲ့တာပါ၊ KIA တပ်ဖွဲ့ဝင်တွေ အမြဲဝင်ထွက်နေတော့ ပစ်ခတ်မှုဖြစ်ရင် ကာကွယ်ပေးလို့ ရအောင်ပါ၊ KIA တပ်ဖွဲ့ဝင်(၂)ဦး ဆီက ပစ္စတိုသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပါတယ် ” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါး လာရောက်သုံးစွဲမှုကြောင့် ဖမ်းဆီးမိသော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ ဗိုလ်အဆင့်ရှိ မရစ်ဘရန်ရှောင် (၅၆)နှစ်၊ (ဘ) ဦးမရစ်ဂမ်နှင့် တပ်သားအဆင့်ရှိ အောင်ထွန်းလေး တို့ ဖြစ်ကြောင်း သိရသည်။

“ ဒေါ်မရှည် ရဲ့ လယ်တဲထဲမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပါ တယ်၊ ကာလတန်ဖိုးကတော့ သိန်း(၂၀)ကျော်တာပေါ့၊ အခု သူ့ကို ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ် ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မိုးညှင်းမြို့ခံတစ်ဦးက “ ဒေါ်မရှည်က နှစ်ခါနာတာပေါ့၊ KIA အဖွဲ့က မူးယစ်ဆေးရောင်းခိုင်းလို့ ရောင်းပေးရ တာ၊ သူ့အကျိုးစီးပွား တစ်ပြားမှ မရဘူး၊ ရောင်းမပေးရင် သတ်မှာကြောက်လို့ ရောင်းပေးရတာလို့ ကြားတယ်၊ အခု အဖမ်းခံရတယ်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျတော့မယ်၊ ဒီနယ်မြေမှာ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတာ မလွယ်ပါဘူး၊ အဲဒီလို သူထောင်ကျတော့မယ့် ကိစ္စကို အခုတော့ KIA အဖွဲ့က မသိချင်ယောင် ဆောင်သွားပြီလေ ” ဟု ပြောကြားသွားခဲ့သည်။

နေလွှမ်းနိုင်(မိုးညှင်း)
Kachin Daily News
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မပြင်ကျေးရွာနေ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဒေသခံအမျိုးသမီး တစ် ဦးနှင့် လာရောက်သုံးစွဲနေသော KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဇူ ၁ ရက် နံနက် ၂ နာရီခွဲခန့်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကွင်းအတွင်း ကစားသမားထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ ဒိုင်လူကြီး သေဆုံး

Photo: ကွင်းအတွင်း ကစားသမားထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ ဒိုင်လူကြီး သေဆုံး
Wednesday, July 2, 2014 

ဘောလုံးဒိုင်လူကြီးတစ်ဦးဟာ ဘောလုံးသမားတစ်ဦးက ခေါင်းကို ထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် John Bieniewicz ဟာ Michigan ပြည်နယ်၊ Livonia မြို့ က ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ John ဟာ ကစားသမားတစ်ဦးကို ကွင်းကနေ ထုတ်ပယ်ဖို့  ပြစ်ဒဏ်သတ်မှတ်လိုက်တဲ့အခါမှာ အဆိုပါကစားသမားက John ရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးသွားခဲ့ပါတယ်။

John ဟာ အထိုးခံရပြီးနောက် နှစ်ရက်အကြာ၊ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

John ကို ထိုးခဲ့သူ အသက် ၃၆ နှစ်အရွယ် ကစားသမား Bassel Abdul-Amir Saad ကို ကစားပွဲအပြီး ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ်အနာတရဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုနဲ့  အမှုစွဲထားပြီး တနလာင်္နေ့  က ရုံးတော်ကို ဆင့်ခေါ်ခဲ့ပါတယ်။

အစိုးရရှေ့ နေတွေကတော့ Mr.John ရဲ့ သေဆုံးမှုကြောင့် စွဲချက်ကို ပြန်လည် ပြင်ဆင် လျှောက်ထား သွားမယ်လို့ ဆိုခဲ့ပါတယ်။

