Tuesday 18 February 2014

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာများအား အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးရန် ကော်မရှင်က ယနေ့ အဆိုတင်သွင်းမည်

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာများအား အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် အဆိုကို ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) တွင် ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ် နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က တင်သွင်းမည် ဖြစ်သည်။


နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုဆိုင်ရာ အကြောင်းအရာ များကို အသေးစိတ် ကွင်းဆင်းလေ့လာကာ နစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာသို့ ပြန်လည် တင်ပြပေးနိုင် ရန် ပြည်ထောင်စု လွှတ်တော်တွင် သီးခြားလယ်ယာမြေ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ သည်။

အဆိုပါ ကော်မရှင်မှ လယ်ယာမြေနှင့် ပတ်သက်သော အစီရင်ခံစာ အပိုင်း (၁)၊ (၂)၊ (၃) ကို ပြည်ထောင် စု လွှတ်တော်သို့ တင်သွင်းထားပြီးသော်လည်း အစိုးရမှထိရောက်စွာ အမြန်ဆုံး ပြီးပြတ်အောင် ဖြေရှင်းေ ပးနိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အဆိုတင်သွင်း ရခြင်းဖြစ်ကြောင်း ကော်မရှင်မှ သိရသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများတွင် ပါဝင်သည့် မြေသိမ်းခံရခြင်းဆိုင်ရာ တိုင်ကြား ချက်များ အနက်မှ အမှုတွဲပေါင်း ၄၃၂ မှု (မြေဧက ၂၃၇၆၁၅ ဒသမ ၈၂၂ ဧက) ကို ဖြေရှင်း ဆောင် ရွက်ပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာပို့ ခဲ့သော်လည်း လက်တွေ့ တွင် မြေသိမ်းခံရသူများသည် မြေများပြန်လည်ရရှိခြင်း မရှိသေးသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် များက ဝေဖန်ပြောကြားမှုများ ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်က “ကျွန်တော်တို့ဆီကို အစိုးရအဖွဲ့ကနေ ဘယ်လောက် ဖြေရှင်းပေးပြီးပါပြီဆိုတဲ့ အစီရင်ခံစာတွေ ရောက်ပါတယ်။ အဲဒါတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ရှင်းလင်းပြီးတာ ဧကပေါင်း ဘယ်လောက်၊ ဘယ်နှစ်မှုပြီးပါပြီ ဆိုတာ ဒါပဲ ပါပါတယ်။ မည်သို့ မည်ပုံရှင်းပါသလဲ။ ဒါတွေ မပါပါဘူး။ အဲဒီအတွက် ကျွန်တော့်ရဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို အစည်းအဝေး ပြန်လုပ်ပြီး သီးခြားအဆိုတစ်ခုတင်ဖို့ ကျွန်တော် စီစဉ်နေပါတယ်။ ဒီနေ့ ပြည်သူလူထုတွေ အနေနဲ့ အသိမ်းခံရတဲ့ လယ်တွေအနေနဲ့ ပြန်ရတယ်ဆိုတဲ့ သတင်းမရှိပါဘူး။ ဒါ့ကြောင့် ထပ်ကာထပ်ကာ တိုင်နေတာတွေလည်း ရှိပါတယ်”ဟု ဆွေးနွေးပြောကြားသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက နေပြည်တော်တွင် လယ်ယာမြေအမှု များစွာ ရှိကြောင်း၊ ဖြေရှင်းပြီး အမှုတွဲပေါင်း ၁ဝဝ ကျော်ရှိသည်ဟု အစိုးရထံမှ သိရကြောင်း၊ ၎င်းအမှုပေါင်း ၁ဝဝ ကျော် ရှင်းလင်းပြီးသည် ဆိုသည်မှာလည်း အမှန်တကယ်တွင် မရှိကြောင်း၊ အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လိုကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က လယ်ယာမြေများကို အစိုးရမှ ပြန်ပေးရာတွင် ပေးကားပေး၏ မရဘဲ စာရွက်သာရပြီး ကျူးကျော်မှုဖြင့် တရားစွဲခံနေရကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည် အကောင်အထည် မပေါ်သဖြင့် အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် အများစုက မိမိတို့၏ သက်ဆိုင်ရာဒေသများရှိ မြေသိမ်းခံ ပြည်သူများသည် မြေပြန် လည်ရရှိခြင်း မရှိသေးဘဲ ကျူးကျော်မှုဖြင့် တရားရင်ဆိုင် နေရသည်ဟု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများအား အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် အဆိုလွှတ်တော်၌ အတည်ဖြစ်ပါက အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် တာဝန်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment