Wednesday, 17 July 2013

သြစတြေး လျနှင့် အမေရိ ကန် အကြီး စား ပူးတွဲ စစ်ရေး လေ့ ကျင့်ခန်း ပြုလုပ် မည်

Photo: သြစတြေး လျနှင့် အမေရိ ကန် အကြီး စား ပူးတွဲ စစ်ရေး လေ့ ကျင့်ခန်း ပြုလုပ် မည်
Wednesday, July 17, 2013

သြစတြေးလျနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကျ ဖြစ်သော Talisman Saber အမည်ရှိ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြစတြေးလျနိုင်ငံကွင်းစ်လန်းပြည်နယ် ရော့ခ် ဟမ်တန်မြို့အနီး Shoalwater ပင်လယ်အော်တွင် လာမည့်ရက်သတ္တပတ် သုံးပတ် အကြာ၌ ပြုလုပ်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံလုံးမှ တပ်ဖွဲ့ဝင် ၂၈,ဝဝဝ ကျော် ပါဝင် လေ့ကျင့် သွား မည် ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်မည့် Townsville မြို့မှ သြစတြေးလျ တပ်ဖွဲ့ဝင်များသည် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည့် Shoalwater ပင်လယ်အော်သို့ စတင် ရောက် ရှိနေပြီ ဖြစ်ကြောင်း သြစတြေးလျ စစ်ဘက်မှ ဗိုလ်မှူးချုပ် ဘော့ဘရောင်းက ပြောကြားသည်။ အမေရိ ကန် တပ်ဖွဲ့ဝင်များသည်လည်း ယခု ရက်သတ္တပတ် အကုန်တွင် အမေရိကန်နိုင်ငံမှ အလက် စကား ပြည်နယ်သို့ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းဖြင့် အဆိုပါပင်လယ်အော်သို့ လေထီးခုန်ဆင်း မှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းလေထီး ခုန်ဆင်းမှု အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
မြ၀တီ
သြစတြေးလျနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကျ ဖြစ်သော Talisman Saber အမည်ရှိ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြစတြေးလျနိုင်ငံကွင်းစ်လန်းပြည်နယ် ရော့ခ် ဟမ်တန်မြို့အနီး Shoalwater ပင်လယ်အော်တွင် လာမည့်ရက်သတ္တပတ် သုံးပတ် အကြာ၌ ပြုလုပ်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်

Photo: ခါးပိုက်နှိုက်အားဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၂)မှု ဆက်လက်ဖော်ထုတ်နိုင်
Wednesday, July 17, 2013

၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေး ပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

တရားခံ မဥမ္မာအားအခြားကျူးလွန်ခဲ့မှုများဖော်ထုတ်စစ်ဆေးခဲ့ရာ ၉.၆.၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ခန့်တွင် ကမာရွတ်မြို့နယ် Junction Square ကုန်တိုက်အတွင်း GIORDANO ဆိုင်တွင်ဈေး ၀ယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ ငွေကျပ် ၅ သိန်းအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပုဇွန်တောင်မြို့နယ်နေ မသိင်္ဂီနိုင်၏အစ်ကိုဖြစ်သူ ဦးသက်နိုင်မှ တရား လိုပြုလုပ် တိုင်ကြား ထားသည့် ကမာရွတ်မြို့မရဲစခန်း (ပ)၂၅၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအား လည်းကောင်း၊ အဆိုပါ နေ့ ၁၂၀၀ အချိန်ခန့်တွင် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ယုဇနပလာဇာပထမထပ်ရှိ အထည်ဆိုင်တွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ ငွေ ၁၀ သိန်းအား မကျင်စန်း၊ မကျင်ခိုင်၊ မခင်သက်မာတို့နှင့်အတူ ပူးပေါင်း၍နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကျောက်တံတားမြို့နယ်နေ မချိုနွယ်သန်းမှ တိုင်ကြားထားရှိသည့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၁၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) အမှုအားလည်းကောင်း ဖော်ထုတ်နိုင်ခဲ့ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
 ၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် မဇင်မာသည် Junction Square ကုန်တိုက်ရှိ Promotion Show ပွဲကြည့်နေစဉ် ၎င်း၏ဘေးလွယ်အိတ်မှာ ဇစ်ပွင့်နေပြီး ငွေကျပ် ၇၈၅၀၀၀ မှာ ပျောက်ဆုံးနေ သဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၃၊ ပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အရေးယူဆောင်ရွက်ကာ တရားခံ မဥမ္မာ (၁၀)ရပ်ကွက်၊ လမ်းမတော်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား

Photo: ထိုင်းနိုင်ငံ တောင်ပိုင်း သူပုန်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွင် ဆာဒါအိုခရိုင် ပါဝင်ခြင်း မရှိဟု ထိုင်းစစ်ဘက် ပြောကြား
Wednesday, July 17, 2013

ရာမန်ဒန် ဥပုသ်ကာလ အတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ရပ်တွင် ဆာဒါအိုခရိုင်ပါဝင်သည်ဟု မလေးရှား
နိုင်ငံက ထုတ်ပြန်သော သတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာက ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထိုင်းနိုင်ငံ ဆောင်ခလာ ပြည်နယ်ရှိ ခရိုင်ငါးခုဖြစ်သော သာနာသာဝီ၊ ဆာဒါအို၊ ချာနာ၊ သီဖာနှင့် ဆာဘာယိုင် ခရိုင်များ၊ နာရာသီဝပ် ပြည်နယ်၊ ပတ္တနီပြည်နယ် တို့တွင် ရာမန်ဒန် ဥပုသ်ကာလ အပါအဝင် ရက်ပေါင်း ၄ဝ အကြာ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ပြုလုပ်ထားကြောင်း မလေးရှား နိုင်ငံက ဇူလိုင်၁၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်း အပေါ် တုံ့ပြန် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းပြည်တွင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အနေဖြင့် အဆိုပါ အပစ်အခတ် ရက်ဆဲရေးတွင် ဆာဒါအိုခရိုင် မပါဝင်ကြောင်း မလေးရှား အစိုးရကို အသိပေး အကြောင်းကြား သွားမည်ဟု ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထပ်လောင်း ပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင် အဖွဲ့နှင့် BRN သူပုန်အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး မလေးရှား နိုင်ငံက အကျိုးဆောင် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ
ရာမန်ဒန် ဥပုသ်ကာလအတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပုန်အဖွဲ့တို့ အကြား ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ်တွင် ဆာဒါအိုခရိုင် ပါဝင် သည်ဟု မလေးရှားနိုင်ငံက ထုတ်ပြန်သောသတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဇူလိုင် ၁၆ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။

ကျုံဒိုးမြို့ရှိ အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင် ဆောင်ရွက်

Photo: ကျုံဒိုးမြို့ရှိ အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင် ဆောင်ရွက်
Wednesday, July 17, 2013

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင်
ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်
များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်လည်
ပြုပြင်ခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊
ဌာနဆိုင်ရာများ၊ ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ချုံနွယ်များ ရှင်းလင်းခြင်း၊ ပြိုကျ ပျက်စီးသွားသော နေရာများ ကို ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်းများကို ဇူလိုင် ၁၅ ရက် က အတူတကွ စုပေါင်း လုပ်ဆောင်ကြပြီး စေတနာရှင် မိဘပြည်သူများက အလှူငွေ များနှင့် လုပ်အားဒါနများ ပါဝင်လုပ်ဆောင် ကူညီလျက်ရှိကြောင်းသိရသည်။

မြ၀တီ
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်

မျက်စိ အားကောင်းစေသော အာဟာရ များ

Photo: မျက်စိအားကောင်းစေသော အာဟာရများ
Wednesday, July 17, 2013

လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

လေ့လာမှု များစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်း ဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးခြင်းနဲ့ အတွင်းတိမ် ရောဂါတွေလို နာတာရှည် မျက်စိ ရောဂါတွေရဲ့ အန္တရာယ်ကို လျော့ကျ စေနိုင်ကြောင်း လေ့လာမှု များစွာက ဆိုထားပါတယ်။

 ဗီတာမင် စီ
ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုး ဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုအရ ဗီတာမင်စီဟာ အတွင်း တိမ်ရောဂါ ဖြစ်နှုန်း ကို လျော့ကျစေပြီး တခြား အာဟာရဓာတ်တွေနဲ့ ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံ ဆုံးရှုံးမှုတို့ ဖြစ်နှုန်းကို နှေးကွေး စေပါတယ်။

ဗီတာမင် အီး
ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့် ကွေကာနဲ့ ကန်စွန်းဥ တွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

မရှိမဖြစ် ဖက်တီးအက်စစ်
ကောင်းတဲ့အဆီဟာ လူတွေ စားသုံးသင့်တဲ့ အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြောစနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်း စေပါတယ်။ အိုမီဂါ သရီးဖက်တီး အက်စစ်ဟာ အမြင်အာရုံ အားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်း ဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။

သွပ်ဓာတ်
သွပ်ဓာတ်ဟာ မျက်စိအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ ရောင်ခြယ်ဆဲလ် ဖြစ်တဲ့မယ်လ နင်ထုတ်လုပ်ဖို့ အလို့ငှာ ဗီတာမင်အေကို အသည်း ကနေ မြင်လွှာဆီကို ပို့ဆောင် ပေးတဲ့ ကဏ္ဍမှာ ပါဝင် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရတွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာ ငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေး သင့်ပါတယ်။

ကောင်းမွန်တဲ့ အာဟာရ ဓာတ်တွေဟာ အသက်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ မျက်စိကျန်းမာရေး သုတေသနတွေအရ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သိရှိခဲ့ပြီးပါပြီ။ ဒါကြောင့် မျက်စိကျန်းမာရေးကို အလေးထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Myawady  News
လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်

boomber-july17    boomber2-july17
အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးဖောက်ခွဲ

အစိုးရနှင့် ‘ဝ’ တပ်တို့ နှစ်ဘက်တပ်များ ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရ တို့ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေ အနေ တည်ငြိမ်လျက် ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။

