Wednesday 27 February 2013

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း 
ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း
Wednesday, February 27, 2013

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့
ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်
ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း
ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ
(မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူးသဖြင့် ပိုက်လိုင်း
ဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာ
Carlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊
ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်း
သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်း
အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများ ရှိနေသော်လည်း မြန်မာ့ကျောက်စိမ်း၊
ကျောက်မျက်များသည် မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့်
ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ 
မစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ 
ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေး
ခရီးအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက်အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်းခဲ့သည်။

7Day News Journal

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်း ရန်ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံ ဇာတရေးရာ ကော် မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေး မှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော် ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ(မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူးသဖြင့် ပိုက်လိုင်းဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာCarlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေး ရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်းအတော်များများ လုပ်ဆောင် ထားပြီးဖြစ် ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်း က ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများရှိနေသော်လည်း မြန်မာ့ကျောက် စိမ်း၊ ကျောက်မျက်များ သည် မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့်ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ မစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေးခရီးအဖြစ် ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက် အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်း ခဲ့သည်။

7Day News Journal

No comments:

Post a Comment