Tuesday 26 February 2013

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ

 February 26, 2013

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အမှန်တရားနဲ့ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတံဆိပ်များစွာ လက်ခံရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူဟာမြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီ ၂၅ ရက်က
နိုင်ငံတကာလှည့်လည် ပညာရှာမှီးရေးအစီအစဉ်နဲ့ ပင်လယ်ရေကြောင်း ကမ္ဘာပတ်နေသော Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပြီး သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၈၄ ခုနှစ်က ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူး ဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အမှန်တရားနဲ့ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူ လည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ပြု ဆုတံဆိပ်များစွာ လက်ခံရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူဟာမြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျရောက်နေတဲ့ ကာလတွေ မှာ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီ ၂၅ ရက်ကနိုင်ငံတကာလှည့်လည် ပညာရှာမှီးရေး အစီအစဉ်နဲ့ ပင်လယ်ရေကြောင်း ကမ္ဘာပတ်နေသော Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံ ကို ရောက်ရှိလာခဲ့တာပြီး သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၈၄ ခုနှစ်က ရရှိခဲ့ပါတယ်။
မြ၀တီ

No comments:

Post a Comment