Tuesday 18 February 2014

သန်းခေါင်စာရင်းရလဒ်ကို နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းပေးရန် တိုင်းရင်းသားလူမှု အဖွဲ့အစည်းများ တောင်းဆို

Photo: သန်းခေါင်စာရင်းရလဒ်ကို နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းပေးရန် တိုင်းရင်းသားလူမှု အဖွဲ့အစည်းများ တောင်းဆို
Tuesday, February 18, 2014

သန်းခေါင်စာရင်း ရလဒ်များအား နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဗဟိုသန်းခေါင်စာရင်း ကော်ရှင်အနေဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရန် ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ က ဖေဖော်ဝါရီ ၁၇ရက်တွင် ပူးပေါင်း ထုတ်ပြန်ချက်တစ်ခုဖြင့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းမှုကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၌ ပြုလုပ်ခဲ့သည်။

၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူရေး နှင့်ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများ စိုးရိမ်သည့် အနေအထားများအား သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်များအလိုက် ထုတ်ပြန်ချက်များထုတ်ပြန်ပြီး နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်သို့တင်ပြထားမှုများ ပြုလုပ်ထားသော်လည်း တုံ့ပြန်ချက်များသည် တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ စိတ်ကျေနယ်ဖွယ်ရာ မရှိသောကြောင့် တိုင်းရင်းသား အဖွဲ့အစည်းများ ယခုကဲ့သို့ ပူးပေါင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် အလွန်အရေးကြီးကြောင်း၊ သို့ရာတွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စီစဉ်ဆောင်ရွက်မှု အချို့သည် တိုင်းရင်းသားလူမျိုးများအတွက် ထိခိုက်နစ်နာနိုင်ဖွယ်ရာများ ထွက်ပေါ်စေနိုင်ကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးပြီးသည်အထိ လုံလောက်သော ပြင်ဆင်မှုရရှိပြီးမှသာ သန်းခေါင်စာရင်း စတင်ကောက်ယူရန် တောင်းဆိုခဲ့သည်။

၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြု ကော်မတီမှ ဆလိုင်းအိုက်ဇက်ခင်က “အစက တော့ ဒါတွေသည် ချင်းတွေရဲ့ ပြဿနာပဲလို့ ကျွန်တော်မြင်ခဲ့တာ။ သို့သော် ကချင်လည်း ပြဿနာတက်တယ်။ ရှမ်းလည်း ပြဿနာ တက်တယ်။ မွန်လည်း ပြဿနာတက်တယ်။ ပြဿနာမတက်တာဆိုလို့ ဗမာတိုင်းရင်း သားတွေပဲ။ ပြဿနာမတက်ဘူးလို့ ကျွန်တော် တို့ နားလည်ရတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံပြီး ကုတ်ပေးလိုက်တဲ့ ကိစ္စသည် လောလောဆယ် နည်းပညာပိုင်း အရ စာရင်းသွင်းလို့ကောင်းအောင် ထည့် တယ်လို့ ပြောသည့်တိုင်အောင် တစ်ချိန်မှာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဖြစ်လာ နိုင်တဲ့အနေအထားမျိုး ရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟု ပြောကြားသည်။

အချို့သော တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် ကချင်၊ ကရင်နှင့် ချင်းလူမျိုးများအတွက် လူမျိုးအမည်နှင့် ၎င်းလူမျိုးတွင် ပါဝင်သော မျိုးနွယ်စုအမည်များကို အဆင့်အတန်းတူသတ်မှတ်၍ ကုတ်အမှတ်ပေးကာ စာရင်းကောက်ယူခြင်းသည် တိုင်းရင်းသား လူမျိုးတစ်ခုတည်း အတွင်းရှိ မျိုးနွယ်စုများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်လာစေ နိုင်သည်ဟု တိုင်းရင်းသားအဖွဲ့အစည်းများ ၏ ပူးပေါင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ဗဟိုသန်းခေါင်စာရင်း ကော်မ တီအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူ မှုနှင့်ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စများကို အသေးစိတ်ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်သော်လည်း တိုင်းရင်းသား လူမျိုး အများစု၏ စိုးရိမ်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင် ခြင်းမရှိသေးဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာ သန်းခေါင်စာရင်းကောက် တဲ့အခါမှာ လူမျိုးလည်းထည့်မထားဘူး။ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ကတ်ပြား အမှတ်တို့လည်း ထည့်မထားဘူး။ ပြီးတော့မှ ဘာသာ ကိုးကွယ်တာလည်းထည့် မထား ဘူး။ သူကောက်တာ လူဦးရေပဲ။ လောလော ဆယ် ဒီအချက်အလက်တွေ ထည့်ထားတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့စိုးရိမ်တာက ကောက်ခံပြီးတဲ့နောက်ပိုင်း ၂ဝ၁၅ နောက် ဆက်တွဲမှာ နိုင်ငံရေး ဆုံးဖြတ်ချက်ထဲမှာ တစ်နေရာရာမှာ ပြန်ပြီးအသုံးချသွားမှာစိုးရိမ်လို့ ကျွန်တော်တို့ ပြောတာဖြစ်တယ်”ဟု ကရင်တိုင်းရင်းသား ဦးစောကျော်စွာက ပြောကြားသည်။