ကျပ်သိန်း ၁၄၀ဝ ကျော်ရှိ မူးယစ်ဆေးနှင့် အတူ စိန်ပြောင်း၊ လက်ပစ်ဗုံးတို့ ပါဝင်သည့် လက်နက် အမြောက်အမြား သိမ်းဆည်းရမိ

ကျပ်သိန်း ၁,၄၀ဝ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး များ တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်၍ အခြားအိမ်တစ်လုံးသို့ ဇူလိုင် ၁၄ ရက်က ဝင်ရောက်ရှာဖွေရာတွင် သေနတ်၊ လက်ပစ်ဗုံး၊ စိန်ပြောင်း အပါအဝင် လက်နက်သုံးလက်တို့ကို ရှာဖွေတွေ့ရှိရသည်ဟု တောင်ကြီးရဲစခန်းက သတင်း ထုတ်ပြန်သည်။

မိမိ ကိုယ်တိုင်ရော လက်အောက်ရှိ တပ်ဖွဲ့ဝင် များကိုပါ ကျန်းမာရေးနှင့် လျော်ညီအောင် စားသောက် နေထိုင်ရေး ကြပ်မတ် ထိန်းသိမ်းပေး

နေပြည်တော် ဇူလိုင် ၁၆
တပ်မတော်သည် စည်းကမ်းကို အခြေခံ ထား၍ စည်းကမ်းရှိသော တပ်မတော်ဖြစ်ရန် အတွက် အရာရှိ၊
စစ်သည်များ အားလုံး စည်းကမ်း အရာတွင် စံနမူနာပြဖြစ်အောင် နေထိုင်လုပ်ကိုင် သွားကြရန်

မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များမှာ အလွန်အမင်း ရှုပ်ထွေးနေပြီး အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေရာ တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်

သမ္မတ အနေဖြင့် နှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ပြောကြားမှုကို တည်ကြည်စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ နှစ်မကုန်မီ လွှတ်ပေးမည်ဟု ပြောကြားမှုကို ကြိုဆိုကြောင်းနှင့် သမ္မတအနေဖြင့် ၎င်း၏ပြောကြားမှုကို တည်ကြည် စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ပြော ကြားသည်။    

ဗဟိုအုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူအကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု နိုင်ငံတော်သမ္မတ ပြောကြား

ဗဟိုအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနေချိန်တွင် စနစ်ဟောင်းမှ အမူ အကျင့်များ ရပ်တန့်နိုင်ရေး ကြိုးစားနေဟု ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ

တပ်ကသိမ်းထားသည့် လယ်မြေများထဲမှ ဧက ၁၈၃၆၀ ကျော် မူလပိုင်ရှင်ထံ ပြန်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

military-july17
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ နယ်မြေအတွင်းရှိ တပ်သိမ်းလယ်မြေများအား အရှေ့တောင်တိုင်း စစ်ဌာန ချုပ် စခန်းရုံးမှ တာဝန်ရှိသူအချို့ စစ်ဆေးရန် ဇူလိုင် ၃ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ-မောင်မောင်ရွှေမြိုင်)
တပ်မတော်က သိမ်းယူထားခဲ့သည့် လယ်ယာမြေများထဲမှ ပြန်လည်ပေးအပ်၍ရသည့် လယ်ယာမြေ

ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ရန်ကင်းကလေး ဆေးရုံကြီး၌ စတင်ခွဲစိတ်

4legsbaby-july17
ဇူလိုင် ၁၆ ရက်က ရန်ကင်းကလေး ဆေးရုံကြီးတွင် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက်လေးချောင်းပါ သုံးလခွဲအရွယ် ကလေး

Tuesday, 16 July 2013

မီးကြွင်း မီးကျန်မှ စ၍ မီးလောင်မှုဖြစ်

Photo: မီးကြွင်းမီးကျန်မှ စ၍မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၆

၁၅.၇.၂၀၁၃ ရက်နေ့ ၁၄၀၅ အချိန် ရွှေပြည်သာမြို့နယ်၊
(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းသွယ်ရှိ ဒေါ်လှရွှေ (၅၅)နှစ်၊ (ဘ)ဦးကျင်စိန်၏ ကျူးကျော်တဲနေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးဖိုအားကာရံထားသောထရံမှတဆင့် နေအိမ်ခေါင်မိုးအား ကူးစက်လောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်
ခဲ့၍ ၁၄၁၀ အချိန်မီးငြိမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၀၀၀)ခန့်
ဆုံးရှုံးခဲ့သဖြင့် မီးပေါဆစွာသုံးစွဲသူ ဒေါ်လှရွှေအပေါ်
ရွှေပြည်သာမြို့မရဲစခန်း(ပ) ၅၁၄/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
၁၅.၇.၂၀၁၃ ရက်နေ့ ၁၄၀၅ အချိန် ရွှေပြည်သာမြို့နယ်၊ (၁၈) ရပ်ကွက်၊ ဆိပ်ကမ်းသာ လမ်းသွယ် ရှိ ဒေါ် လှရွှေ (၅၅)နှစ်၊ (ဘ)ဦးကျင်စိန်၏ ကျူးကျော်တဲနေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးဖိုအား ကာရံ

မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

Photo: မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

ဇူလိုင်လ ၁၆ ရက် ၂၀၁၃

မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူမှာ KIA အဖွဲ့ ရင်း(၁၉)မှ တပ်သားအဆင့်ရှိသူဖြစ်ပြီး မိုးညှင်းမြို့နယ် ကာဒူ ကျေးရွာ၌ မိဘများနှင့်အတူနေထိုင်သော အသက်(၂၀)နှစ်အရွယ် ဗမာလူမျိုးဖြစ်ကြောင်း ၎င်းသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ၀ိုင်းမော်မြို့နယ် သံဝိုင်ရွှေမှော်သို့ သွားရောက်၍ ရွှေကျင် ကျင်းသားအဖြစ် အလုပ်လုပ်ကိုင်နေစဉ် KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ၎င်းအပါအ၀င် ကျင်းသား(၅၀)ဦးခန့်အား လက်ပြန် ကြိုးတုတ်ပြီး မျက်နှာတွင် အ၀တ်များစီး၍ တပ်ရင်း(၃၀)သို့ ပို့ဆောင်ခဲ့ရာ လမ်း၌ တစ်လခန့်ကြာမြင့်ခဲ့ကြောင်း၊ တပ်ရင်း(၃၀)တွင် သင်တန်းသားအင်အား(၁၀၀)ဦးဖြင့် ၂ လကြာအောင် သင်တန်းတက်ရောက်ခဲ့ရပြီး၊ သင်တန်းဆင်းပြီးသောအခါ တပ်ရင်း(၁၉)သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတပ်ရင်းတွင်(၁၀)ရက်ခန့်နေထိုင်ခဲ့ပြီး KIA မုန်ဆန်ယန်သင်တန်းကျောင်းတွင် ဆေးသင်တန်း ၆ လ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း၊ သင်တန်း တက်နေစဉ် ၅ လခန့် အကြာ ဇွန် ၂၇ ရက်တွင် ၎င်းနှင့်အတူ သင်တန်းသား(၄)ဦး ထွက်ပြေးခဲ့ရာ (၂)ဦးစီ လမ်းကွဲသွားခဲ့ကြောင်း၊ ၎င်းနှင့်ရ၀မ်လူမျိုးလူငယ်တို့သည် မြစ်ကြီးနား-ဗန်မော် ကားလမ်းအားဖြတ်၍ တာလော ကြီးကျေးရွာအနီး ၀ိုင်းမော်မြို့မှတစ်ဆင့် ကာဒူကျေးရွာရှိ၎င်း၏ မိဘများနေအိမ်သို့ ရောက်ရှိခဲ့ပြီး ရ၀မ်လူငယ် ကတော့ မြစ်ကြီးနားမြို့တွင် ကျန်ခဲ့ပြီး ပူတာအိုမြို့ဇာတိဖြစ်ကြောင်း၊ မိဘများနေအိမ်မှတစ်ဆင့် မိုးညှင်းမြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးတစ်ရုံးသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်ကို ဌာနဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်မှုကြောင့် တပ်ဖွဲ့ဝင်ဖြစ်နေကြသော ဒေသခံတိုင်းရင်းသားများသည် အစိုးရဌာနဆိုင်ရာရုံးများသို့ အလင်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ် ပေါ်လျက် ရှိရာ ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလင်းဝင် KIA တပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်း(၆)ဦးရှိပြီဖြစ်ကြောင်း ၎င်း ဌာနရုံးအသီးသီးမှ သိရှိရပါသည်။

ခွန်နော်

Kachin Daily News
မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင် တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရ သည်။

Harley Davidson က ထုတ်မယ့် Dual Sport ဆိုင်ကယ်

Photo: Harley Davidson ကထုတ်မယ့် Dual Sport ဆိုင်ကယ်

==============================

တည်ထောင်သူ William S. Harley နှင့်Arthur Davidson တို့ကိုအစွဲပြုပြီး
ပေါ်ပေါက်လာတဲ့ အဆိုပါ မော်တော်ဆိုင်ကယ် ကုမ္ပဏီဟာဆိုရင် လွန်ခဲ့တဲ့
နှစ်ပေါင်း ၁၁၀ ကတည်းကတည်ရှိနေတာပါ။

စတင်ထုတ်လုပ်တဲ့ နှစ်ကစလို့ယခုချိန်ထိ မော်လ်ဒယ်မြင့် မကွဲပြားတဲ့ဒီဇိုင်း
နဲ့ ယနေ့အချိန်ထိထုတ်လုပ်လာခဲ့တာ ၁၉၀၃ ခုနှစ်ကတည်းကပါပဲ။
မြန်မာအခေါ် လမ်းသရဲ ဆိုင်ကယ်ဒီဇိုင်းသာမြင်တွေ့ခဲ့ရပေမယ့် ယခုမှာတော့
ပြိုင်ပွဲဝင် ဆိုင်ကယ်ဒီဇိုင်း Harley-Davidson SC3 Adventure Dual Sport 
လို့ခေါ်တဲ့ ဆိုင်ကယ်ကို မကြာခင်ထုတ်လုပ်တော့မှာပါ။

