Wednesday, 31 October 2012

မန္တလေးမြို့ ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွား


မန္တလေးမြို့တွင် ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့(သတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့) ည ၈နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်) အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်၌ လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထဲမှ ဗိုလ်မှူး အဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။
လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ
Wednesday, 31 October 2012

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်၌
လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့်
ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး
ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်းမရောက်ခင် သောင်လေးတခု ရှိတယ်။ အဲဒီ
သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့ ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူးတတ်ဘူး။ ဂျီသရီး
(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ
ရေထဲသို့ မျှောပါမသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက ဆက်လက်၍ ခန့်မှန်းပြောဆိုလိုက်သည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုး အား ယမန်နေ့ ညနေမှစ၍ ရှာဖွေခဲ့ရာ ယနေ့ ညနေအထိ မတွေ့ရှိရသေးကြောင်း သိရသည်။

“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံးနေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင် ပြောဆိုသည်။

တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅၀အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။

စောခါးစူးညား 
ကေအိုင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အမှတ်(၂/၂၀၁၂)ကို ယနေ့ ည (၈)နာရီတွင် ထုတ်ပြန်သွားမည်

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အမှတ်(၂/၂၀၁၂)ကို ယနေ့ ည (၈)နာရီတွင်နိုင်ငံပိုင် မီဒီယာများနှင့် နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာသွား မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးတာဝန်ရှိသူဦးဇော်ဌေး(မှူးဇော်)က၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည်။
 

visa နှင်.မြန်မာဘဏ်၃ဘဏ် တရားဝင်လက်မှတ်ထိုးပြီ

 
မြန်မာနိုင်ငံမှဘဏ်၃ဘဏ်နှင်. visa ကုမ္မဏီတို. နိုဝင်ဘာ၃ရက်နေ.တွင် sedona hotel ၌တရားဝင် လက်မှတ်ထိုးမည်ဖြစ်သည်။

တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ

တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ
Wednesday, 31 October 2012

တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာ
မှတဆင့် ယခုလ အောက်တိုဘာ(၂၉)ရက်နေ့မှ စ၍ ပြန်လည်တင်ပို့ရန်
အတွက် နွားအကောင်ရေ(၅၀၀)ကျော် ဆမ္မဆယ်ကျေးရွာ၌ ရောက်ရှိ
နေကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ နွားများမှာ ဆမ္မဆယ်ကျေးရွာအနောက်ရှိ တောင်နှစ်လုံးကြားတွင်
ထားရှိကြောင်းကိုလည်း သိရသည်။ 

 ယခုနှစ် ဇန်န၀ါရီလပိုင်းမှ စတင်ကာ ဆမ္မဆယ်မှတဆင့်တရုတ်ပြည်သို့
 နေ့စဉ်နွားအကောင်ရေ(၁)ထောင် နီးပါးတင်ပို့နေပြီှး ယခုနှစ် စက်တင်
ဘာလအတွင်းတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့် ရပ်နားထားရာမှ ယခုလ (၂၉)ရက်နေ့တွင် ဆမ္မဆယ်ကျေးရွာအနောက်ဘက်တောင်ကြား
ထဲတွင် နွားအကောင်ရေ(၅၀၀)ကျော် ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

 “ဒီနှစ်စတုန်းက နေ့တိုင်းအကောင်ရေ တစ်ထောင်တင်ပို့နေတာ ရဲတွေက ဖမ်းလိုက်တော့တစ်လလောက် နားသွားသေးတယ် အခုဒီလ တင်ပို့ဖို့
လုပ်နေပြီ”ဟု ဆမ္မဆယ်ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီးပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့ နွားဖမ်းဆီး မှု(၄)မှု ဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာမှ အကောင် (၃၀)ဖမ်း ဆီးထားကြောင်းကိုလည်း သိရှိရသည်။ 

 “ကျွန်တော်တို့ ကိုးလပိုင်းအတွင်းက သတင်းရတော့ သွားရောက်ဖမ်းဆီးမှုတွေ လုပ်ထားပါတယ် ပိုင်ရှင်မဲ့တွေ များပါတယ်၊ ဒီနှစ်အတွင်းမှာနွားဖမ်းဆီးမှုတွေ တော်တော်များပါတယ်”ဟုနောင်ချိုရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယခုလိုနွားများအလွန်အကျွံတင်ပို့နေမှုများကြောင့် တောင်သူလယ်သမားများ၏ကျေးဇူးရှင်များဖြစ်သောနွားများ မျိုးတုန်းသွားမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေသည်။ 