ကစားသမားက ဒိုင်ကို ထိုးလိုက်တာကို လူတော်တော်များများ မြင်လိုက်ရကြောင်းလည်း ရဲတွေက ထွက်ဆို ထားပါတယ်။

Bassel ဘက်က အမှုလိုက်ပေးနေသူ ရှေ့ နေ Brian Berry ကတော့ စွဲချက်တွေအတွက် အပြစ်ဒဏ်ကို မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ကစားပွဲက အထုတ်ခံလိုက်ရတဲ့အတွက် လက်တုံ့ ပြန်တာ တော့ မဟုတ်ဘူးလို့ သိရပါလိမ့်မယ်လို့ Berry က ဆိုခဲ့ပါတယ်။

Ref: Mirror.co.uk
Trend Myanmar
ဘောလုံးဒိုင်လူကြီးတစ်ဦးဟာ ဘောလုံးသမားတစ်ဦးက ခေါင်းကို ထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံနှင့်ပူးပေါင်းကာ ပြည်တွင်း၌ လေယာဉ်အကြီးစား ပြင်ဆင်ရေးလုပ်ငန်း ဆောင် ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၁- နိုင်ငံတကာ အဆင့်ရှိ လေယာဉ်အကြီးစားပြင် ဆင် ရေးလေ ယာဉ်လုပ်ငန်းကို ပြင်သစ် နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန် မာ့လေကြောင်းမှ သိရသည်။

ရန်ကုန်တွင် ဇွန်လတစ်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံး

Photo: ရန်ကုန်တွင် ဇွန်လတစ်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံး
Wednesday, July 2, 2014

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ရာ ယင်းသေဆုံးမှုများအနက် လုပ်ငန်းခွင်အတွင်း လျှပ်စစ်ပစ္စည်းများကို ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် ဓာတ်လိုက်သေဆုံးမှု အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်း မှုခင်းများအရ သိရှိရသည်။

အဆိုပါ လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်သေဆုံးမှုများအပြင် ဇွန်လ ၂၁ ရက်နေ့က လူစည်ကားသော လှည်းတန်းဈေး လမ်းမပေါ်သို့ ဗို့အား ၄၀၀ ခန့်ရှိ ဓာတ်ကြိုး ပြတ်ကျရာမှ ဈေးသည်နှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့မှု ဖြစ်ရပ်ကို ပြည်သူလူထုက လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့များ၏ တာဝန်ယူမှု အားနည်းချက်များကြောင့်ဟု ဝေဖန်မှုများပြုခဲ့ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။

“ဒီလပိုင်းအစက အင်းစိန်မှာ အိမ်ဆောက်နေတဲ့ လက်သမားဆရာ နှစ်ယောက်က သံဆန်ကာကပ်ဖို့ ဓာတ်ကြိုးနဲ့ မလွတ်တာကို ကိုယ့်သဘောနဲ့ကိုယ်ဖြုတ်ရာက နှစ်ယောက်လုံး ဓာတ်လိုက်ပြီး သေဆုံးတယ်။ ဓာတ်လိုက်သေဆုံးမှု အများဆုံးမှာ လျှပ်စစ်အသုံးပြုသူက လျှပ်စစ်ရုံးတွေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းလို့ဖြစ်တာ အများဆုံး တွေ့ရတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗဟန်းမြို့နယ်နှင့် သုဝဏ္ဏမြို့နယ်တို့တွင် ဆောက်လက်စ ကန်ထရိုက်တိုက်တို့တွင် အလုပ်သမားနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့မှု အပါအဝင် ဇွန်လအတွင်း လုပ်ငန်းခွင်တွင်း ဓာတ်လိုက်သေဆုံးမှု ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