ဒီဇိုင်းပညာရှင် Jim Carducci ရဲ့ မတူကွဲပြားတဲ့ဒီဇိုင်းနဲ့ မကြာခင်မြင်တွေ့ဖို့
ရှိတဲ့ Harley-Davidson SC3 Adventure Dual Sport ကိုယခုလိုပဲသားနား
စွာမြင်တွေ့ရမှာပါ။

Ref:techblog
Khun Nay(August Myanmar Media Group)
By: Guide Magazine
တည်ထောင်သူ William S. Harley နှင့် Arthur Davidson တို့ကိုအစွဲပြုပြီး ပေါ်ပေါက်လာတဲ့ အဆိုပါ မော်တော်ဆိုင်ကယ် ကုမ္ပဏီ ဟာ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀ ကတည်းကတည်ရှိနေတာပါ။

အိမ်ထောင်သက် ကိုးလပြည့် မှာ ဆိုတေး ဇနီး ဝင့်ကုဋေသူ ၏ ကြေကွဲ ဖွယ် ဈာပန

Photo: အိမ်ထောင်သက်ကိုးလပြည့်မှာ ဆိုတေး ဇနီးဝင့်ကုဋေသူ၏ ကြေကွဲဖွယ် ဈာပန
Tuesday, July 16, 2013

မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက်သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။

ဒီလိုကိုယ်တိုင်သွားရောက်သတင်းမေးမြန်းသူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... “ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။ အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။

ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။

ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။ သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။

ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

ခိုင်ဝေလွင် 

Popular Journal
မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက် သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။

ဆေးရွက်ကြီးစိုက် တောင်သူများ ခေါက်ချိုးမြတ်

Photo: ဆေးရွက်ကြီးစိုက် တောင်သူများ ခေါက်ချိုးမြတ်
Tuesday, July 16, 2013

ဆေးရွက်ကြီး ဈေးကွက် ပေါက်ဈေး မြင့်တက်နေသဖြင့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ ဆေးရွက်ကြီး စိုက်ပျိုးသူ ဒေသခံ တောင်သူ များသည် စိုက်စရိတ်၏ ထက်ဝက်ခန့် အကျိုးအမြတ် ရရှိကြောင်း ယင်းဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများ က ပြောကြားသည်။

“ဆေးရွက်ကြီးက စိုက်ပျိုးစရိတ်ထက်ကို ထက်ဝက် မြတ်တယ်” ဟု ယင်းဒေသ ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးဖြစ်သူ ဦးသိန်းထွန်းနိုင်က ဆိုသည်။

အဆိုပါဒေသထွက် ဆေးရွက်ကြီးများကို မန္တလေးနှင့် မြင်းခြံရှိ ဆေးလိပ်ခုံ များသို့ တိုက်ရိုက် တင်ပို့သည့် ဈေးကွက် အနည်းငယ်ခန့်သာ ရှိကြောင်း၊ ယင်းဆေးရွက်ကြီး ဝယ်ရောင်း လုပ်ကိုင်သူများမှ တစ်ဆင့် ရောင်းချမှု များကြောင်း ငါန်းဇွန်မြို့နယ် ငါးမြာကြီး ကျေးရွာမှ ဆေးရွက်ကြီး စိုက် တောင်သူ ဦးမျိုးထက်က ပြောကြားသည်။

“မနှစ်က ဒီလိုအချိန်မှာ အချိန် ၁၀၀ ပိဿာကို ၁၁၀,၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်။ ဒီနှစ်တော့ ၁၀၀,၀၀၀ ဝန်းကျင်ပဲ ပေါက်တယ်” ဟု မြင်းခြံမြို့နယ် ညောင်ပင်သာကျေးရွာ ဒေသခံ ဦးသိန်းထွန်းနိုင်က ဆိုသည်။

မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်တို့ရှိ ကျေးလက် ဒေသများတွင် ဆေးရွက်ကြီး စိုက်ပျိုးမှု များပြားပြီး နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင် စိုက်ပျိုးကြောင်း၊ အပင်ပေါက်မှာ ခြောက်လခန့် အကြာတွင် ရောင်းချသည့် အဆင့်သို့ ရောက်ရှိပြီး တစ်ဧကလျှင် အပင် ၆၀၀၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက ထွက်နှုန်းမှာ ပိဿာချိန် ၅၀၀ ခန့် ရှိကြောင်း ဆေးရွက်ကြီးစိုက် တောင်သူများထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
ဆေးရွက်ကြီး ဈေးကွက် ပေါက်ဈေး မြင့်တက်နေသဖြင့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ ဆေး ရွက်ကြီး စိုက်ပျိုးသူ ဒေသခံတောင်သူများသည် စိုက်စရိတ်၏ ထက်ဝက်ခန့် အကျိုးအမြတ် ရရှိကြောင်း ယင်းဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများ က ပြောကြားသည်။

သက်မွန်မြင့် - သေသေချာချာမသိဘဲ ကိုယ့်နိုင်ငံကို နှိမ့်ချပြီးပြောတာမျိုး စိတ်မကောင်းဘူး

Photo: သက်မွန်မြင့် - သေသေချာချာမသိဘဲ ကိုယ့်နိုင်ငံကို နှိမ့်ချပြီးပြောတာမျိုး စိတ်မကောင်းဘူး
Tuesday, July 16, 2013