နောင်ချိုမြို့နယ်ဆမ္မ ဆယ်မှတဆင့် တရုတ်ပြည်သို့ နွားများကို(၁၂)ဘီးကား
များဖြင့် တင်ပို့ပြီး ကားတစ်စီးလျှင် နွားအကောင်ရေ(၂၅)ကောင်မှ
(၃၀)ကြား တင်ဆောင်ကြောင်းသိရှိရသည်။

 တရုတ်ပြည်သို့နွားတင်ပို့ရာတွင်ကားတစ်စီးလျှင်ကျပ်(၈)သိန်းဝန်းကျင်အထိ
ကျန်ရှိပြီးထိုကားခေါင်မိုးပေါ်သို့ နွားများကြည့်ရန် အတွက်လိုက်ပါသော လူတစ်ယောက်အတွက် တစ်ခေါက်လျှင် ကျပ်(၂)သောင်းရရှိသည်။

အဆိုပါနွားတင်ဆောင်သော ကားများမှာ ည(၉)နာရီဝန်းကျင်အချိန်တွင်
ဖြတ်သန်းလေ့ရှိကြောင်း မန္တလေး-လားရှိုးလမ်းဘေးနေထိုင်သူများထံက သိရှိရသည်။

Myit Makha Mediagroup
 
တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာ မှတဆင့် ယခုလ အောက်တို  ဘာ(၂၉)ရက်နေ့မှ စ၍ ပြန်လည်တင်ပို့ရန်အတွက် နွားအကောင်ရေ(၅၀၀)ကျော် ဆမ္မဆယ်ကျေးရွာ ၌ ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

ဒိန်းမတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်တွင် လာရောက်မည်

ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning-Schmidt သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် လာေ ရာက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒိန်းမတ်သံရုံး၏ အောက်တိုဘာလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းမှ အကျိုးတူစနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် ဗီယက်နမ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီနှစ်ခုအနက်တစ်ခုကို ရွေးချယ်မည်

AddThis Social Bookmark Button
thn-31-10-8
ဆင်မလိုက်ရှိမြန်မာ့သင်္ဘောကျင်းလုပ်ငန်းခွင်တစ်နေရာ

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ   JV စနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန်  ဗီယက်နမ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကုမ္ပ ဏီနှစ်ခုအနက် တစ်ခုအားရွေးချယ်၍ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့သည့် ဧရာဝတီတိုင်း လွှတ်တော်

စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့သည့် ဧရာဝတီတိုင်း
လွှတ်တော်
Wednesday, 31 October 2012

ဧရာဝတီတိုင်းတိုင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းလမ်းပန်းဆက်သွယ်
ရေး ၀န်ကြီးအား လွှတ်တော်ကိုယ်စားလှယ်များက  စွတ်စွဲပြစ်တင်ခဲ့သော ကိစ္စရပ်များအား ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ 

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် ၀တ္တရားများကို ဟန့်တား
နှောင့်ယှက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူနှင့် ကင်းကွာအောင်ပြုလုပ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်
ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ထမ်းဆောင်၍ ဆက်လက်လုပ်ဆောင်၍ မရတော့အောင် ဖြစ်ခဲ့ရသည့် ကိစ္စရပ်များအတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦးမှ လက်မှတ်ရေးထိုးကာဧရာဝတီတိုင်း ၀န်ကြီးချုပ်
ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦသန်းထွန်း
တို့အား စွပ်စွဲပြစ်တင်ခြဲ့ခင်း ဖြစ်သည်။ 

ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းကလည်း ဖြစ်ပေါ်
ခဲ့သော ကိစ္စရပ်များ အတွက် တောင်းပန်ခဲ့ပြီး ၀န်ကြီးချုပ်ဦးသိန်းအောင်
ကလည်း နောက်နောင် ထိုကဲ့သို့ကိစ္စရပ်များ မဖြစ်စေရေး ကြပ်မတ်ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

တိုင်းလွှတ်တော်မှ စွပ်စွဲပြစ်တင်မှုကို ဥပဒေနှင့် အညီရုပ်သိမ်းခဲ့ခြင်းလည်း
ဖြစ်သည်။

