Thursday 28 March 2013

လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရက ကျပ် ဘီလျံ၂,၃ဝဝ နီးပါး ပိုသုံးမည်


လာမည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အ တွက် အစိုးရ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း(ဘတ်ဂျက်)အရ ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း လျာထားအသုံးစရိတ်မှာ ယခင် ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၂,၃ဝဝနီးပါး ပိုမိုသုံးစွဲမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ပြုပြင်ခန့် မှန်းခြေငွေ စာရင်းအရ စုစုပေါင်း သုံးငွေကျပ်ဘီလျံ တစ်သောင်း လေးထောင်ကျော် ရှိခဲ့ပြီး၊ ယခု ဘဏ္ဍာနှစ်တွင်မူ ဘီလျံတစ် သောင်းခြောက်ထောင်ကျော် ရှိ သည်။

ရငွေစာရင်းတွင်လည်း ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်က ဘီလျံ တစ်သောင်းနှစ်ထောင်ကျော် လျာထားခဲ့ပြီး ၂ဝ၁၃-၁၄ တွင်မူ ဘီလျံ တစ်သောင်းသုံးထောင်ကျော် လျာထားခြင်းဖြစ်၍ ယမန်နှစ်ကထက် ဘီလျံတစ်ထောင်ကျော် ပိုမိုလျာ ထားခြင်းဖြစ်သည်။ အဆိုပါ ရငွေ နှင့် သုံးငွေစာရင်းများအရ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်က လိုငွေကျပ် သန်း ပေါင်းတစ်သန်းခြောက်သိန်း ကျော်ဖြစ်ပြီး ၂ဝ၁၃-၁၄ ဘဏ္ဍာ နှစ်တွင် လိုငွေကျပ်သန်းပေါင်း နှစ်သန်းကိုးသိန်းကျော်ရှိမည်ဖြစ်သည်။

၂ဝ၁၃-၁၄ တွင် လိုငွေပမာ ဏ ပိုမိုကြီးမားလာခြင်းသည် ပ ညာရေးနှင့် ကျန်းမာရေး အသုံးစ ရိတ်တွင် ပိုမိုသုံးစွဲရန် လျာထား သည့်အပြင်(၂၇)ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲ၊ အာဆီယံအလှည့်ကျ သဘာပ တိတာဝန် ထမ်းဆောင်ရန် စရိတ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း၊ တိုင်း/ပြည်နယ် များ၏ လိုငွေအတွက် ထောက်ပံ့ငွေ တိုးမြှင့်လာခြင်း စသည့် အသုံး စရိတ်များကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။

၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့ အစည်းများ၏ အသုံးစရိတ်ပါဝင် မှု အချိုးအစားမှာ စွမ်းအင်ဝန်ကြီး ဌာနက ၂ဝ ဒသမ ၃၆ ရာခိုင်နှုန်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၄ ဒသမ ၄၃ ရာခိုင်နှုန်း၊ ဘဏ္ဍာ/အ ခွန်ဝန်ကြီးဌာနက ၁၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ လျှပ်စစ်စွမ်းအားဝန် ကြီးဌာနက ၁၁ ဒသမ ၈၈ ရာခိုင် နှုန်းဖြင့် အများဆုံးပါဝင်ပြီး တပ် မြို့စည်ပင်သာယာရေးအဖွဲ့များ က ဝ ဒသမ ဝ၁ ရာခိုင်နှုန်း၊ နေ ပြည်တော်ကောင်စီက ဝ ဒသမ ၈ဝ ရာခိုင်နှုန်းနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ဝ ဒသမ ၁၃ ရာခိုင်နှုန်း စသည် ဖြင့် အသီးသီးပါဝင်ကြသည်။

ပညာရေးဝန်ကြီးဌာနအသုံးစ ရိတ်မှာ ကျပ်သန်းပေါင်းကိုးသိန်း ကျော်ဖြစ်ပြီးပါဝင်မှုအချိုး ၅ ဒသ မ ၈၄ ရာခိုင်နှုန်းရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ ကျပ်သန်းပေါင်း လေးသိန်းကျော် ဖြစ်ကာ ပါဝင်မှုအချိုး ၃ ဒသမ ၂၁ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရ သည်။ 

ယခင်နှစ် ပညာရေးအသုံး စရိတ်မှာ ကျပ်သန်းပေါင်း ခြောက်သိန်းကျောက်ဖြစ်၍ ယခုဘဏ္ဍာ နှစ်တွင် ကျပ်သန်းနှစ် သိန်းခြောက်ထောင်ကျော် တိုးမြှင့်လျာထား ကြောင်း ကျန်းမာရေးအသုံးစရိတ် တွင်လည်း ယခင်နှစ်က ကျပ်သန်း ပေါင်း သုံးသိန်းကျော်သာရှိ၍ ယခုနှစ်တွင် ကျပ်သန်း တစ်သိန်းသုံး သောင်းကျော် တိုးမြှင့်လျာထား ကြောင်း တွေ့ရှိရသည်။

7Day News Journal

No comments:

Post a Comment