Queen Jewel ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှ ဒေါ်ဖြူဖြူခိုင် စီစဉ် ထုတ်လုပ်တဲ့ ဖြူ (အ၀ကျွန်း) ဇာတ်လမ်းကို ဇာတ်ညွှန်း သည်ခေတ်နေ၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး နေတိုး၊ သက်မွန်မြင့်၊ ရတနာဖြူဖြူအောင်၊ ဇော်ဦး၊ အောင်ခိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ သား ညီ၊ ဇော်ဇော်အောင်၊ ဒိန်းဒေါင်၊ ကေညီ၊ ကေငြိမ်း၊ မေသဉ္ဇာဦး၊ ၀ါဝါအောင်၊ သန်းသန်းစိုး၊ အေးသီတာ၊ လမင်းကဗျာနဲ့ သရုပ်ဆောင်များစွာ ပါဝင်တဲ့ ``နက္ခတ်မှားတဲ့တိုက်ပွဲ´´ ရုပ်ရှင် ကန်တော့ပွဲပေးအခမ်းအနားကို ဇူလိုင် (၄)ရက်၊ နံနက် (၉)နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင် ဇာတ်လမ်းမှာ နေတိုးက ဇာတ်ရုပ် (၃)မျိုးနဲ့ သရုပ်ဆောင်ထားပြီး သက်မွန်မြင့်ကလည်း ဇာတ်ရုပ်ပုံစံနှစ်မျိုးနဲ့ သရုပ်ဆောင်ထားကာ ရတနာ ဖြူဖြူအောင်ကတော့ NGO မှာအလုပ်လုပ်တဲ့ ဆရာဝန်မလေးပုံစံ သရုပ်ဆောင်မယ်လို့ သိရပါတယ်။

``သက်မွန်က ကျောင်းတက်ရတာ၊ စာကျက်ရတာ အရမ်းဝါသနာပါတယ်။ ဒါပေမဲ့ ကိုယ်ဖြစ်လာတာ သရုပ်ဆောင်ဆိုတော့ ဒီအလုပ်က စိတ်နှစ်ရတယ်။ အချိန်အရမ်းပေးရတယ်။ ကိုယ်ပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ ဒီရိုက်ကွင်းပေါ်မှာ နေနေရတဲ့အခါကျတော့ ကျောင်းတက် ဖို့အချိန်မပေးနိုင်ဘူး။ ကျောင်းတက် မယ်ဆိုရင် ကျောင်းတက်ပြီး စာမလိုက်နိုင်ဘူးဆိုတာလည်း မဖြစ်ချင်ဘူး။ အသက်အရွယ်ကလည်းစကား ပြောလာပြီလေ။ ဘာပဲဖြစ်ဖြစ် သက်မွန်ကျောင်းသီးသန့်တက်တာ မျိုးမဟုတ်ဘဲ ဘာသာစကားတစ်ခုခုကို သင်ဦးမယ်လို့စိတ်ကူးထားတာ မျိုးရှိပါတယ်။ ခုလောလောဆယ် တော့ဒီအလုပ်ကို စိတ်နှစ်ပြီးလုပ်ချင် သေးတယ်။ လက်မလွှတ်ချင်သေးဘူး´´ ဆိုတဲ့ သက်မွန်မြင့်ကို ခဏတာ မေးမြန်းခဲ့ပါတယ်။

Q. သက်မွန်ဒီကားထဲမှာ သက်မွန်ရဲ့ဇာတ်ရုပ်အတွက် ဘယ်လိုပြင်ဆင်ထားလဲ။
A. ဇာတ်ရုပ်ပုံစံနှစ်မျိုးပါ။ အငယ်ဇာတ်ရုပ်ရှိမယ်။ ပြီးရင်အကြီး ကိုနေတိုးရဲ့ အမေနေရာက ဇာတ်ရုပ်ပေါ့။ စိတ်ဖောက်ပြန်နေတဲ့အမျိုးသမီး သူက သွက်သွက်ခါအောင်ရူးနေတာလည်း မဟုတ်ဘူးဆိုတော့ အသက်အရွယ်နဲ့ သူ့ရဲ့စည်းစိမ်နဲ့ လိုက်ဖက်တဲ့ပုံစံမျိုးဖြစ်အောင်တော့ သရုပ်ဆောင်ရမှာပေါ့။

Q. ဒီလိုရူးတဲ့ဇာတ်ရုပ်က သက်မွန်အတွက် ဒါဘယ်နှကြိမ်မြောက်လဲ။
A. သက်မွန် ခဏခဏရိုက်ရတယ်။ ဇာတ်လမ်းကွာရင်တော့ သရုပ်ဆောင်တဲ့ပုံစံတွေ ကွာသွားမှာပေါ့။ အ၀တ်အစားတွေ ဂရုစိုက်ပြီးပြင်တယ်။ အိုက်တင်က သက်မွန် Scene ပေါ်ရောက်ရင် ကိုယ်ပြော ရမယ့်စကား ကိုယ်သရုပ်ဆောင်ရ မယ့် Mood ကို ပီပြင်အောင်လုပ်တယ်။