“လမ်းထိပ်က ထရန်စဖော်မာဆို ခဏခဏ ထပေါက်တယ်။ မီးတွေပွင့်ပြီး အသံတော်တော်ကျယ်တာ။ လမ်းသွယ်တွေထဲမှာ အိမ်တွေကို သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေဆို ရှုပ်ယှက်ခတ်နေတာ။ အခုလို မိုးတွင်းကာလမှာ လေဒဏ်မိုးဒဏ်နဲ့မို့ လမ်းသွားလမ်းလာတွေအတွက် အရမ်းအန္တရာယ်များတယ်” ဟု ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရှင်းပြသည်။

The Voice weekly
ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ရာ ယင်းသေဆုံး မှုများ အနက် လုပ်ငန်းခွင်အတွင်း လျှပ်စစ်ပစ္စည်းများကို ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် ဓာတ်လိုက်သေ ဆုံးမှု အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်း မှုခင်းများအရ သိရှိရသည်။

အီဂျစ်နိုင်ငံ သမ္မတရုံး အပြင် ဘက်တွင် ဖြစ်ပွား ခဲ့သော ပေါက်ကွဲမှု နှင့်စပ် လျဉ်း၍ လက်တုံ့ ပြန်မည်ဟု အီဂျစ် သမ္မတ စီစီ ပြောကြား

Photo: အီဂျစ်နိုင်ငံ သမ္မတရုံး အပြင် ဘက်တွင် ဖြစ်ပွား ခဲ့သော ပေါက်ကွဲမှု နှင့်စပ် လျဉ်း၍ လက်တုံ့ ပြန်မည်ဟု အီဂျစ် သမ္မတ စီစီ ပြောကြား
Wednesday, July 2, 2014

အီဂျစ်နိုင်ငံ သမ္မတရုံး အပြင်ဘက်တွင် ဇွန် ၃ဝ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း

သမ္မတ အဗ္ဗဒယ်လ် ဖာတာအယ်လ်စီစီက ကတိပြု ပြောကြားခဲ့သည်။ ဖြစ်ပွားပုံမှာ ရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေး ကျွမ်းကျင်ပညာရှင် များဖြစ်သော ရဲမှူးကြီး တစ်ဦးနှင့် ဒုတိယရဲမှူးကြီး တစ်ဦးတို့သည် ကိုင်ရိုမြို့ အရှေ့ဘက်ရှိ Ittihadeya သမ္မတရုံး အပြင်ဘက် တွင် ထောင်ထားသော ဗုံးနှစ်လုံးကို စနက်တံဖြုတ်ရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲခဲ့ပြီး နောက် ၎င်းတို့ နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စီစီက ပြောကြားခဲ့သည်။

အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုတစ်စုသည် ကိုင်ရိုမြို့ အရှေ့ဘက်ရှိ သမ္မတရုံး အနီးတွင် ဗုံးထောင်ထားခဲ့ သည်ဟု လွန်ခဲ့သောရက်များက သတိပေး ပြောကြားခဲ့ကြောင်း၊ ယင်းအုပ်စုသည် မော်စီလက်ထက်က တည်းက တိုက်ခိုက်မှုများ ကို ဦးဆောင် လုပ်ဆောင်ခဲ့သည့် အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြ၀တီ
အီဂျစ်နိုင်ငံ သမ္မတရုံး အပြင်ဘက်တွင် ဇွန် ၃ဝ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့ ဝင်နှစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း သမ္မတ အဗ္ဗဒယ်လ် ဖာတာအယ်လ်စီစီက ကတိပြု ပြောကြားခဲ့သည်။ ဖြစ်ပွားပုံမှာ ရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေး ကျွမ်း ကျင် ပညာရှင် များဖြစ်သော ရဲမှူးကြီး တစ်ဦးနှင့် ဒုတိယရဲမှူးကြီး တစ်ဦးတို့သည် ကိုင်ရိုမြို့ အရှေ့ဘက်ရှိ Ittihadeya သမ္မတရုံး အပြင်ဘက် တွင် ထောင်ထားသော ဗုံးနှစ်လုံးကို စနက်တံဖြုတ်ရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲခဲ့ပြီး နောက် ၎င်းတို့ နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စီစီက ပြောကြားခဲ့သည်။