Myit Makha Mediagroup
 
ဧရာဝတီတိုင်းတိုင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းလမ်းပန်းဆက်သွယ်ရေး ၀န်ကြီးအား လွှတ်တော်   ကိုယ်စားလှယ်များက စွတ်စွဲပြစ်တင်ခဲ့သော ကိစ္စရပ်များအား ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို

ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်  လာခြောက်ဘီလီယံအပ်နှံထားကြောင်းဝါရှင်တန်အခြေစိုက်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ စောင့်ြ ကည့်ေ န သည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။

ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး

မြန်မာနိုင်ငံမှ ပြည်ပသို့ ပေးဆပ် ရန်ရှိသည့် ကြွေးမြီစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀၀ေ ကျာ်(၁၅ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာမောင်မောင်
သိမ်းကပြောသည်။

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ



ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင် ဆာ လို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။

ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်

 
ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့် နိုဝင်ဘာ လ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့၌ လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည် နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။

နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး

 Miss Myanmar နန်းခင်ဇေယျာသည် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ် ဆိုပြီးေ နာက် ယနေ့(အောက်တိုဘာ ၃၁)တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက်ကူးနေကြောင်းနန်းခင်ဇေယျာ၏မန်နေဂျာဖစ်သူကပြောကြား သည်။

ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို

Arakan times

ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို

30-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ
ချထားလျှက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်းဖက် သမားတွေဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိကအကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါတယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြသွားခြင်းဖြစ်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။

ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများအပြားမှာ ကော့စ်ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာပြီး ခိုလုံလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါတယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆိုရင် မြန်မာနိုင်ငံသားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံးဘင်္ဂလီများမှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ဝင်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများရှိနေသည့်အတွက် မောင်တောမြို့နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။
 
30-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာချထားလျှက်ရှိကြောင်း သိရှိရသည်။

ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ

http://www.sacredsites.com/asia/burma/images/detail-shwezigon-temple-02-500.jpg


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ် နိုင်ငံခြားသား များနှင့် ဈေး သည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ဆုံတွေ့မှုအတွက် သဘောတူညီမှုရ

ဒီဇင်ဘာ ဆုံတွေ့မှုအတွက် သဘောတူညီမှုရ
Wednesday, 31 October 2012

ကေအိုင်အိုမှတောင်းဆိုသော နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ကိစ္စအား ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး
အဖွဲ့မှလက်ခံဆောင်ရွက်သွားတော့မည်ဟု တရုတ်နိုင်ငံ ရွှေလီ၌ကျင်းပသော
 ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲသစ်နှင့်ကေအိုင်အို (ဗဟို)၏ ပထမအကြိမ် တွေ့ဆုံမှုတွင် သဘောတူညီချက်ရရှိခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလတွင် ဆက်လက်တွေ့ဆုံရန်တောင်းဆို
ထားခြင်းကို ကေအိုင်အိုအဖွဲ့အနေဖြင့် ဗဟိုသို့တင်ပြကာ ပြန်လည်
အကြောင်းကြားမည်ဟု သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရသည်။ 

ကချင်လွတ်မြောက်ရေးအဖွဲ(KIO)နှင့် ဦးအောင်မင်း ဦးဆောင်သော
 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံ
ဆွေးနွေးမှုတွင် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရန် သဘောတူညီချက်များ ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲအား အောက်တိုဘာလ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဆွေးနွေးသွားမည်ဖြစ်သော်လည်း ကေအိုင်အို (ဗဟို)မှ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်အချို့ လာရောက်နိုင်ခြင်း မရှိသောကြောင့်
 နှစ်ဖက်ထပ်မံတွေ့ဆုံရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊  ရှမ်းပြည်နယ်ဝန်ကြီး ဦးစ၀်အောင်မြတ်၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ အရှေ့မြောက်တိုင်း စစ်ငှာနချုပ်တိုင်းမှုး၊ မြောကိပိုင်းတိုင်း
စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်မူးချုပ် ထွန်းထွန်းနောင်၊ ဗိုလ်မူးချုပ်အောင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင် ၁၂ယောက်ခန့် တို့တက်ရောက်ခဲ့ကာ ကေအိုင်အိုဗဟိုမှ ဒုတိယစစ်ဦးစီးချုပ် ဦးဆွမ်လွတ်ဂွမ်၊ ဦးဂျီးနောင်၊ ဦးဇော်ရော၊ ဦးလဖိုင်လ အပါအ၀င် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ခဲ့ကြသည်။ 

