Wednesday 27 February 2013

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆) ဦး သေဆုံး

Photo: စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆)
ဦး သေဆုံး
Wednesday, February 27, 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် 
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
လပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား  ကျား (၁၈) ဦး
နှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့လည်စာအား
ဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ 
အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။ 

အစာအဆိပ်သင့်မှုကြောင့် နေ့လည် ၂ နာရီ မှ ည ၅ နာရီ အတွင်း မုံရွာမြို့ နယ် နှင့် ဟုမ္မလင်း မြို့ နယ် များမှ လာရောက် အလုပ်လုပ်ကိုင်နေသော
ကျောက်ဒိုး (၁၉) နှစ်၊ စိုးနိုင်ထွန်း (၂၉) နှစ်၊ ဖိုးလပြည့် (၁၉)နှစ်၊
ပြည့်စုံဖြိုး (၁၈) နှစ် ၊ ကျော်မျိုးအောင် (၁၈) နှစ်၊ စည်သူ (၂၅) နှစ် အလုပ်သမား ကျား (၆) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်း အပြည့်အစုံအား ဆက်လက် ဖော်ပြပါမည်။
 
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေး ရွာ အနီးလပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား ကျား (၁၈) ဦးနှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့ လည်စာအားဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

အစာအဆိပ်သင့်မှုကြောင့် နေ့လည် ၂ နာရီ မှ ည ၅ နာရီ အတွင်း မုံရွာမြို့ နယ် နှင့် ဟုမ္မလင်း မြို့ နယ် များမှ လာရောက် အလုပ်လုပ်ကိုင်နေသောကျောက်ဒိုး (၁၉) နှစ်၊ စိုးနိုင်ထွန်း (၂၉) နှစ်၊ ဖိုးလပြည့် (၁၉)နှစ်၊ပြည့်စုံဖြိုး (၁၈) နှစ် ၊ ကျော်မျိုးအောင် (၁၈) နှစ်၊ စည်သူ (၂၅) နှစ် အလုပ်သမား ကျား (၆) ဦးသေ ဆုံး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment