Wednesday, 27 February 2013

မြန်မာ နိုင်ငံ သမ္မတကို မြန်မာ နိုင်ငံ မရောက်ဖူးတဲ့ နော်ဝေ နိုင်ငံသား မြန်မာ မျိုးနွယ်ဝင် အမျိုးသမီး ဦးဆောင်သည့် ဆန္ဒပြပွဲ

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ကျွန်တော်တို့ ယာဉ်တန်းဟိုတယ်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ လူသုံးဆယ်၊ လေးဆယ်လောက် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြနေတာ ကို တွေ့ရပါတယ်။

၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

Photo: ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"====================================ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟုဆက်ပြောသည်။မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။PN-051Photo: "၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း" ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း ၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။ ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။ မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။ အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။ PN-051popular

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း 
ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း
Wednesday, February 27, 2013

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့
ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်
ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း
ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ
(မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူးသဖြင့် ပိုက်လိုင်း
ဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာ
Carlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊
ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်း
သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်း
အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများ ရှိနေသော်လည်း မြန်မာ့ကျောက်စိမ်း၊
ကျောက်မျက်များသည် မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့်
ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ 
မစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ 
ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေး
ခရီးအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက်အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်းခဲ့သည်။

7Day News Journal

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်း ရန်ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံ ဇာတရေးရာ ကော် မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး ရောင်းချမည်ဖြစ်သော်လည်း ဈေးနှုန်းထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိ

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်း ဝန်းကျင် တန်ဖိုးနည်း ဖုန်းများကို ရောင်းချပေး နိုင်ရန် စီစဉ် ထားသော်လည်း နိုင်ငံတော် သမ္မတမှ ယင်းဈေးနှုန်း ထက် လျော့နည်း သည့် နှုန်းထားဖြင့် ရောင်းချစေရန် ညွှန်ကြား ခဲ့သောကြောင့် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ် ခဲ့ရကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ရောင်းချမယ့် မိုဘိုင်းဖုန်းဈေး တွေကိုတော့ သတ်မှတ် ပြီးပါပြီ။ ဘယ်လောက် ဆိုတာတော့ ပြောခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ အများပြည် သူ ဝယ်ယူနိုင်တဲ့ ဈေးနှုန်းတော့ ဖြစ်မှာပါ” ဟု ပြောသည်။

 ဧပြီ ၁ ရက်တွင် မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးတော့မည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကိုမူ အတိအကျ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ရတနာပုံ တယ်လီပို့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက “မိုဘိုင်းဖုန်း ရောင်းချဖို့ ကိုတော့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် နေပါတယ်။ ရောင်းချဖို့ နောက်ကျရတဲ့ အကြောင်းက ဈေးနှုန်းတွေ ပြင်ဆင်သတ်မှတ် နေရလို့ပါ။ ရောင်းမယ့်ဈေး ကိုတော့ ပြောခွင့် မရှိသေးပါဘူး” ဟု ပြောသည်။ ဆက်သွယ်ရေး ကဏ္ဍ၌ ကျေးလက်နေ ပြည်သူများ အတွက် မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ပေး နိုင်သည်နှင့် အမျှ နိုင်ငံတော ကဏ္ဍ အသီးသီး၏ တိုးတက် ဖွံ့ဖြိုးရေးတွင် အထောက် အကူ ဖြစ်လာ နိုင်သည်ဟု သိရသည်။

မိုဘိုင်းဖုန်း ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ပတ်သက်၍ Elite Tech မှ တာဝန်ရှိသူ တစ်ဦးက “အခုချပေးမယ့် လိုင်းတစ်သန်းကျော် ဆိုတာက များတဲ့ ပမာဏပါ။ ဖုန်းတွေကို အပြင်ဆိုင် တွေမှာပါ လွတ်လွတ် လပ်လပ် ဝယ်လို့ ရမှာပါ။ ဖြန့်ဖြူးမယ့် အပိုင်းကိုတော့ ကုမ္ပဏီ ၁၃ ခုက တာဝန် ယူထားတယ်” ဟု ပြောသည်။ မြန်မာ နိုင်ငံတွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လေးသန်းခန့်သာ မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် သုံးစွဲသူ နှစ်သိန်းကျော် ရှိကာ ၂၀၁၄-၁၅ ခုနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့် ရန် မျှော်မှန်း ထားကြောင်း သိရသည်။

ဖူးပွင့်သော်

From : Yatanarpon
လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင် ရန် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးနည်းဖုန်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆) ဦး သေဆုံး

Photo: စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆)
ဦး သေဆုံး
Wednesday, February 27, 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် 
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
လပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား  ကျား (၁၈) ဦး
နှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့လည်စာအား
ဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ 
အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။ 

အစာအဆိပ်သင့်မှုကြောင့် နေ့လည် ၂ နာရီ မှ ည ၅ နာရီ အတွင်း မုံရွာမြို့ နယ် နှင့် ဟုမ္မလင်း မြို့ နယ် များမှ လာရောက် အလုပ်လုပ်ကိုင်နေသော
ကျောက်ဒိုး (၁၉) နှစ်၊ စိုးနိုင်ထွန်း (၂၉) နှစ်၊ ဖိုးလပြည့် (၁၉)နှစ်၊
ပြည့်စုံဖြိုး (၁၈) နှစ် ၊ ကျော်မျိုးအောင် (၁၈) နှစ်၊ စည်သူ (၂၅) နှစ် အလုပ်သမား ကျား (၆) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်း အပြည့်အစုံအား ဆက်လက် ဖော်ပြပါမည်။
 
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေး ရွာ အနီးလပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား ကျား (၁၈) ဦးနှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့ လည်စာအားဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင် ရှိပါ တယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင်နေပါတယ်။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာ ရှင်တို့ လေ့ လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုးတစ်ချက်ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက် အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ်များကို အင်ဒိုနီးရှား ဝယ်ယူမည်

အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစား 
ရဟတ်ယာဉ်များကို အင်ဒိုနီးရှား ဝယ်ယူမည်
Tuesday, 26 February 2013

အင်ဒိုနီးရှား တပ်မတော်သည် အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ် များကို ဝယ်ယူသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား စစ်ဘက် အရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့ ပါသည်။

ယခုကဲ့သို့ ရဟတ်ယာဉ်များ ဝယ်ယူမည့် အစီအစဉ်သည် အင်ဒိုနီးရှား တပ်မတော်အား ခေတ်မီ စစ်လက်နက် ပစ္စည်းများ တပ်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါ သည်။ 

ဘလက်ဟော့ခ် ရဟတ်ယာဉ်များ ဝယ်ယူရန် ရွေးချယ်မှုသည် ကောင်းမွန် မှန်ကန်သည့် လုပ်ရပ် ဖြစ်ကြောင်း အင်ဒိုနီးရှား ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာမိုနို အက်ဒီက ဝယ်ယူမှု ဆိုင်ရာ သဘောတူ ညီချက် စာချုပ် လက်မှတ်ရေး ထိုးအပြီးတွင် ပြောကြားခဲ့ပါသည်။ 

ကာကွယ်ရေး ဝန်ကြီး ပါနိုမိုရပ်(စ်) ဂီယန်တိုယိုက ပြောကြားရာတွင် ကမ္ဘာ့ အကြီးဆုံး ကျွန်းစုနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှား နိုင်ငံ၏ လုံခြုံ စိတ်ချရမှု အတွက် စစ်ဘက် ရဟတ်ယာဉ်များ ယခုထက် ပိုမို လိုအပ်ကြောင်း
ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။

http://bit.ly/13Q6sZz
မြ၀တီ
အင်ဒိုနီးရှား တပ်မတော်သည် အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစားရဟတ်ယာဉ်များကို ဝယ်ယူသွား မည် ဖြစ်ကြောင်း အင်ဒိုနီးရှား စစ်ဘက်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့ ပါသည်။

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ


မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
မရနိုင်သေးပါ။

အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

7Day News Journal

"photo  Maythit Sar

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက်ကာရေဖွင့်ချ၍ ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန် ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

