Tuesday 26 February 2013

အမေရိကန်၏ ဒုတိယအကြီးဆုံးရေကန်တွင် ကြီးမားသော ရွှေငါးတစ်ကောင်တွေ့ရှိ

အမေရိကန်၏ ဒုတိယအကြီးဆုံးရေကန်တွင် ကြီးမားသော
ရွှေငါးတစ်ကောင်တွေ့ရှိ


အမေရိကန် နိုင်ငံအတွင်းရှိ ဟိုတယ်ရေကန်ထဲတွင် ထူးထူးခြားခြား အလွန်ကြီးမားသော ရွှေငါးတစ်ကောင်က တွေ့ရှိခဲ့ရကြောင်း သိပ္ပံမှတ်တမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရေးသားဖော်ပြထားသည်။ အဆိုပါ ရွှေငါး၏ အရွယ်အစားမှာ အလျား ၁ ဒသမ ၅ ပေရှိပြီး ၄ ဒသမ ၂ ပေါင် ရှိသည်။ ထို့ကြောင့် တဟိုဒေသရှိ ဇီဝဗေဒပညာရှင်များသည် အဆိုပါ ရေကန်တွင် ရွှေငါးအရေအတွက် များပြားလာပါက ယင်း ဒေသပေါက် အခြားသော တိရစ္ဆာန်များနှင့် အပင်များ၏ မျိုးစိတ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ ငါးသည် ယင်းဒေသတွင် ပေါက်ပွားသည်မှာ သေချာကြောင်း၊ ငါး၏ အရွယ်အစား ကြီးလွန်းနေသည်မှာ ပြဿနာဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် တဟိုသဘာဝပတ်ဝန်းကျင် သုတေသနပြုရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တဟိုရေကန်သည် အမေရိကန်နိုင်ငံ၏ ဒုတိယအနက်ဆုံးရေကန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁ဝ ခုမြောက် အနက်ဆုံး ရေကန်လည်းဖြစ်သည်။ အနက်ဆုံးနေရာတွင် ၁၆၄၅ ပေအထိရှိသည်။ ဘူမိဗေဒ လေ့လာမှုများတွင် အဆိုပါ တဟိုဘာစင်ရေကန်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော် သုံးသန်းလောက်ကတည်းက ဖြစ်ပေါ်ခဲ့သော ရေကန်ဖြစ်သည်ဟု ဆိုသ်ည။ (ဆိုင်းရင့်စ်ရီကော်ဒါ)

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

အမေရိကန် နိုင်ငံအတွင်းရှိ ဟိုတယ်ရေကန်ထဲတွင် ထူးထူးခြားခြား အလွန်ကြီးမားသော ရွှေငါးတစ်ကောင်က တွေ့ရှိခဲ့ရကြောင်း သိပ္ပံ မှတ်တမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရေးသားဖော်ပြထားသည်။ အဆိုပါ ရွှေငါး၏ အရွယ်အစားမှာ အလျား ၁ ဒသမ ၅ ပေရှိပြီး ၄ ဒသမ ၂ ပေါင် ရှိသည်။ ထို့ကြောင့် တဟိုဒေသရှိ ဇီဝဗေဒပညာရှင်များသည်
အဆိုပါ ရေကန်တွင် ရွှေငါးအရေအတွက် များပြားလာပါက ယင်း ဒေသပေါက် အခြားသော တိရစ္ဆာန် များနှင့် အပင်များ၏ မျိုးစိတ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ ငါးသည် ယင်းဒေသတွင် ပေါက်ပွားသည်မှာ သေချာကြောင်း၊ ငါး၏အရွယ်အစား ကြီးလွန်းနေသည် မှာ ပြဿနာဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် တဟိုသဘာဝပတ်ဝန်းကျင် သုတေသနပြုရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တဟိုရေကန်သည် အမေရိကန်နိုင်ငံ၏ ဒုတိယအနက်ဆုံးရေကန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁ဝ ခုမြောက် အနက်ဆုံးရေ ကန်လည်းဖြစ်သည်။ အနက်ဆုံးနေရာတွင် ၁၆၄၅ ပေအထိရှိသည်။ ဘူမိဗေဒ လေ့လာမှုများတွင် အဆိုပါ တဟိုဘာစင်ရေကန်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော် သုံးသန်းလောက် ကတည်းက ဖြစ်ပေါ် ခဲ့သော ရေကန်ဖြစ်သည်ဟု ဆိုသ်ည။ (ဆိုင်းရင့်စ်ရီကော်ဒါ)

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

No comments:

Post a Comment