Monday, 14 July 2014
ချစားမှုနှင့် ပတ်သက်၍ CCTV မှ သတင်းကြေညာသူ တစ်ဦးကို တရုတ်ဖမ်းဆီး

နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသည့် ချစားမှုများအား အရေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံပိုင် CCTV သတင်း ဌာနမှ ထိပ်တန်း သတင်းကြေညာသူ ရူချန်ဂန်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။
ကျပ် ၁,၅၀၀ တန် CDMA ဆင်းမ်ကတ်များ မက်ဆေ့ခ်ျအင်တာနက်အတွက် ဖုန်းဘီလ်ကျပ်တစ်သောင်းခွဲအထက်ရှိရန်လို
MEC Tel အမှတ်တံဆိပ် CDMA ကျပ် ၁,၅၀၀ တန်ဆင်းမ် ကတ်များ မက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက် ထားပါက ဖြည့်သွင်းထားသည့် ဖုန်းဘီလ် ကျပ် ၁၅,၀၀၀ နှင့်အထက်ရှိပါမှ လျှောက်ထားမှုပိုမို လွယ် ကူနိုင်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်း
ယနေ့နံနက် ၉ နာရီခွဲ မိုးလေ၀သ တိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော ၂၄ နာရီအတွင်းက မကွေး တိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူး တိုင်းဒေသကြီးတွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ကာ ရန်ကုန် တိုင်းဒေ သကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခဲ့သည်။
တက္ကသိုလ် ကျောင်းသားများအား အရက်မူးပြီး အကြောင်းမဲ့ ရိုက်နှက်သူ လေးဦးကို ရဲတပ်ဖွဲ့က စုံစမ်းနေ
တောင်ငူမြို့နယ် ကံလှကျေးရွာနေ မောင်ကောင်းမြတ်ဝေယံ (၂၁နှစ်)သည် ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ညီမဖြစ်သူ မသက်သက်ခိုင် (၁၅နှစ်) တက္ကသိုလ်ဝင်တန်း ကျောင်းသူကို ကျူရှင်သို့ လိုက်ပို့ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့် တောင်ငူ- ညောင်ကိုင်း ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကံလှကျေးရွာ အနီးတွင် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်လေးဦးသည် အရက်များ မူးနေပြီး အရှည် သုံးပေခန့်ရှိ ဝါးရင်းတုတ် နှစ်ချောင်း ကိုင်ဆောင်ကာ မောင်းနှင်လာသည်ကို တွေ့ရပြီးနောက် အနားကို ရောက်စဉ် လူငယ်တစ်ဦးက ဝါးရင်းတုတ်နှင့် ရိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက် တွင် စီးနင်း လိုက်ပါလာသည့် မသက်သက်ခိုင်၏ ခါးကို ရိုက်မိပြီး နာကျင်ဒဏ်ရာ ရရှိခဲ့သည်။
ဘွဲ့နှင်းသဘင်ခန်းမကို တယ်လီနော အသုံးပြုမှု ဆန္ဒပြမည်

ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ ခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းအုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြ သွားမယ် လို့ သိရပါတယ်။
ဂါဇာဒေသ မြေပြင်စစ်ဆင်ရေး အစ္စရေးစတင်

အရှေ့အလယ်ပိုင်းက ဂါဇာကမ်းမြှောင်ဒေသမှာ အရင်တပတ်ကစပြီး Hamas စစ်သွေးကြွတွေကို အစ္စရေး တို့ တိုက်ခိုက်နေတာမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာပဲ အစ္စရေးကမြေပြင်စစ်ဆင်ရေးကို စတင် လိုက်ပြီဖြစ်ပါတယ်။
ပြည်မြို့ သီိရိခေတ္တရာဂေါက်ကွင်း တိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများ ဆန္ဒေ ဖာ် ထုတ်နေစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ထမကောက်အုပ်စု၊ ပြည်-မန္တလေး ကားလမ်းဘေးရှိ သီရိခေတ္တ ရာ ဂေါက်ကလပ် တိုးချဲ့ကွင်းအတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သိမ်း ဆည်း ခံ တောင်သူလယ်သမား ၁၉ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ PR စနစ် ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ တိုက်တွန်း
တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ အချိုး ကျ ကိုယ်စားပြုစနစ် (PR စနစ်) ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များက တိုက် တွန်းပြောကြားသည်။
PR စနစ်အပေါ် တိုင်းရင်းသားပါတီများ၏ သဘောထားတင်ပြထားမှုများ ယခုပြုလုပ်နေသည့် လွှတ်တော်အစည်းအဝေးတွင် ထူးခြားမှုမရှိပါက ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်မည်

ဇွန် ၁၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် PR စနစ်ကျင့်သုံးရန် အဆိုအား မဲခွဲ ဆုံးဖြတ်စဉ်
ယခုပြုလုပ်နေသည့် ပထမအကြိမ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် PR စနစ်နှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများ၏ သဘောထားတင်ပြထားမှုများနှင့် ပတ်သက်၍ ထူးခြားမှုမရှိပါက PR စနစ် ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများမှ သိရသည်။
တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး

မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေး)
တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ကြိုးပျက်လို့ သေဆုံးတဲ့ အမျိုးသမီး ၃လောင်းပြိုင် ဈာပန ဒုဝန်ကြီးလိုက်ပို့
လှိုင်သာယာ ၁၅ရပ်ကွက်ဈေးထဲမှာ ဓာတ်ကြိုးပျက်ကျလို့ သေဆုံးခဲ့တဲ့ အမျိုးသမီး ၃လောင်းပြိုင်ရဲ့ ဈာပနကို ဇူလိုင် ၁၃ရက်နေ့မှာ ထိန်ပင်သုဿန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ လျှပ်စစ် ဒုတိယဝန်ကြီးနဲ့ အရာရှိတွေလည်း ဈာပနကို လိုက်ပို့ခဲ့ပြီး ကျန်ရစ်သူမိသားစုတွေအတွက် နစ်နာကြေး ၂၃သိန်းစီ ပေးခဲ့ပါတယ်။
Sunday, 13 July 2014
ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်များ

မော်ဒယ်တစ်ဦး၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အမြင့်ဆုံး မျှော်လင့်ချက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေး သာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ထင်ရှားလာသည့် စူပါမော်ဒယ်တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော အခြေအနေ တစ် ရပ် မဟုတ်ချေ။
လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်

လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။
Saturday, 12 July 2014
ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။
မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ
မြန်မာ့တပ်မတော်ရေ
ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့
ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား
ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ
မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏
ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်
အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်
EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး
တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်
သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို
ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ
ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား
မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့်
သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်း ဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့် အတွက်
လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆို
မှုများ ပိုမိုပြုလုပ် သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား
တိုက်တွန်းပြော ဆိုခဲ့သည်။
Subscribe to:
Posts (Atom)