Tuesday, 26 February 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် နော်ဝေနိုင်ငံအော်စလိုမြို့သို့ရောက်ရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန် နော်ဝေနိုင်ငံအော်စလိုမြို့သို့ရောက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဖေဖော်ဝါရီ(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတအားထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးMr. IsornPocmontri နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးတင်ဝင်း၊ စစ်သံမှူးဗိုလ်မှူးကြီး ဝင်းမောင်နှင့် သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းလေကြောင်းခရီးစဉ်ဖြင့်ဆက်လက်ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ(၂၆)ရက် ဒေသစံတော်ချိန် နံနက်(၆)နာရီ(၁ဝ)မိနစ်တွင် နော်ဝေနိုင်ငံအော်စလိုမြို့သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံသံတမန်ဌာနအကြီးအကဲ Ms. Merete Brattested၊ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Mr. KatjaNordgaard၊  နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံရုံးဝန်ထမ်းများက အော်စလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Hotel Continental သို့မော်တော်ယာဉ်ဖြင့် ရောက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် အတွက် ဖေဖော် ဝါရီ(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည် ဆိုင်ရာ မြန် မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်သို့

အမေရိကန်၏ ဒုတိယအကြီးဆုံးရေကန်တွင် ကြီးမားသော ရွှေငါးတစ်ကောင်တွေ့ရှိ

အမေရိကန်၏ ဒုတိယအကြီးဆုံးရေကန်တွင် ကြီးမားသော
ရွှေငါးတစ်ကောင်တွေ့ရှိ


အမေရိကန် နိုင်ငံအတွင်းရှိ ဟိုတယ်ရေကန်ထဲတွင် ထူးထူးခြားခြား အလွန်ကြီးမားသော ရွှေငါးတစ်ကောင်က တွေ့ရှိခဲ့ရကြောင်း သိပ္ပံမှတ်တမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရေးသားဖော်ပြထားသည်။ အဆိုပါ ရွှေငါး၏ အရွယ်အစားမှာ အလျား ၁ ဒသမ ၅ ပေရှိပြီး ၄ ဒသမ ၂ ပေါင် ရှိသည်။ ထို့ကြောင့် တဟိုဒေသရှိ ဇီဝဗေဒပညာရှင်များသည် အဆိုပါ ရေကန်တွင် ရွှေငါးအရေအတွက် များပြားလာပါက ယင်း ဒေသပေါက် အခြားသော တိရစ္ဆာန်များနှင့် အပင်များ၏ မျိုးစိတ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ ငါးသည် ယင်းဒေသတွင် ပေါက်ပွားသည်မှာ သေချာကြောင်း၊ ငါး၏ အရွယ်အစား ကြီးလွန်းနေသည်မှာ ပြဿနာဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် တဟိုသဘာဝပတ်ဝန်းကျင် သုတေသနပြုရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တဟိုရေကန်သည် အမေရိကန်နိုင်ငံ၏ ဒုတိယအနက်ဆုံးရေကန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁ဝ ခုမြောက် အနက်ဆုံး ရေကန်လည်းဖြစ်သည်။ အနက်ဆုံးနေရာတွင် ၁၆၄၅ ပေအထိရှိသည်။ ဘူမိဗေဒ လေ့လာမှုများတွင် အဆိုပါ တဟိုဘာစင်ရေကန်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော် သုံးသန်းလောက်ကတည်းက ဖြစ်ပေါ်ခဲ့သော ရေကန်ဖြစ်သည်ဟု ဆိုသ်ည။ (ဆိုင်းရင့်စ်ရီကော်ဒါ)

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

အမေရိကန် နိုင်ငံအတွင်းရှိ ဟိုတယ်ရေကန်ထဲတွင် ထူးထူးခြားခြား အလွန်ကြီးမားသော ရွှေငါးတစ်ကောင်က တွေ့ရှိခဲ့ရကြောင်း သိပ္ပံ မှတ်တမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရေးသားဖော်ပြထားသည်။ အဆိုပါ ရွှေငါး၏ အရွယ်အစားမှာ အလျား ၁ ဒသမ ၅ ပေရှိပြီး ၄ ဒသမ ၂ ပေါင် ရှိသည်။ ထို့ကြောင့် တဟိုဒေသရှိ ဇီဝဗေဒပညာရှင်များသည်

