
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရဝန်ကြီး ဌာနတွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေသလို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။










