ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ် ရမည်ဖြစ်သည်။
Friday, 20 June 2014
အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိတဲ့ ဖမ်းဆီးခံ သံဃာတွေကို နတ်ချောင်းမှာ သင်္ဃန်းပြန်စီးမယ်

ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ခွင့်ပြုချက် မရှိဘဲ သီတင်းသုံးနေထိုင်တယ် ဆိုပြီးတော့ အင်းစိန် ထောင်မှာလူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိပါတယ်။
မျိုးစောင့်ဥပဒေကန့်ကွက်သူများကို အကြမ်းဖက်စကားများဖြင့် ခြိမ်းခြောက် နေခြင်းအား ဥပဒေအရအရေးယူရန် ပြင်ဆင်
မျိုးစောင့်ဥပဒေများကို ကန့် ကွက်လှုပ်ရှားခဲ့သော ပြည်တွင်းလူ့ အခွင့်အရေးလှုပ်ရှားသူများနှင့် အမျိုး သမီး အဖွဲ့များတွင် ပါဝင်သူများကို အကြမ်းဖက်စကားများဖြင့်ခြိမ်းခြောက် နေခြင်းအား ဥပဒေနှင့်အညီ အရေး ယူသွားရန်ပြင်ဆင်နေပြီး ခြိမ်းခြောက် ခံရသူများထဲတွင် ပါဝင်သော မြန်မာ နိုင်ငံ လူ့အခွင့်အရေး ပညာပေး ရေး ဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မျိုး မင်းက ရန်ကုန်တိုင်းမ်သို့ပြောသည်။
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးက တိုင်ကြားနိုင်
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ကုသ ပေး လျက် ရှိပြီး ငွေကြေးတစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး နှိမ်နင်းနေသည် ဆိုသည့်သတင်းမှာ အခြေအမြစ် မရှိကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက ပြောကြား
ထိုင်းနိုင်ငံ၌ တရားဝင် စာရွက်စာတမ်းများ ကိုင်ဆောင် အလုပ် လုပ်ကိုင်လျက် ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းအာဏာပိုင်များက မကြာသေးမီက ဖမ်းဆီး နှိမ်နင်းနေကြောင်း သတင်းများနှင့် ပတ်သက်၍ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးသည် ထိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဥပဒေ ထိန်းသိမ်းရေး အမျိုးသား ကောင်စီ (အင်န်စီပီအို)မှ အဆင့်မြင့် တာဝန်ရှိသူများအား ဇွန် ၆ ရက် နှင့် ၁၄ ရက်တို့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စပိန် ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီ ထီးနန်းတက်