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ

 February 26, 2013

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အမှန်တရားနဲ့ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတံဆိပ်များစွာ လက်ခံရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူဟာမြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီ ၂၅ ရက်က
နိုင်ငံတကာလှည့်လည် ပညာရှာမှီးရေးအစီအစဉ်နဲ့ ပင်လယ်ရေကြောင်း ကမ္ဘာပတ်နေသော Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပြီး သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၈၄ ခုနှစ်က ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

၂၀၁၅ တွင် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်နိုင်ရန် ဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေသန်း ၆၀ နီးပါး ရှိသည့်အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေရာခိုင်နှုန်း

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု..

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု..
************************************************
မန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။

မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။

(ညိုလင်းထွန်း)

မြန်မာ နိုင်ငံမှာရှိတဲ့လူအများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေအလွန်နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိ တာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ် ကို ဖော်ပြပေး လိုက်ပါတယ်။

ဂျပန်၌ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ရာ တိုကျိုမြို့ရှိ အဆောက်အအုံများ လှုပ်ခါခဲ့



ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ၅ ဒသမ ၇ ရစ်ခ်ျတာစကေးရှိသော အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ် ခဲ့ရာ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ အဆောက်အအုံများ လှုပ်ခါခဲ့ကြောင်း သိရသည်။ သို့သော် ဆူနာ မီဖြစ်ပေါ်နိုင်ခြေ မရှိဟု ငလျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

လိုင်ဇာမြို့ကို လမ်းလျှောက်သူများ အဖွဲ့ဝင်အင်အား ထပ်မံတိုးလာ


ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့ အမာခံလမ်းလျှောက် အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင် အဖွဲ့ဝင်အင်အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ အဖွဲ့ဝင် အင်အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။

ဆီးကျိတ်ကင်ဆာ ရှိသူများတွင် အက်စပရင် မှီဝဲခြင်းကြောင့် အသက်ရှင်နှုန်း ပိုများနိုင်

ဆီးကျိတ်ကင်ဆာ ရှိသူများတွင် အက်စပရင် မှီဝဲခြင်းကြောင့် အသက်ရှင်နှုန်း ပိုများနိုင်


အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါးသွားနိုင်ကြောင်း  လေ့လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေးကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလေ့လာမှုမှာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတဲ့ ဆီးကျိတ်ကင်ဆာရှိသူ အယောက် ၆၀၀၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရ ဆီးကျိတ်ကင်ဆာကြောင့် ၁၀ နှစ်ကြာ အသက်ရှင်နှုန်းဟာ သွေးကျဲဆေး သောက်သုံးသူတွေမှာ သိသိသာသာ လျော့ကျကြောင်း တွေ့ရှိခဲ့ပါတယ်။ ကင်ဆာထပ်မံ ဖြစ်ပွားနှုန်းနဲ့ အရိုးကို ပြန့်နှံ့နှုန်းဟာလည်း သိသိသာသာ လျော့ကျသွားတာမို့ အက်စပရင် ဆေးဝါးဟာ ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ ကင်ဆာဆဲလ်ကြီးထွားမှုကို တားမြစ်နိုင်ကြောင်း ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ထုတ် ထားပါတယ်။

Source ► http://bit.ly/XeWuRF
အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ် ကင်ဆာ ရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါး သွားနိုင်ကြောင်း လေ့ လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေး ကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ် လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလေ့

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း
Tuesday, February 26, 2013 

ကချင်ပြည်နယ်အစိုးရအဖွဲ့ကမြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီးနားမြို့၊
မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့် အဲ့ဒီ
အနားတ၀ိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို
မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။