“လောလောဆယ် အစိုးရက အသိအမှတ်ပြုတဲ့ ၁၃၅ လို့ပြောရင်တောင်မှ ဒီသန်းခေါင်စာရင်းကိစ္စဟာ ဗမာတိုင်းရင်သား မဟုတ်တဲ့ ကျန်တဲ့ ၁၃၄ မျိုးကို ထိခိုက်ပြီး သားဖြစ်ပါတယ်။ ကျန်တဲ့ ၁၃၄ မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်း ကျော်ပါတယ်။ အဲဒီတော့ လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းဟာ စိတ် မပျော်ရွှင်ဘူး။  အချင်းချင်း စိတ်ညစ်နေတယ် စိတ်ဝမ်းကွဲပြားနေတယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အရေးအခင်းဖြစ်ပါတယ်။ လူဦးရေ လေးဆယ်ရာခိုင်နှုန်းကို ထိခိုက်မယ့် သန်းခေါင်စာရင်းမျိုးကို အားလုံးပျော်ရွှင်  စွာပါဝင်နိုင်ဖို့ လိုအပ်တယ်။ ဒီလူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းက မပျော်ရွှင်ရဘူးဆိုရင် ကျန်တဲ့ ဗမာတွေကရော ပျော်ရွှင်နိုင်ပါဦး မလား။ ဗမာတိုင်းရင်းသားများလည်း ဝိုင်း ဝန်းကူညီဖို့ ကျွန်မတို့ အကူအညီတောင်းပါ တယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသား ဦးစိုင်းစော သန်းမြင့်က “တကယ်တန်း ရှမ်းရယ်၊ ရှမ်း မျိုးနွယ်စုရယ်ဟာ အမှန်ဆိုရင် ဆယ်မျိုးကျော် လောက်ပဲရှိပါတယ်။ အခုတော့ နိုင်ငံတော် ကသတ်မှတ်ထားချက်အရ လက်ရှိသန်းခေါင် စာရင်းမှာ ၃၃ မျိုး ဖြစ်နေတယ်။ အဲဒီ ၃၃ မျိုးကို ဦးတို့က ရှမ်းတိုင်းရင်းသားများ ကိုယ် စားလက်ခံနိုင်ခြင်းမရှိဘူး။ ဦးတို့ ဒီနေ့ထုတ် ပြန်တဲ့ ထုတ်ပြန်ချက်ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရပေမဲ့ တိုင်း ရင်းသား အများစုရဲ့ခေါင်းဆောင်တွေ တက်ရောက်ပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်။ အားလုံးကို ကိုယ်စားပြုမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသည်။

ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက“သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးဘာသာ စသည်တို့အပေါ် ဖိနှိပ်အမြတ်ထုတ်ရန် မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားဝင်သတ်မှတ်ထား သည့် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပါဝင်သည့် လူမျိုးနှင့် လူမျိုးအမည် သတ်ပုံ မှားနေခြင်းများ ပြင်ဆင်ခြင်းကို ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ အပြီးတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဆွေးနွေးညှိနှိုင်းပါက ပိုသင့်တော်ကြောင်း၊ လက်ရှိသတ်မှတ်ထားသည့် ကာလသည် သန်းခေါင်စာရင်းကောက်ယူရန် အသင့်တော်ဆုံး အခြေအနေဖြစ်ကြောင်း”ဟု ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားထားသည်။