စပိန်နိုင်ငံ၏ ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီသည် ဇွန် ၁၉ ရက်က ကျင်းပခဲ့သော ထီးနန်းတက်ပွဲ အခမ်းအနားတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား KNU/KNLA ပြန်လာတောင်း
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မော်တော်ယာဉ်မှတ်ပုံတင် အထောက်အထား တစ်စုံတစ်ရာ မပြနိုင်၍ လွန်ခဲ့သော နှစ်ရက်က ဖမ်းဆီးထားသည့် 7D /0182 TOYOTA MARK II ခဲမဲရောင်မော်တော်ယာဉ်ကို ပြန်တောင်းရန် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် “ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA –PC) ဗိုလ်ကြီးသက်ချိုနှင့်အဖွဲ့ လာရောက်ခဲ့သည်ဟု အမှတ်(၁)၊ ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက ဇွန် ၁၉ ရက် ပြောသည်။
ဦးဆန်းဆင့် ဘာကြောင့် အရေးယူခံရသလဲ
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယက အဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင် လုပ်ဆောင်ခဲ့မှု စသည်တို့အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း RFA သတင်းအရ သိရှိရသည်။
လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ
မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။
၂ဝ၁၄ ပထမနှစ်လအတွင်း ဖမ်းမိမှောင်ခိုသစ် ဆယ်ဆ မြင့်တက်
မြန်မာနိုင်ငံမှာ ဒီနှစ် ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပထမနှစ်လအတွင်း တရားမဝင် ခုတ်လှဲထုတ်ယူခဲ့တဲ့ သစ်တန် ချိန် တစ်သောင်းခွဲကျော် ဖမ်းဆီးမိခဲ့ပါတယ်။
ရွှေ့ပြောင်း အလုပ်သမား ဖမ်းဆီးမှု ထိုင်းစစ်တပ် ရှင်းလင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်
ထိုင်းစစ်တပ်က အာဏာသိမ်းအပြီး ထိုင်းမြန်မာနယ်စပ်မှာ ရာနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကို ဖမ်းဆီးတာဟာ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမူကို ကာကွယ်ဖို့ တရားဝင် အလုပ်ခန့်ထားတဲ့ စနစ် ထဲကို ရောက်ဖို့ ဖြစ်တယ်လို့ ထိုင်းဖက်ကပြောလိုက်ပါတယ်။ ခရိုင် ၅ခုကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် အမှတ် ၄ တပ်ရင်းက မဲဆောက်မြို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
အစ္စလာမ်ဘာသာဝင်တို့ ညီလာခံလုပ်ဖို့ ပြင်
တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး အတွက် ကိုယ်စားလှယ် တွေ အားလုံး ပါဝင် ဆွေးနွေး ထား တဲ့ လမ်းပြ မြေပုံတစ်ခု ပေါ်ထွက်လာ ဖို့ ရည်ရွယ် တဲ့‘ပြည်ထောင်စုသား မွတ်ဆလင်များ ရဲ့ ပြည်လုံး ကျွတ် ညီလာခံ’အဖြစ်၊ မကြာခင် မှာ ကျင်းပနိုင် ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်ကြသူ တွေ အဖွဲ့အစည်းတွေ စုစည်းပြီး၊ စီစဉ် နေကြပါ တယ်။
တယ်လီဖုန်း သုံးစွဲသူ ပြည်သူများသို့ အသိပေး ကြေညာချက်
၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်း သုံးစွဲခဲ့သည့် တယ်လီဖုန်းများ အနက် အချို့သော တယ်လီဖုန်း များသည် ယခင်နှစ် အဆက်ဆက်မှ တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များ ၂၈-၂-၂၀၁၄ နေ့အထိ ပေးသွင်းရန် ကျန်ရှိသည့် အတွက် အဆိုပါ တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များကို ၂၃-၃-၂၀၁၄ နောက်ဆုံး ထား၍ သက်ဆိုင်ရာ ငွေလက်ခံ စခန်းများတွင် ပေးသွင်းပါရန် ၉-၃-၂၀၁၄ နေ့ နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အသိပေး ကြေညာခဲ့သည့် အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ Website (www.mcit.gov.mm)နှင့် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီး/ ပြည်နယ် မန်နေဂျာရုံး တယ်လီဖုန်း အခွန်ဌာနစိတ်များတွင်လည်း ကြေညာထားခဲ့သည်။
ဒီမိုကရေစီ ခရီး အတူလျှောက်လှမ်းရန် မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ့ပွဲများကို ရန်ကုန်၊ နေပြည်တော် အပါအ၀င် နိုင်ငံတ၀န်းကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ဆုတောင်းအဖြစ် ပြည်သူများကို တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင်သူနှင့်အတူ ရပ်တည်ပေးကြရန် တောင်းဆို လိုက်သည်။
ကျပ် တစ်သောင်းတန် ငွေစက္ကူအတုဖြင့် လူသုံးကုန် ပစ္စည်း လိုက်လံ ၀ယ်ယူနေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်အတွင်း ငွေစက္ကူကျပ် ၁၀၀၀၀ တန်အတုများ ကိုင်ဆောင်၍ လူသုံးကုန် ပစ္စည်းများ လိုက်လံ ဝယ်ယူနေသူ အမျိုးသား တစ်ဦးကို ဇွန် ၁၆ ရက် ည ၉ နာရီက သတင်းအရ လိုက်လံ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ယာဉ်စီးခပိုကောက်၍ တိုင်ကြားခံရသည့်ကားကို တစ်ရက်သုံးသောင်းဖြတ်မည်

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများအားလုံး ခရီးစဉ်အလိုက် သတ်မှတ်နှုန်းထားဖြင့် ကောက်ခံ ခြင်း မပြုလျှင် တိုင်ကြားမှုရှိပါက အရေးယူသွားမည်ဟု ရန်ကုန်တိုင်း (မ.ထ.သ ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဇွန် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု၊ ၁၇(၁) ဖြင့်ဖမ်းဆီးမှုမရှိသင့်တော့ဟု ဦးအောင်မင်းထံ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းဆဲန်မြို့နယ်အတွင်း မဲခေါင်မြစ်ကမ်း တွင် အစိုးရ၏ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်တို့ အလွှတ်သဘော ဆွေးနွေးခဲ့ကြပါသည်။
ဟုမ္မလင်းမြို့နယ် ရဲစခန်းတွင် အချုပ်ခန်းဖောက်ပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွား
ဟုမ္မလင်းမြို့နယ် မြို့မရဲစခန်းတွင် ဇွန် ၁၉ ရက် နံနက် ၃ နာရီခန့်က အချုပ်ခန်းဖောက်ထွင်းပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားသည့် ဆရာမကြီး ပါမောက္ခဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်

ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်
မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားပြီးလေးစားသမှုဖြင့် မာမီကြီးဟု ခေါ်ဆိုကြသည့် ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်သည် လူကြီးရောဂါဖြင့် ဇွန် ၁၉ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဟော်လန်၊ ချီလီတို့နှင့်အတူ ကိုလံဘီယာလည်း နောက်တစ်ဆင့်တက်

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုဒုတိယပွဲစဉ်များသာ ရောက်ရှိနေသေးသော်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် အသင်း(၃)သင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Posts (Atom)