Tuesday 26 February 2013

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ
တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Monday, February 25, 2013

လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က ၀န်ထမ်းများအား ထောက်ပံ့ကြေးအဖြစ်ပေးခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန်အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေအဖြစ် ဆောင်ရွက်ပေးနိုင်ပါက
ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ
များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည်မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက
ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများမရှိဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal
လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က၀န်ထမ်းများအား ထောက်ပံ့ကြေး အဖြစ်ပေးခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေ အဖြစ် သတ်မှတ်ပေးပြီး သာမန်အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေ အဖြစ် ဆောင် ရွက်ပေးနိုင်ပါကပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူများ၏ အကျိုး စီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ကတိတည်မှုကို ပြသရာ လည်းရောက် ပါကြောင်း သူရဦးရွှေမန်းကပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့်အဖွဲ့အစည်းများ မရှိဘူးဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြော သည်။

7Day News Journal

No comments:

Post a Comment