Eleven Media Group

သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် တိုင်းရင်းသား အဖွဲ့အစည်းများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် တိုင်းရင်းသား အဖွဲ့အစည်းများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သန်းခေါင်စာရင်း ရလဒ်များအား နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် တိုင်း ရင်းသားအဖွဲ့အစည်းများနှင့် ဗဟိုသန်းခေါင်စာရင်း ကော်ရှင်အနေဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရန် ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ က ဖေဖော်ဝါရီ ၁၇ရက်တွင် ပူးပေါင်း ထုတ်ပြန် ချက်တစ်ခုဖြင့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်း မှုကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၌ ပြုလုပ်ခဲ့သည်။


၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူရေး နှင့်ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများ စိုးရိမ်သည့် အနေအထားများအား သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်များအလိုက် ထုတ်ပြန်ချက်များထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်သို့တင်ပြထားမှုများ ပြုလုပ် ထားသော် လည်း တုံ့ပြန်ချက်များသည် တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ စိတ်ကျေနယ်ဖွယ်ရာ မရှိသောကြောင့် တိုင်းရင်းသား အဖွဲ့အစည်းများ ယခုကဲ့သို့ ပူးပေါင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးရေး အစီအမံ များ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် အလွန်အရေးကြီးကြောင်း၊ သို့ရာတွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စီစဉ်ဆောင်ရွက်မှု အချို့သည် တိုင်းရင်းသားလူမျိုးများအတွက် ထိခိုက် နစ်နာနိုင်ဖွယ်ရာများ ထွက်ပေါ်စေနိုင်ကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တိုင်းရင်း သား များ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးပြီးသည်အထိ လုံလောက်သော ပြင်ဆင်မှုရရှိပြီးမှသာ သန်းခေါင် စာရင်း စတင်ကောက်ယူရန် တောင်းဆိုခဲ့သည်။

၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြု ကော်မတီမှ ဆလိုင်းအိုက် ဇက်ခင်က “အစက တော့ ဒါတွေသည် ချင်းတွေရဲ့ ပြဿနာပဲလို့ ကျွန်တော်မြင်ခဲ့တာ။ သို့သော် ကချင် လည်း ပြဿနာတက်တယ်။ ရှမ်းလည်း ပြဿနာ တက်တယ်။ မွန်လည်း ပြဿနာတက်တယ်။ ပြဿနာ မတက်တာဆိုလို့ ဗမာတိုင်းရင်း သားတွေပဲ။ ပြဿနာမတက်ဘူးလို့ ကျွန်တော် တို့ နားလည်ရတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံပြီး ကုတ်ပေးလိုက်တဲ့ ကိစ္စသည် လောလောဆယ် နည်းပညာပိုင်း အရ စာရင်းသွင်းလို့ကောင်းအောင် ထည့် တယ်လို့ ပြောသည့်တိုင်အောင် တစ်ချိန်မှာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဖြစ်လာ နိုင်တဲ့အနေအထားမျိုး ရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟု ပြောကြားသည်။

အချို့သော တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် ကချင်၊ ကရင်နှင့် ချင်းလူမျိုးများအတွက် လူမျိုးအမည်နှင့် ၎င်းလူမျိုးတွင် ပါဝင်သော မျိုးနွယ်စုအမည်များကို အဆင့်အတန်းတူသတ်မှတ်၍ ကုတ်အမှတ်ပေးကာ စာရင်းကောက်ယူခြင်းသည် တိုင်းရင်းသား လူမျိုးတစ်ခုတည်း အတွင်းရှိ မျိုးနွယ်စုများ အချင်းချင်း စိတ်ဝမ်း ကွဲပြားမှုများ ဖြစ်လာစေ နိုင်သည်ဟု တိုင်းရင်းသားအဖွဲ့အစည်းများ၏ ပူးပေါင်းထုတ်ပြန်ချက် တွင်ပါရှိ သည်။

ထို့ပြင် ဗဟိုသန်းခေါင်စာရင်း ကော်မ တီအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူ မှုနှင့်ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စများကို အသေးစိတ်ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်သော်လည်း တိုင်းရင်းသား လူမျိုး အများစု၏ စိုးရိမ်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင် ခြင်း မရှိသေးဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာ သန်းခေါင်စာရင်းကောက် တဲ့အခါမှာ လူမျိုးလည်းထည့်မထားဘူး။ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ကတ်ပြား အမှတ်တို့လည်း ထည့်မထားဘူး။ ပြီးတော့မှ ဘာသာ ကိုးကွယ်တာလည်းထည့် မထား ဘူး။ သူကောက်တာ လူဦးရေပဲ။ လောလော ဆယ် ဒီအချက်အလက်တွေ ထည့်ထားတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့စိုးရိမ်တာက ကောက်ခံပြီးတဲ့နောက်ပိုင်း ၂ဝ၁၅ နောက် ဆက်တွဲမှာ နိုင်ငံရေး ဆုံးဖြတ်ချက်ထဲမှာ တစ်နေရာရာမှာ ပြန်ပြီးအသုံးချသွားမှာစိုးရိမ်လို့ ကျွန်တော်တို့ ပြောတာဖြစ်တယ်”ဟု ကရင်တိုင်းရင်းသား ဦးစောကျော်စွာက ပြောကြားသည်။

“လောလောဆယ် အစိုးရက အသိအမှတ်ပြုတဲ့ ၁၃၅ လို့ပြောရင်တောင်မှ ဒီသန်းခေါင်စာရင်းကိစ္စဟာ ဗမာ တိုင်းရင်သား မဟုတ်တဲ့ ကျန်တဲ့ ၁၃၄ မျိုးကို ထိခိုက်ပြီး သားဖြစ်ပါတယ်။ ကျန်တဲ့ ၁၃၄ မျိုးဟာ ကျွန်မတို့ မြန် မာနိုင်ငံ ရဲ့လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်း ကျော်ပါတယ်။ အဲဒီတော့ လူဦးရေရဲ့ လေးဆယ်ရာ ခိုင်နှုန်း ဟာ စိတ် မပျော်ရွှင်ဘူး။  အချင်းချင်း စိတ်ညစ်နေတယ် စိတ်ဝမ်းကွဲပြားနေတယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အရေးအခင်းဖြစ်ပါတယ်။ လူဦးရေ လေးဆယ်ရာခိုင်နှုန်းကို ထိခိုက်မယ့် သန်းခေါင်စာရင်းမျိုးကို အားလုံးပျော်ရွှင်  စွာပါဝင်နိုင်ဖို့ လိုအပ်တယ်။ ဒီလူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းက မပျော်ရွှင်ရဘူးဆိုရင် ကျန်တဲ့ ဗမာတွေကရော ပျော်ရွှင်နိုင်ပါဦး မလား။ ဗမာတိုင်းရင်းသားများလည်း ဝိုင်း ဝန်းကူညီဖို့ ကျွန်မတို့ အကူအညီတောင်းပါ တယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသား ဦးစိုင်းစော သန်းမြင့်က “တကယ်တန်း ရှမ်းရယ်၊ ရှမ်း မျိုးနွယ်စုရယ်ဟာ အမှန်ဆိုရင် ဆယ်မျိုးကျော် လောက်ပဲရှိပါတယ်။ အခုတော့ နိုင်ငံတော် ကသတ်မှတ်ထားချက်အရ လက်ရှိသန်းခေါင် စာရင်းမှာ ၃၃ မျိုး ဖြစ်နေတယ်။ အဲဒီ ၃၃ မျိုးကို ဦးတို့က ရှမ်းတိုင်းရင်းသားများ ကိုယ် စားလက်ခံနိုင်ခြင်းမရှိဘူး။ ဦးတို့ ဒီနေ့ထုတ် ပြန်တဲ့ ထုတ်ပြန်ချက်ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရပေမဲ့ တိုင်း ရင်းသား အများစုရဲ့ခေါင်းဆောင်တွေ တက်ရောက်ပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်။ အားလုံးကို ကိုယ်စားပြုမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသည်။

ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက“သန်းခေါင်စာရင်း ကောက်ယူခြင်း သည် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးဘာသာ စသည်တို့အပေါ် ဖိနှိပ်အမြတ်ထုတ်ရန် မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားဝင်သတ်မှတ်ထား သည့် တိုင်းရင်း သား ၁၃၅ မျိုးစာရင်းတွင် ပါဝင်သည့် လူမျိုးနှင့် လူမျိုးအမည် သတ်ပုံ မှားနေခြင်းများ ပြင်ဆင်ခြင်းကို ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ အပြီးတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဆွေးနွေးညှိနှိုင်း ပါက ပိုသင့်တော်ကြောင်း၊ လက်ရှိသတ်မှတ်ထားသည့် ကာလသည် သန်းခေါင် စာရင်းကောက်ယူ ရန် အသင့်တော်ဆုံး အခြေအနေဖြစ်ကြောင်း”ဟု ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြား ထားသည်။

Eleven Media Group

No comments:

Post a Comment