ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထား လိုက်ပြီ လို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။
Friday, 10 October 2014
မြို့ပတ်ရထား လက်မှတ်ခနှုန်းထား ပြင်ဆင်ကောက်ခံမည်
မြန်မာ့မီးရထားက ပြောင်းလဲကောက်ခံမည့် ရန်ကုန်မြို့တော် မြို့ပတ်ရထား ရိုးရိုးတန်းလက်မှတ်ခ နှုန်းထားသစ်များကို နိုဝင်ဘာလတွင် စတင် ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည်က ယနေ့ ထုတ်ပြန်သည်။
မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား

Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။
မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည် သရုပ်ပြခိုင်းနေစဉ် (Reuters)
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။
လိပ်ကျွန်းအမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုကို ထိုင်းမှုခင်းဆေးပညာပါရဂူကြီး ဝေဖန်
ဘန်ကောက် - လိပ်ကျွန်း၌ ဗြိတိန်ခရီးသွားနှစ်ဦး သေဆုံးမှုကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးသည့်အခါ မှန်ကန်သည့် မှုခင်း ဆေးပညာ သိပ္ပံနှင့် ပြစ်မှုဖြစ်အင် စုံစမ်းစစ်ဆေးမှုနည်းလမ်းများကို ရဲတပ်ဖွဲ့က လိုက်နာမှုမရှိခဲ့ဟု ထိုင်းနိုင်ငံ၏ လေးစားခံ ရဆုံး မှုခင်းဆေးပညာဆိုင်ရာ ပါရဂူကြီးက ယနေ့ပြောကြားလိုက်သည်။
အခွန်အမှတ်တံဆိပ်များ နိုင်ငံခြားမှ မှာယူသုံးစွဲမည်
ဈေးကွက်တွင် သုံးစွဲ လျက်ရှိသည့် အခွန်အမှတ်တံ ဆိပ်များကို နိုင်ငံခြားမှ မှာယူပြီး ဒီ ဇင်ဘာလအတွင်း စတင်ပြောင်း လဲ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကပြောကြားသည်။
ရွေးကောက်ပွဲစနစ် မပြောင်းလိုသည့်အတွက် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင်အချို့ ထပ်မံလေ့လာမှုမလုပ်
ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုး ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသော် လည်း ရွေးကောက်ပွဲ စနစ်မပြောင်းလို၍ ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုးပြည့်ရန် ထပ်မံလေ့လာမှုပြုလုပ်ခြင်းမရှိ ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား ဥပဒေအရ ရပိုင်ခွင့်များရရှိရန် NDF တိုက်တွန်း

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ−Supapong Chaolan)
ခိုတောင်ကျွန်းတွင် ဗြိတိန်နှစ်ဦးအသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် မြန်မာများတရားဥပဒေအရ ရပိုင် ခွင့်များရရှိရေးဝိုင်းဝန်းလုပ် ဆောင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက အစိုးရ၊နိုင်ငံရေးပါတီများအပါအ၀င် အဖွဲ့အစည်းမျိုးစုံအားတိုက်တွန်း လိုက်သည်။
ကျောင်းသားထု တစ်ရပ်လုံး လိုလားသည့် ပညာရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ကျောင်းသားထု အရေးပေါ် အစည်းအဝေးလုပ်မည်
ကျောင်းသားထုတစ်ရပ် လုံး လိုလားသည့် အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းပေးရန် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂ များ ပူးပေါင်း ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၅ တွင် တင်သွင်းသည့်ကားများ ဘယ်မောင်းဖြစ်ရန် ဌာနအားလုံး ထောက်ခံချက်လို
၂၀၁၅ တွင် တင်သွင်းသမျှ မော်ဒယ်များ အားလုံးကို ဘယ်မောင်းကားများကိုသာ သွင်းခွင့်ပြုမည်ဆိုခြင်းမှာ သက်ဆိုင်ရာ ဌာနအားလုံး၏ ထောက်ခံချက်လိုအပ်ပြီး လတ်တလော မသေချာသေးကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမင်းမင်းက ပြောသည်။
နိဗ္ဗာန်ရောက်မည့် ဈေးသည်များ၏ ဈေးပွဲတော်

သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းက ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ပြုလုပ်ခဲ့သော နိဗ္ဗာန်ဈေးပွဲမြင်ကွင်း (ဓာတ်ပုံ−သီဟ)
မိုးအကုန်ဆောင်းဥတုသို့ ကူးပြောင်းစကာလတိုင်းတွင် ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့၊) သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲခဲ့ပြီးသည့်နောက် တန်ဆောင်မုန်းလ အရောက် တွင် တန် ဆောင်တိုင်မီးထွန်းပွဲတော်ကို ဆက်လက်ဆင်နွှဲကြတော့မည် ဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင် များ သဘောတူ လိပ်ကျွန်းလူသတ်မှု မျှတပွင့်လင်းရေး၊ မြန်မာလုပ်သားအရေး၊ နယ်စပ်မြို့ သုံးမြို့ကို ညီအစ်မမြို့တော်သတ်မှတ်ရေးများ ထည့်သွင်းဆွေးနွေး