“အခု ဘက်ဟိုးတွေနဲ့ တူးတာကတော့ ဒီဘက် ပိုးစာခြံလမ်းထိပ်အထိ
ရောက်နေပါပြီ၊ အဲမှာကတော့ ရေမြောင်းအကြီးကြီးဖောက်တယ်၊
မြောင်းဖောက်ပြီး တူးနေကြတယ်၊ ရွှေ့ရခက်တဲ့ဟာတွေကတော့ မရွှေ့နိုင်သေးဘူးပေါ့၊ တချို့ကတော့ ရွှေ့ကုန်ပြီ၊တစ်သက်မှာတခါပဲ ဆောက်
ထားတဲ့အိမ်တွေကို ပြန်ရွှေ့ရတယ်ဆိုတော့ စားဝတ်နေရေးတောင်အနိုင်နိုင် ရှာနေရတဲ့အထဲမှာ အခုလောလောဆယ် ရွှေ့နေရတယ်ဆိုတော့ ခက်ခဲ
သွားတာပေါ့၊ တစ်နေ့လုပ် တစ်နေ့စားတွေက အလုပ်လဲမလုပ်နိုင်တော့
ဘူးပေါ့၊ အိမ်ရွှေ့ဖို့အရေးဘဲ အလုပ်ရှုပ်နေကြတယ်”

အခုလို လမ်းဖေါက်လုပ်တာဟာ ဒေသခံတွေ အကျိုးစီးပွားအတွက်ဖြစ်
ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအလေးပါးက RFA ကို ပြောပါတယ်။

"ဒါကခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းကို ကွင်းဆင်းသတ်မှတ်
ခိုင်းတာ အခုဘာမှမလုပ်ရသေးပါဘူး၊ ရွှေ့တာက သူတို့အဝေးကြီး
မရွှေ့ပါဘူး၊ အဲ့နားဘဲနောက်ကို ငါးပေရွှေ့လိုက် ဆယ်ပေရွှေ့လိုက် အဲ့လောက်လုပ်ပြီးမှ အဲ့လောက်ပါဘဲ တစ်ခြားမရှိပါဘူး၊ မပြောင်းရွှေ့ခင် တစ်လနှစ်လကြိုပြီးမှ ကွင်းဆင်းတာလုပ်ထားတာ၊ လမ်းဖောက်ပေးတာ ဝမ်းသာလွန်းလို့သူတို့လေ၊ အိမ်ယာဈေးမြင့်သွားတယ် လမ်းကောင်းသွား
တယ်ဆိုတော့ ဝမ်းသာနေတာ၊ သူတို့ရဲ့ပိုင်ဆိုင်မှု အထောက်အထားကို စိစစ်ထားတယ်။ ဟိုမှာလေ ကျွန်တော်တို့မြေစာရင်း ဘာညာလေ၊
မြေကြီးအားလုံးက နိုင်ငံတော်ပိုင်တာလေ၊ ကျွန်တော့ကိုယ်ပိုင်လည်း မဟုတ်ပါဘူး၊ ဒါအားလုံးသူတို့အတွက် လုပ်ပေးတာ"

ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတွေနဲ့ ပြည်နယ်
လွှတ်တော်ဥက္ကဋ္ဌတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အသနားခံစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
ကချင်ပြည်နယ်အစိုးရအဖွဲ့ကမြို့ပတ်လမ်းဖောက်လုပ်ဖို့ ဆိုပြီး မြစ်ကြီးနားမြို့ ၊မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉)မှာလမ်းတွေ ရှင်းနေတာကြောင့် အဲ့ဒီ အနားတ၀ိုက်မှာနေ ထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကိုမြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ
တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Monday, February 25, 2013

လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က ၀န်ထမ်းများအား ထောက်ပံ့ကြေးအဖြစ်ပေးခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန်အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေအဖြစ် ဆောင်ရွက်ပေးနိုင်ပါက
ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ
များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည်မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက
ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများမရှိဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal
လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော
=================================
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။

Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။

credit - Oppositeyes
-------------------------------------------------------------------
Khaing Linn ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီး ခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်