မိဘမဲ့ ကလေးငယ်များ ဘဝမြှင့်တင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း ဆောင်ရွက်မည်

Photo: မိဘမဲ့ ကလေးငယ်များ ဘဝမြှင့်တင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း ဆောင်ရွက်မည်
Wednesday, July 2, 2014

မြန်မာနိုင်ငံရှိ မိဘမဲ့ ကလေးများ၏ ဘဝ မြှင့်တင် ဆောင်ရွက် ပေးနိုင်ရန်နှင့် မိဘမဲ့ ကလေးငယ်များ တိုးပွားလာသည့်နှုန်း လျော့နည်း သွားစေရန် အတွက် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့က ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိဘမဲ့ ကလေးငယ်များ၏ဘဝ လုံခြုံ စိတ်ချစေရန်၊ အာမခံချက် ရှိစေရန်နှင့် ၎င်းတို့အား စနစ်တကျ ပြုစု ပျိုးထောင်နိုင်ရန် အတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်မည့် အစီအစဉ်များ ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိဘမဲ့ဂေဟာများ၏ လုပ်ထုံး လုပ်နည်းများကို ပြန်လည် သုံးသပ်ခြင်း၊ ဂေဟာများကို အဆင့် သတ်မှတ်ခြင်း၊ ဆင်းရဲ နွမ်းပါးသော မိသားစုများအား ကူညီ ထောက်ပံ့ခြင်းနှင့်

မိဘမဲ့ ကလေးငယ်များအား ပြုစု ပျိုးထောင်ရန် ပိုမိုကောင်းမွန်သော နည်းလမ်းများ အကောင်အထည်ဖော်ခြင်း စသည်တို့ကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ကလေး သူငယ်များအား ပိုမိုပြည့်စုံသော အခွင့်အရေးများ၊ ကာကွယ် စောင့်ရှောက်မှုများ ပေးနိုင်စေရန် အတွက် ကလေးသူငယ် ဥပဒေကို UNICEF နှင့် ပူးပေါင်းကာ ပြင်ဆင် ရေးဆွဲလျက် ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့သည် ပြည်တွင်းရှိ မိဘမဲ့ ကလေးများနှင့် ပတ်သက်၍ လေ့လာ ကောက်ယူခဲ့သော စစ်တမ်းများအရ မြန်မာနိုင်ငံ ၌ ကလေးသူငယ် စောင့်ရှောက်ရေး ပရဟိတဂေဟာနှင့် သင်တန်းကျောင်း စုစုပေါင်း ၂၂ဝ ကျော်ရှိပြီး ကလေးသူငယ်ဦးရေ ၂၁၇ဝဝ နီးပါးကို စောင့်ရှောက် ပေးထားကြောင်းနှင့် အများစုမှာ တိုင်းရင်းသား ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံရှိ မိဘမဲ့ ကလေးများ၏ ဘဝ မြှင့်တင် ဆောင်ရွက် ပေးနိုင်ရန်နှင့် မိဘမဲ့ ကလေးငယ်များ တိုး ပွား လာသည့်နှုန်း လျော့နည်း သွားစေရန် အတွက် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့က ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပုတီးကုန်း အ.ထ.ကကျောင်းဝရန်တာပြိုကျ၍ ကျောင်းအုပ်ကြီး တာဝန်မှရပ်ဆိုင်းခံရ

အခြေခံပညာကျောင်းများ ပထမဆုံး ပြန်လည် စတင်ဖွင့်သည့်ရက်တွင် ကျောင်း ဝရန်တာ ပြိုကျ ခဲ့သောကြောင့် ကျောင်းသား ၁၇ ဦး ဒဏ်ရာရခဲ့သည့် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ အထက်တန်းကျောင်း အုပ်ကို လစာတစ်ဝက်ဖြင့် ကျောင်းအုပ်တာဝန်မှ ရပ်ဆိုင်းထားကြောင်း သဲကုန်းမြို့နယ် ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။