Q. သရုပ်ဆောင်သက်တမ်း ကြာလာတဲ့အခါ ဇာတ်ရုပ်တွေက ကိုယ့်အတွက် ပိုပြီးလွယ်ကူလာစေလား။
A. စစချင်း သရုပ်ဆောင်ခါစ တုန်းကလောက် မခက်တော့ဘူး။ ရိုက်တာများလာတဲ့အခါ ဒါရိုက်တာတွေရဲ့ သင်ပြမှု၊ အတွေ့အကြုံတွေက ရတဲ့သဘောတရားတွေ နားလည်လာတယ်။ ၀ါရင့်သရုပ်ဆောင်တွေကြည့်ပြီး ပညာယူတယ်ဆိုတော့ အရင်လောက်မခက်ခဲပေမယ့် ဒီအလုပ်က စိတ်နဲ့လုပ်ရတဲ့အလုပ် တစ်ခုဖြစ်တယ်။ စိတ်ကြည်နေရင်လုပ်ရတာ လွယ်ကူတယ်။ အိပ်ရေးတွေပျက်ပြီး အရမ်းပင်ပန်းနေတဲ့ အခါ ကိုယ့်စိတ်ကို ခိုင်းရတာမလွယ်ဘူး။ အဲဒီခါကျရင်တော့ သရုပ်ဆောင်ရတာခက်တယ်။

Q. ရုပ်ရှင်ဇာတ်ကား အရေအတွက် လျော့ရိုက်ခိုင်းတာကသက်မွန်အတွက် ပိုပြီးသက်သောင့်သက်သာ ဖြစ်စေလား။
A. တစ်ခုခုမှာ အဆိုးအကောင်းက ဒွန်တွဲနေတာပါပဲ။ အဲဒီလိုသတ်မှတ်လိုက်တဲ့အတွက် လူက အနားရသွားတယ်။ ပြင်ဆင်ချိန်တွေ ရလာတယ်။ တစ်ခါတစ်ရံမှာ ဇာတ်လမ်းအရ ဆယ်ရက်လုံး မရိုက်ရတဲ့ ဇာတ်လမ်းတွေရှိတဲ့အခါ အနားပိုရတယ်။ ကြော်ငြာရိုက်ဖို့ ရက်ချိတ် လွယ်တာလေးတွေ ရှိလာတယ်။ တစ်ဖက်ကကြည့်ရင် ကားရိုက်ရက် ကားအရေအတွက်သာ သတ်မှတ်လိုက်တာ ၀င်ငွေကတိုးလာတာ မဟုတ်ဘူး။ ၀င်ငွေဘက်ကြည့်ရင် တအားနာတယ်။ ရင်မောရတဲ့ အပိုင်းလေးတွေရှိတယ်။ တခြားသူတွေလည်း အဲဒီလိုအခက်အခဲ လေးတွေရှိကြမှာပါပဲ။ တစ်သက်လုံး ဒီလိုပဲသွားမှာလားဆိုတော့ မသေချာဘူးလေ။ ပြုပြင်နေဆဲ ကာလဆိုတော့ ဈေးကွက်ပျက် နေတာတွေလည်းပါတယ်။ အဲဒီအတွက် သူတို့ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အပေါ်မှာ သရုပ်ဆောင်အနေနဲ့ သက်မွန်တို့က တစ်တပ်တစ်အား ကူညီပေးတဲ့သဘောပါပဲ။

Q. ပိန်သွားတယ်နော်။ ဇာတ်ကားအတွက် ၀ိတ်ချထားတာလား။
A. မဟုတ်ဘူး။ ``လူးရတနာသိုက်´´ ရုပ်ရှင်ရိုက်တုန်းက တအားပင်ပန်းတယ်။ တစ်သက်နဲ့တစ်ကိုယ် အဲဒီလောက် ပင်ပန်းတာမရိုက်ဖူးဘူး။ နေ့လယ်ရိုက်ညကျရင် နောက်တစ်နေရာကူး။ နေ့စဉ်ရက်ဆက် မြို့ တွေကို ကူးပြီးရိုက်ရတာ ရိုက်ရက် (၂၀) ပြည့်ပဲ။ တောထဲမှာရိုက်တဲ့အခါ အစားအသောက်အနေ အထိုင်ကလည်း ဆင်းရဲတယ်။ လူလည်းမောပြီးပိန်သွားတယ်။

Q. အဲဒီထဲက ၀တ်စုံဒီဇိုင်းတွေ က ဘယ်သူ့ Idea လဲ။
A. လူးလူမျိုးတွေအကြောင်းရိုက်တာဆိုတော့ ဒါရိုက်တာနဲ့ဒီဇိုင်နာ တိုင်ပင်ပြီးလုပ်ထားတာပါ။ ဆံပင်နဲ့တခြား accessories လေး တွေကတော့ သက်မွန်စဉ်းစားပြီး လုပ်ရတာပေါ့။