ထိုင်းအာဏာသိမ်းစစ်အစိုးရခေါင်းဆောင်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ် (ဓာတ်ပုံ − MOI Webportal Myanmar)
ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် ထား ၀ယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ရန် သဘောတူပြီး လိပ်ကျွန်းလူ သတ်မှုကို တရားဥပဒေနှင့်အညီ ဖြစ်စေရန်၊ အမှုစစ်ဆေးမှုများ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ထိုင်း ရောက် ရွှေ့ပြောင်းလုပ်သားများ အရေးအပါအ၀င် ထိုင်း-မြန်မာ နယ်စပ်မြို့ သုံးမြို့ကို ညီအစ်မ မြို့အဖြစ်သတ်မှတ်ရန် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိသည်။
မြန်မာလုပ်သားနှစ်ဦးအရေး ဒီမိုကရေစီတက်ကြွသူများ ဆန္ဒပြ

မြန်မာလုပ်သားနှစ်ဦးအတွက် မျှတသောတရားစီရင်ရေးဖြစ်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် တရားခံဟုစွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး မတရားဖမ်းဆီးခံရခြင်းကြောင့် ပြန်လွှတ် ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆို ခဲ့ကြသည်။
ပြည်တွင်းကျောက်မျက်ပွဲ အပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူမှုများနိုင်

နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ− မိုးညို)
ပြည်တွင်းကုန်သည်များ ကိုသာ အဓိက ရောင်းချမည့် ကျောက်မျက်ပြပွဲမှာ ကုန်ကြမ်း ပြတ်လပ်နေသည့် မြန်မာ ကုန် သည်အချင်းချင်း အပြိုင်အဆိုင် ဝယ်ယူ မည့်ပြပွဲတစ်ခုဖြစ်လာနိုင် ကြောင်း ကျောက်စိမ်းကျောက် မျက်လုပ်ငန်းရှင် များက ပြော ကြားသည်။
NLD ပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမည်စာရင်းများ နိုဝင်ဘာလဆန်း အစည်းအဝေးမှသာ ထုတ်ပြန်နိုင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများ ပါဝင်သော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ၏ ခေါင်းဆောင်အမည်စာရင်းများကို နိုဝင်ဘာလဆန်း ပုံမှန်အစည်းအဝေး၌ အတည်ပြုထုတ်ပြန် နိုင်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။
ခိုထောင်ကျွန်း (လိပ်ကျွန်း) ကိစ္စ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြား
လက်ရှိဖြစ်ပွားနေသည့် ခိုထောင်ကျွန်း (လိပ်ကျွန်း) ကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းဖော် ပြချက်အရ သိရသည်။
တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်

တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်အတွက် လုံခြုံရေးကြိုတင်လေ့ကျင့် ခဲ့မှုအား ၂၀၁၃ ခုနှစ် အတွင်း က တွေ့ရစဉ်
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက် ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်း ပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။
ဖားကန့်မှော်များတွင် ကျောက်စိမ်းတူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်သို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာ

မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်ဝိုင်းအား အောက်တိုဘာ ၇ ရက် နံနက်က တွေ့ရစဉ်
ဖားကန့်မှော်များတွင် ပုဂ္ဂလိကကျောက်စိမ်းလုပ်ကွက်များ ပြန်လည်တူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက် တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ ဆုံ စဉ် လိပ်ကျွန်း လူသတ်မှု ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ စစ်ဆေးပေးရန် တောင်းဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံ
လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေ မှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေး မိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်" ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။
လန်ဒန် လေဆိပ်ကြီး တွေမှာ အီဘိုလာကို တိုးမြှင့် စစ်ဆေးမယ်
လန်ဒန်က အဓိက လေဆိပ်ကြီး ၂ ခု ဖြစ်တဲ့ ဟီးသရိုးနဲ့ ဂတ်တဝစ် လေဆိပ် တွေမှာ အီဘိုလာ ဗိုင်းရပ်စ် ပိုး ရှိမရှိ ခရီးသည် တွေကို တိုးမြှင့် စစ်ဆေး တော့ မယ် လို့ ဗြိတိသျှ အစိုးရက ကြေညာ လိုက်ပါတယ်။
Subscribe to:
Posts (Atom)