Friday, 29 March 2013

ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ


ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ 
Friday, March 29, 2013

ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်
ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်း
ချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နောက်ထပ်ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ မွတ်စလင်သူပုန်တွေ လက်ချက်ဖြစ်တယ်လို့ စွတ်စွဲမှုတွေရှိနေစဉ်မှာပဲ ထိုင်းအစိုးရနဲ့  သူပုန်တွေအကြား ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေး
ဆွေးနွေးကြတာဖြစ်ပါတယ်။

အခုလိုဆွေးနွေးရာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ကျဖို့ နဲ့  ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဓိက ရည်ရွယ်တယ်လို့  ထိုင်း
အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ကနေ
အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့  ထိုင်းအမျိုးသား လုံခြုံရေး ကောင်
စီ အကြီးအကဲ က အကောင်းမြင်ပြောဆိုပေမဲ့ အချိန်အတိုင်း အတာ
တော့ ကြာလိမ့်မယ်လို့ ခန့် မှန်းပါတယ်။ 

VOA
ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။

ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား



Photo: ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိဘာ့ကြောင့် ပျောက်ဆုံးနေတယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြားထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုရဲမင်းဦးရဲ့ အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

"၂၅ ရက်နေ့ည ၉ နာရီကျော်လောက်ကပါ၊ အရပ်ဝတ်အရပ်သား နှစ်ယောက်ပေါ့၊ လူနှစ်ယောက်တက်လာပြီးတော့ သူ့ကိုခေါ်တယ်ပေါ့၊ ကြေးသွန်းဘုရားကြီးရှေ့မှာ ကြံရည်ဆိုင်မှာသွားပြီး စကားပြောကြပါတယ်တဲ့၊ အဲဒါကို မသင်္ကာလို့ အနောက်က ကိုယ်တော်နှစ်ပါးက စောင့်ကြည့်တယ်ပေါ့၊ နောက်ထပ်လူငါးယောက် အားလုံးခုနှစ်ယောက်ကတဲ့ ဘင်ကားနဲ့ ကိုရဲမင်းဦးကို ခေါ်သွားပါတယ်၊ ထူးခြားတဲ့ဖြစ်စဉ်ဆိုလို့ ဘာမှကိုမေးမြန်းစုံစမ်းလို့ မရဘူးခင်ဗျ၊ နောက်ကျနော်ကနေ ၂၆ ရက်နေ့ မနက်မှာပဲ ဗဟန်းရဲစခန်းမှာ အမှုစဖွင့်တယ်၊ လူပျောက်နဲ့ဖွင့်ထားတယ်၊ ဒီနေ့မနက်လည်းထပ်သွားပါသေးတယ်၊ သူတို့က လူပျောက်တဲ့ကိစ္စကလွဲပြီး ဘာမှမသိရသေးပါ၊ ဘာမှစုံစမ်းလို့ မရသေးပါဆိုပြီး အတည်ပြုချက်ပေးပါတယ်ခင်ဗျ "

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအပါအ၀င်  နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးကွန်ရက် အဖွဲ့အစည်းတွေဆီကိုလည်း ပျောက်ဆုံးနေတဲ့ အခြေအနေကို ရေးသားပေးပို့သွားမယ်လို့ ကိုဖိုးသားက ဆိုပါတယ်။

ကိုရဲမင်းဦးဟာ အသက်၂၆ နှစ်အရွယ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ရခိုင်လူငယ်ကွန်ရက်မှာလည်း တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦး ဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက် ဆုံးနေ တယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြား ထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုရဲမင်းဦးရဲ့အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း




3.28.2
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ကြိုးပမ်းနေသော အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ အကြမ်းဖက်လူတစ်စုက ရည်ရွယ်ချက် ရှိရှိ ဆောင် ရွက်နေချိန်တွင် ဘာသာကြီးလေးဘာသာမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယ မ၀င်ပဲ မေတ္တာ ထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်း မှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Thursday, 28 March 2013

စင်ကာပူ သမ္မတ မြန်မာနိုင်ငံ လာရောက်မည်

သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ စင်ကာပူ သမ္မတ ဒေါက်တာ တိုနီ တန် ကင် ယမ်းနှင့် ဇနီး မစ္စစ် မေရီ ကန်တို့သည် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

ဧရာဝတီ

အဓိကရုဏ်းများနှင့်ပတ်သက်၍ အခြေအနေမဲ့များအားလုံးကို စိုးရိမ်ပူပန်သဖြင့်ကရုဏာလက်များကွန်ရက် ကြေညာချက်ထုတ်ပြန်

အခြေအနေမဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက် ပညာသင်ကြားပေးနေေ သာကရုဏာ လက်များ ကွန်ရက်အနေဖြင့် အဓိ ကရုဏ်း များကြောင့် အခြေအနေမဲ့များအားလုံးကို စိုးရိမ်ပူပန်သဖြင့် ကြေညာချက်ထုတ်ပြန်သည်လိုက်ကြောင်းသိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် (၆၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတက်ရောက်

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် (၆၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတက်ရောက်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ၂ဝ၁၃ ခုနှစ် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့်  ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား ကျင်းပ သည့် ဇေယျာ သီရိဗိမာန် ဥပစာရင်ပြင်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိလာပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းနှင့် ဇနီး ဒေါ် မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇ နီး ဒေါ်အေးအေးသန်းတို့နှင့် အတူ အခမ်းအနားသို့ တက်ရောက် လာကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ (၆၈)နှစ်မြောက် တပ်မတော် နေ့ စစ်ရေးပြမှူးကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား စစ်သံမှူးများ၊   တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ တပ်ဖွဲ့ ဝင် ကျောင်းဆရာများနှင့် ကျောင်းသားများ၊ အနုပညာ ရှင်များနှင့် ဖိတ်ကြား ထားသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်

Read more>> http://bit.ly/14pHODK
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။

လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရက ကျပ် ဘီလျံ၂,၃ဝဝ နီးပါး ပိုသုံးမည်


လာမည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အ တွက် အစိုးရ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း(ဘတ်ဂျက်)အရ ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း လျာထားအသုံးစရိတ်မှာ ယခင် ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၂,၃ဝဝနီးပါး ပိုမိုသုံးစွဲမည်ဖြစ်သည်။

မန္တလေး တိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်




မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။

တပ်မတော်နေ့မှ ဖြစ်ပေါ်လာသော အတွေးစများ



(ဒီနေ့တော့ ကိုစစ်နိုင်အေးရေးထားတဲ့ သုံးသပ်ချက်ဆောင်းပါးလေးကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...။)


  • ဒီနေ့ဟာ (၆၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ နံနက်စောစော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုလေး တချို့ကို ရေးသားချင်လာပါတယ်။

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ


တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ

မတ်လ ၂၈ ရက်၊ ၂၀၁၃ 

တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓ ဟူးနေ့က အားကောင်းတဲ့ ငလျင်တခု လှုပ်သွား တာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေကပြော ပါတယ်။ ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ဒေသဆိုင်ရာ ကယ်ဆယ်ရေးဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။

ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၀ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပြီး ငလျင် လှုပ်တာကို တကျွန်းလုံးမှာ ခံစားလိုက်ကြရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်ပေမြို့တော်မှာ အဆောက်အဦးတွေ ယိမ်းယိုင်လှုပ်ခါသွားပြီး အပျက် အစီးကို တိုင်းတာ စစ်ဆေးဖို့ အတွက် မြန်နှုန်းမြင့်ရထား လိုင်း တချို့ကို ရပ်ဆိုင်းထား လိုက်ပါတယ်။

Nantou အရပ်က ငလျင်ဗဟိုချက်နားမှာ အစိုးရရုံးတရုံးက နံရံတပိုင်း ပြိုကျတာကြောင့် အလုပ်သမားတဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိ သူတွေကပြောပါတယ်။

VOA တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်းတဲ့ ငလျင်တခုလှုပ်သွားတာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရ ခဲ့တယ် လို့ တာဝန်ရှိသူတွေကပြော ပါတယ်။ ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ဒေသဆိုင်ရာ ကယ်ဆယ်ရေး ဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။

တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်


တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်
===============================

Thursday, March 28, 2013 

ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေး
ကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။

ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာ
များမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ဝယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက ပြောသည် ။

“ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုး
တစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် ” ဟု သူက ဆိုသည် ။

မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀ဝ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈ သောင်း ဝန်းကျင် (ကျပ်သိန်း ၁၀ဝ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။

ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက – “ အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့ ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ဝယ်ထားကြတယ် ” ဟု ဆိုသည် ။

ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီ
များ အဝယ်လိုက်နေကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

ZinYawNews
ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ဝယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစား တစ်ဦး က ပြော သည် ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီသာ ဆောင်ရွက် သွားပါမည်



မိတ္ထီလာမြို့၌ သာမန်ဈေး အရောင်းအဝယ် အချင်းများရာမှ လူအုပ်စုဖြင့် အဆောက် အအုံ များ၊ ဈေး ဆိုင်ခန်းများ ဖျက်ဆီးခြင်း၊ ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် မြို့နယ်၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဖောက်ဖျက်မှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ဒေသ ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများက အခြေအနေအား ထိန်းသိမ်းခဲ့ရပါသည်။ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မတ်လ
၂၀ ရက်နေ့တွင် ည ၈ နာရီမှ စတင်ကာ မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှူးက မိတ္ထီလာ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄)ကို ကျင့်သုံး၍ တားမြစ်မိန့် ထုတ်ပြန်ခဲ့ ပါသည်။

တန်ဘိုးနည်း ဆင်မ်ကတ် ဈေးနှုန်း မသတ်မှတ်ရသေး


တန်ဘိုးနည်း ဆင်မ်ကတ် ဈေးနှုန်း မသတ်မှတ်ရသေး 
==============================

Thursday, March 28, 2013

တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး မကြာခင် ရောင်းချပေးဖို့ အစီအစဉ်ရှိပေမယ့် ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့ ဆက်သွယ်ရေး ၀န်ကြီးဌာနက အိုင်တီ ၀န်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က
ပြောလိုက်ပါတယ်။

ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်ပုံစံ ဖြန့်ဖြူးမယ်ဆိုတာ မသိရသေးကြောင်း မြန်မာ့အလင်း သတင်းစာ ကို ဦးဌေးဝင်းက မတ်
လ ၂၅ ရက်နေ့က ပြောသွားတာပါ။ 

"ကျနော့်ဘက်က ၃ သန်းရှိတာတော့ သေချာတယ်။ ဖုန်းတသန်းပဲ ချပေးမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ ဦးဌေးဝင်းက ပြောသွား
တာကို ယနေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဖုန်းလိုင်းတွေ ချထားပေးဖို့ ဆက်သွယ်ရေး တာဝါတိုင်တွေ လုံလောက်မှု
မရှိသေးဘူးလို့တော့ သူက ပြော ထားပါတယ်။

"ရန်ကုန်နဲ့ မန္တလေးမှာ တော်တော်လေး ကြိုးစားရမယ်။ မြို့ပေါ်တွေမှာနေ
ရာသစ်မရရင် စခန်းတိုးချဲ့လို့ မရဘူး" လို့ သူက ဆိုထားပါတယ်။ 

ဒါကြောင့် စခန်းတွေလည်း ထပ်ချဲ့ပြီး လိုအပ်တာတွေလည်း ထပ်ဝယ်တဲ့
ကိစ္စတွေကို အထက်လူကြီးတွေ လည်း စီစဉ်နေတဲ့အကြောင်း ဦးဌေးဝင်း
က ပြောသွားပါတယ်။

မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေတယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ သူ့ရဲ့
ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားတာလေး အမှတ်ရမယ် ထင်ပါ
တယ်။ 

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ
များကို အခြေခံပြီး တိုးချဲ့ပေးနိုင် မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်း မှာ ရောင်းချ 
ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်" လို့ သမ္မတက ဆိုထားတာပါ။ 

မိုဘိုင်းဖုန်း ဆင်မ်ကတ်တွေ ဈေးချိုချိုနဲ့ ရောင်းချပေးမယ်ဆိုလို့ ဖုန်း ဟမ်းဆက် ဈေးတွေလည်း ရိုက်ခတ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ 

လူအများကတော့ တန်ဘိုးနည်း မိုဘိုင်းဖုန်းအတွက် ကင်မ်ပိန်းတွေ
လုပ်ပြီး တောင်းဆိုခဲ့ကြရင်း မျှော်လင့် စောင့်စားနေကြတယ်ဆို
တာကတော့ သေချာပါတယ်။ 