Q. အဲဒီထဲက သက်မွန်ရဲ့ပုံနဲ့ PEE MAK ထဲက NAK ရဲ့ပုံနဲ့ ယှဉ်ထားတဲ့အပေါ်မှာရော ဘယ်လို ခံစားမိလဲ။
A. ဒါကတော့ လူတွေကသူတို့ စိတ်ကူးရတာလုပ်တာပဲ။ ကိုယ်က အနုပညာရှင်ဖြစ်နေတော့ ဒါကို မလုပ်နဲ့လို့လည်း ပြောလို့မရဘူး။ တစ်ခုပဲ Comment တွေ ဖတ်တဲ့အခါမှာတော့စိတ်မကောင်းဘူး။ သူတို့ သေသေချာချာ တိတိကျကျမသိဘဲ ကော်ပီလား၊ ကော်ပီမဟုတ်ဘူးလား ဆိုတာတွေက အငြင်းပွားနေကြ တယ်။ သက်မွန်တို့က ဇာတ်ကား မထွက်လာသေးဘူး။ ရင်လျားဝတ် တယ်ဆိုတာကလည်း အရင်ခေတ် တွေကလည်း ရှိတာပဲ။ ဆံပင်အလယ်ခွဲတယ်ဆိုတာကလည်း သက်မွန်မော်ဒယ်စလုပ်ကတည်းက ခွဲခဲ့တာ။ အရမ်းစိတ်အနှောင့်အယှက် ဖြစ်တာ မဟုတ်ပေမယ့် Comments တွေထဲမှာ ဆဲတာတွေပါတော့ အဲဒါတွေကို သဘောမကျဘူး။ မြန်မာ့ရုပ်ရှင်ကညံ့တယ်။ သူများနိုင်ငံကကားကို ကော်ပီကူးချတယ်ဆိုပြီး မသိဘဲ ကိုယ့်နိုင်ငံကိုယ်နှိမ့်ချ ပြောတာမျိုးတော့ တကယ်ကိုစိတ်မကောင်းဘူး။

Q. သက်မွန် Printed မီဒီယာနဲ့ပတ်သက်ပြီး ဓာတ်ပုံမရိုက်ပေးတော့ဘူးဆိုပြီး ဖြစ်မိလား။
A. မရိုက်ပေးဘူးဆိုတာတော့ မရှိပါဘူး။ သက်မွန်က အလုပ်တွေ ဆက်တိုက်လုပ်နေတော့ သူတို့ရိုက် ချင်တဲ့အချိန် ကိုယ့်ဘက်ကလည်း မအားတဲ့အခါကျတော့ မရိုက်ဖြစ် တာတွေရှိတယ်။ စာနယ်ဇင်းဆိုတာက ကိုယ်စလုပ်ကတည်းက ကျေးဇူးရှိတဲ့သူတွေပရိသတ်နဲ့ကိုယ့်ကိုပေါင်း ကူးပေးတဲ့သူတွေဆိုတော့ အဲဒီလို တစ်ခါမှ မစော်ကားဖူးပါဘူး။

Q. မီဒီယာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးလား။
A. ဒါကတော့ လောကတစ်ခုမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိမယ်။ ကိုယ့်ကိုစိတ် ချမ်းသာမှုပေးတဲ့သူရှိသလို စိတ်အနှောင့်အယှက်ပေးတဲ့သူလည်း ရှိမယ်။ ဒါကတော့ သဘာဝပါပဲ။ အဲဒီ အပေါ်မှာ သိပ်မခံစားပါဘူး။ တစ်ခုရှိတာက ဒီမှာက ကိုယ့်ရဲ့လုပ်ငန်းခွင်ကို သတင်းသမားကလာရတာ သီးသန့်အချိန်ပေးပြီးလုပ်တာရှားတယ်။ နိုင်ငံရပ်ခြားမှာဆိုရင် အင်တာဗျူး တစ်ခုလုပ်မယ်ဆိုရင် သီးသန့် Appointment ယူ သေချာချိန်းပြီးပြော ဆိုကြတာ ဒီမှာကကိုယ့်ရဲ့အလုပ်ချိန် ရှုတင်မှာလာပြီးမေးရရှာတာကိုး။ တစ်ခါတစ်ရံမှာ ကိုယ်ကလည်း လောနေတဲ့အချိန်၊ ဒီဇာတ်ရုပ် အပေါ်မှာ စိတ်နှစ်နေတဲ့အချိန်ကျရင် မဖြေပေးနိုင်ဘူး။ အဲဒါလေးတော့ စာနယ်ဇင်းဘက်က နားလည်ပေးရမယ်ထင်ပါတယ်။ တချို့က လည်းစောင့်ပါတယ်။ တချို့ကလည်း ဟာဆိုပြီးပြန်သွားကြတယ်။ အဲဒီလိုတွေတော့ ကြုံခဲ့ဖူးပါတယ်။

Q. ပရိသတ်ကိုရော
A. ခုချိန်ထိအားပေးတဲ့ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ သက်မွန်ဘက်ကနေလည်း အားပေးရကျိုး နပ်အောင်အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ 

မေသက် (8 DAYS JOURNAL)
Queen Jewel ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှ ဒေါ်ဖြူဖြူခိုင် စီစဉ်ထုတ်လုပ်တဲ့ ဖြူ(အ၀ကျွန်း)