အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
Monday, 24 February 2014
Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်

ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ

ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်

ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။
အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်
အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်

မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။
ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထား သည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။
အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေး ငယ်လေး များ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း တွင် ဖော်ပြပါရှိသည်။
တက္ကစီကို ၀ိုင်းရိုက်မှုမှ ပြိုင်ကားနှစ်စီး မိဘများကိုယ်တိုင် ရဲစခန်းလာအပ်
ရန်ကုန်မြို့ ပြည်လမ်း၊ (၆)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးက ၀ိုင်းဝန်း ပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုတွင် ပြိုင်ကားတစ်စီးကို ဖမ်းမိပြီးနောက် ကျူးလွန်ရာတွင်ပါဝင်သည့် အခြားပြိုင် ကားနှစ်စီးကို မောင်းနှင်သူများ၏မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖေဖော် ၀ါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
နယ်လိုင်စင် ကိုင်ဆောင်ထားသည့် ကား၂၀ ရာခိုင်နှုန်း ရန်ကုန်တွင် ရှိနေ
ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်

ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။
3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ

ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။
ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ

မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြန်မာပြည်သို့ စတင်ဝင်ရောက်
မြန်မာနိုင်ငံ တွင် Chevrolet ကားပြခန်း ဖွင့်လှစ်ခဲ့ပြီး နောက် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် အမေရိကန် စီးပွားရေးကုမ္ပဏီများ ၁ဝ ခုကျော် ထပ် မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရသည်။
ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်

K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေ ရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လူကုန်ကူခံရသူများ အပေါ်ခေါင်းပုံဖြတ်မှု ထပ်မံပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ သူများကပြောဆို
မြန်မာနိုင်ငံ၏လူဦးရေအများဆုံး နေထိုင်ပြီးနိုင်ငံတကာ အဆင့်မီ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရသော
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်တောင် သူနှင့်
အခြေခံလူတန်းစားများ ကို လေဆိပ်နားနေဆောင်တွင် စစ်ဆေးခြင်း မခံရစေဟု
ပြောဆိုပြီး လူတစ်ဦးလျှင် ငွေကျပ်၃ထောင်နှုန်းဖြင့် လိမ်လည်
တောင်းခံမှုများရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာ တည်းမှ လူ၃၃ဦး
လူကုန်ကူးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သူကိုသံချောင်း(ခ)ကိုအောင်အောင်က
ကိုယ် တိုင်ကြုံတွေ့ ခဲ့ ရပုံကို မြ၀တီသတင်းစာသို့ ပြောကြားသည်။
အီတလီ ဝန်ကြီးချုပ်သစ် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း

အီတလီ နိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မက်တီ ယိုရန်ဇီသည် ဖေဖော်ဝါရီ ၂၁ ရက်က အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်းအစိုးရ အဖွဲ့သစ်သည် ၂ဝ၁၈ ခုနှစ်အထိ တိုင်းပြည် တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
တံဆိပ်ခေါင်းခွန်ဥပဒေပါ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းအတွက် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
အစိုးရက ပြင်ဆင်နေသည့် တံဆိပ်ခေါင်းခွန် ဥပဒေ၌ ပါဝင်သည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။
အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ကျော် ဆန္ဒပြ

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်းရှိ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီ အင်အားစု အဖွဲ့၊ Generation Wave အဖွဲ့များက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာမွေ မြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူများက ပြောကြားသည်။
Subscribe to:
Posts (Atom)