နှစ်ဘက်ကြား အလွတ်သဘော တွေ့ဆုံမှုများ မကြာခဏ ပြုလုပ်ခဲ့သော်
လည်း ကချင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဖြစ်ပွားမှုမှာရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာလျှက်ရှိနေခြင်းးဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန် လမှ စတင်ခဲ့သည့် ၎င်း ပြည်တွင်းစစ်သည် ယခုတိုင် လက်ဆက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်နှင့် ကေအိုင်အို
ဗဟိုတို့သည် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသနှင့် လွယ်ဂျယ်ဒေသများတွင် အလွတ်သဘောတွေ့ဆုံခဲ့ပြီး ယခင် ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
 

အောက်တိုဘာ(၃၀)ရက်နေ့တွင် တွေ့ဆုံခဲ့သည့်  အဆိုပါ ဆွေးနွေးပွဲအား
နှစ်ရက်တာ ကျင်းပရန် သတ်မှတ်ထားသော်လည်းကေအိုင်အိုအဖွဲ့မှ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်အချို့ လာရောက်ခြင်းမရှိနိုင်သောကြောင့် တပ်ပိုင်းဆိုင်ရာကိစ္စများ  ဆွေးနွေးခြင်း မပြုတေနိုင်သဖြင့် အထက်ပါ
 နိုင်ငံရေးအရ ဆွေးနွေးရန်နှင့်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူညီချက်များသာ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

Myit Makha Mediagroup
 
ကေအိုင်အိုမှတောင်းဆိုသော နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ကိစ္စအား ဦးအောင်မင်းခေါင်းေ ဆာင်ေ သာပည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှလက်ခံဆောင်ရွက်သွားတော့မည်ဟုတရုတ်နိုင်ငံ   ရွှေလီ   ၌ကျင်းပသောပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲသစ်နှင့်ကေအိုင်အို (ဗဟို)၏ ပထမ အကြိမ် တွေ့ဆုံမှုတွင် သဘောတူညီချက်ရရှိခဲ့သည်။

"၂ဝ၁၂ သည် ၈၈နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်ဖြစ်"

"၂ဝ၁၂ သည် ၈၈နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်ဖြစ်"

ရန်ကုန်၊ အောက်တိုဘာ ၃ဝ
 
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
မီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေဆုံးကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ''ဒီနှစ်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အကြိမ်အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေအတွက်က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီးအလိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။
 ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်းက ထပ်မံပြောသည်။
 ၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။
 
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများ ဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။

ယခုနှစ်အတွင်းကျောက်မဲမြို့၌ ယာဉ်တိုက် သေဆုံးသူအမျုားဆုံးဖြစ်

 
 



 ကျောက်မဲမြို့နယ်တွင်(၅)နှစ်တာအတွင်း ၂၀၁၂ ခုနှစ်မှာ ယာဉ်တိုက်မှုနှင့် ယာဉ်တိုက် မှုကြောင့် သေဆုံးမှု အများဆုံး နှစ်တ စ်နှ စ်ဖြစ်ပြီး  သေဆုံးသူဦးရေ (၁၅)ဦးခန့် ရှိပြီဖြစ်ကြောင်းသက်ဆိုင်ရာဌာနများက သိရှိရ သည်။
 
 “ ၂၀၀၇ ကနေ ၂၀၁၂ အထိမှာ အရင်နှစ်တွေက ယာဉ်တိုက်မှုနဲ့ သေဆုံးမှုကို လက်ချိုးရေလို့ရတယ်၊ ဒီနှစ် လို တစ်ဆယ်ကျော်ဆိုတာ မရှိခဲ့ဘူးဟု ကျောက်မဲမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က အတည်ပြုေ ပာကြား သည်။
 

ဗီယက်နမ်တွင် ဆွန်တင် မုန်တိုင်း တိုက်ခတ် သုံးဦး သေဆုံး နှစ်ဦး ပျောက်ဆုံး လျက်ရှိ

 
ဗီယက်နမ် မြောက်ပိုင်း နင်ဘင်း ပြည်နယ်တွင် အောက်တိုဘာ ၂၈ ရက်က အင်အားပြင်း တိုက်ဖွန်း မုန်တိုင်း  ''ဆွန်တင်'' တိုက်ခတ်ခဲ့ရာ သုံးဦး သေဆုံးပြီး အခြားနှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ဗီယက်နမ် နိုင်ငံပိုင် သတင်းဌာန တစ်ခုဖြစ်သည့် VNA သတင်း ဌာန က အောက်တို ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။