ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ပင်လယ်ပြင် တွင် မုတ်သုံလေအားအလွန် ကောင်းနေပြီး နေရာကွက်၍ မိုး ကြီးနိုင်သည့်အပြင် ပင်လယ်တွင် လှိုင်းကြီးနိုင်သောကြောင့် လိုအပ် သော ကြိုတင်ကာကွယ်မှုများ ပြု လုပ်ရန်လိုအပ်ကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် နှင့် မိုး/ဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
‘‘မိုးကြီးလို့ ရေကြီးဖို့ တာစူ နေတဲ့ဒေသတွေက ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေပါ။ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု တွေ လုပ်ထားသင့်ပါတယ်။ ဒီဒေသတွေမှာ မိုးကောင်းနေတဲ့အပြင် အထက်မှာ ရွာတဲ့မိုးကလည်း ဒီမှာလာစုနေတော့ စိုက်ပျိုးရေးအဓိကနေရာတွေဖြစ်တဲ့အတွက် ပိုသတိရှိဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ထို့အပြင် ဘင်္ဂလားပင်လယ် အော်၌ ဇူလိုင်လအတွင်း နှစ်ကြိမ် မြောက် လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီး ပင်လယ်တွင် မုတ်သုံ ပေါ်လေအား အလွန်ကောင်းနေ ကြောင်း မိုး/ဇလဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။