အိမ့်သံစဉ်
ဧရာဝတီ

ZinYawNews

တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး မကြာခင် ရောင်းချပေး ဖို့ အစီအစဉ်ရှိပေမယ့် ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့ ဆက်သွယ်ရေး ၀န်ကြီးဌာနက အိုင်တီ ၀န်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း ကပြောလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်


ဆိုးလ်၊မတ်လ ၂၈ ရက်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီး ယားနိုင်ငံ က တောင်ကိုရီးယား  နဲ့ ဆက် သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေး တဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်း ကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။

ထားဝယ်ဒေသ နောက်ဆုံးအခြေအနေ



ထားဝယ်၊မတ်လ ၂၈ ရက်

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာထဲ ရောက်နေလို့ ပြောင်းပေးရမယ့် ရွာတွေမှာ နေရာချထားရေး ဆိုင်ရာ စာရင်းကောက်ယူမှုတွေ ဒီရက်ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်မယ်လို့ ကြားသိရပါတယ်။

Wednesday, 27 March 2013

ယနေ့ မတ်လ ၂၇ ရက်နံနက် တစ်နာရီကျော်ခန့်က ရန်ကုန်မြို့တော်ခန်းမအနီးတွင် ခြောက်လှန့်ပစ်ခတ်နည်း သရုပ်ပြလေ့ကျင့်နေသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်


(၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား အောင်မြင်ခမ်းနားစွာကျင်းပ၊ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်




နေပြည်တော်၊ မတ်လ ၂၇ ရက်

၂၀၁၃ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနား အား နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ် စစ်ရေးပြအခမ်းအနားအား ယမန်နှစ်များနှင့်မတူပဲ တမူထူးခြားစွာ ကျင်းပခဲ့ကြောင်းလည်း သိရှိရပါ သည်။

ကိုယ်ဝန်ဆောင်များသည် ကြောင်များနှင့်နီးကပ်စွာ မနေသင့်


တကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဖြစ်ပြီး ကြောင်တွေနဲ့နီးကပ်စွာ နေတတ်သူဖြစ် မယ် ဆိုရင် သင်ရော၊ မမွေးသေးတဲ့ သင့်ကလေးငယ်ပါ Toxoplasmosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ကပ်ပါး စွဲကပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို သိထားသင့်ပါတယ်။

(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား


(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား


(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊

(၂)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်အညီ နိုင်ငံတော်၏ အမျိုးသား
နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့
နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်
ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

(၃) ပြည်တွင်းပြည်ပ အဖျက်သမား များ၏ အန္တရာယ် မှန်သမျှကို
နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး၊

(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့
ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး
စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်ပေါ်
လာစေရေး'' တို့ဖြစ်ကြသည်။

(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး၊ (၂)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်


Photo: မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံက အခုမြန်မာပြည်က ဆန်တွေကို ပြန်လည်ဝယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှု ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက  ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့တာဖြစ်ပြီး လာမယ့်မေလမှာ ဆန်တန်ချိန် ၅၀၀၀ စတင် ၀ယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၀ယ်ယူတဲ့ဆန်တွေကို  ဘီယာ၊ ဘီစကွတ်လိုမျိုး မုန့်ပဲသရေစာလိုအပြင် ဂျပန်အရက်ချက်တဲ့ နေရာမျိုးတွေမှာသုံးဖို့ဖြစ်တယ်လို့ ဂျပန်စိုက်ပျိုးရေး ၀န်ကြီးဌာနကပြောကြောင်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပိုမိုရင်းနှီးတဲ့ ညှိနှိုင်းဆက်ဆံမှုတွေရှိလာခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါ ဂျပန်နိုင်ငံက အကူအညီပေးနေတာတွေ ရှိလာပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်တင်ရှိနေတဲ့ လက်ရှိကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် သန်းပေါင်း ၃၇၀၀ ကို ပြီးခဲ့တဲ့မတ်လက လျော်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်း ထားတဲ့ ဂျပန်နိုင်ငံက အခုမြန်မာပြည်ကဆန်တွေကို ပြန်လည် ၀ယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေး သားလိုက်ပါတယ်။