Tuesday 26 February 2013

၂၀၁၅ တွင် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်နိုင်ရန် ဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေသန်း ၆၀ နီးပါး ရှိသည့်အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေရာခိုင်နှုန်း
၅၀ လောက်ကို မိုဘိုင်းဖုန်းကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးနည်း ဖုန်းများကိုရောင်းချပေး နိုင်ရန် စီစဉ် ထားသော်လည်း နိုင်ငံတော်သမ္မတမှ ယင်းဈေးနှုန်းထက် လျော့နည်းသည့် နှုန်းထားဖြင့် ရောင်းချစေရန် ညွှန်ကြားခဲ့သောကြောင့် ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ခဲ့ရကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရောင်းချမယ့် မိုဘိုင်းဖုန်းဈေး တွေကိုတော့သတ်မှတ် ပြီးပါပြီ။ ဘယ်လောက်ဆိုတာတော့ ပြောခွင့်မရှိသေးပါဘူး။ ဒါပေမဲ့ အများပြည်သူဝယ်ယူနိုင်တဲ့ ဈေးနှုန်းတော့ ဖြစ်မှာပါ” ဟု ပြောသည်။
 ဧပြီ ၁ ရက်တွင် မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ရောင်း ချ ပေးတော့မည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကိုမူ အတိအကျ ထုတ်ဖော် ပြော ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ရတနာပုံ တယ်လီပို့ မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက “မိုဘိုင်းဖုန်း ရောင်းချဖို့ ကိုတော့ ပြင်ဆင်စရာ ရှိတာတွေ ပြင် ဆင် နေပါ တယ်။ ရောင်းချဖို့ နောက်ကျရတဲ့ အကြောင်း က ဈေးနှုန်းတွေ ပြင်ဆင်သတ်မှတ်နေရလို့ ပါ။ ရောင်း မယ့်ဈေးကိုတော့ ပြောခွင့် မရှိသေးပါဘူး” ဟု ပြောသည်။ ဆက်သွယ်ရေး ကဏ္ဍ၌ ကျေး လက်နေ ပြည်သူ များ အတွက် မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ပေး နိုင်သည်နှင့် အမျှ နိုင်ငံတော ကဏ္ဍ အသီးသီး၏ တိုးတက် ဖွံ့ဖြိုးရေးတွင် အထောက် အကူ ဖြစ်လာ နိုင်သည်ဟု သိရသည်။
မိုဘိုင်းဖုန်း ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ပတ်သက်၍ Elite Tech မှ တာဝန်ရှိသူ တစ်ဦးက “အခုချပေးမယ့် လိုင်းတစ်သန်းကျော် ဆိုတာက များတဲ့ ပမာဏပါ။ ဖုန်းတွေကို အပြင်ဆိုင် တွေမှာပါ လွတ်လွတ် လပ်လပ် ဝယ်လို့ ရမှာပါ။ ဖြန့်ဖြူးမယ့် အပိုင်းကိုတော့ ကုမ္ပဏီ ၁၃ ခုက တာဝန်ယူထားတယ်” ဟု ပြော သည်။ မြန်မာ နိုင်ငံတွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လေးသန်းခန့်သာ မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် သုံးစွဲသူ နှစ်သိန်းကျော် ရှိကာ ၂၀၁၄-၁၅ ခုနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့် ရန် မျှော်မှန်း ထားကြောင်း သိရသည်။

From : Yatanarpon

No comments:

Post a Comment