Thursday 28 March 2013

အဓိကရုဏ်းများနှင့်ပတ်သက်၍ အခြေအနေမဲ့များအားလုံးကို စိုးရိမ်ပူပန်သဖြင့်ကရုဏာလက်များကွန်ရက် ကြေညာချက်ထုတ်ပြန်

အခြေအနေမဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက် ပညာသင်ကြားပေးနေေ သာကရုဏာ လက်များ ကွန်ရက်အနေဖြင့် အဓိ ကရုဏ်း များကြောင့် အခြေအနေမဲ့များအားလုံးကို စိုးရိမ်ပူပန်သဖြင့် ကြေညာချက်ထုတ်ပြန်သည်လိုက်ကြောင်းသိရသည်။
မိတ္ထီလာမြို့က ဘာသာရေးအဓိကရုဏ်းဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကိုမပြောင်းဘဲ “အလဲထိုးမယ့်” နိုင်ငံရေးလုပ်ကြံ ဖန်တီးမှုတစ်ခုသာဖြစ်ပါတယ်။၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ ပြည်မြို့ရဲ့ အရေးအခင်းကလည်း ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေးကို သပ်လျှိုသွေးခွဲခဲ့ဖူးပြီးပြီ။ပြုပြင်ပြောင်းလဲရေးကို လိုလားသော ခေါင်းဆောင်များရှိသလို အာဏာရှင်အကြွင်းအကျန်များလည်း ရှိပေလိမ့်မည်။

အာဏာရှင်စနစ်ရဲ့ မင်းသားခေါင်းစွတ်မျက်နှာဖုံးထဲကနေ ဘာသာရေးသွေးခွဲလေ့ရှိတဲ့ ဘီလူးအစွယ်ဟာ ပြန်ထွက်လာပြန်ပါတယ်။အဲဒါကို ပြည်မြို့နေ ဘာသာပေါင်းစုံ ညီအစ်ကို မောင်နှမများ အထူးသတိထားကြဖို့ အရေးကြီး နေပါပြီ၊ ပြည်မြို့ရဲ့နိုင်ငံရေး သမိုင်းမှာ နောက်တစ်ကြိမ် ဘာသာရေးအဓိကရုဏ်းနဲ့ မစွန်းထင်းစေချင်းပါ။

မဟတ္တမဂန္ဓီပြောခဲ့ဘူးပါတယ်.. “လက်သီးဆုပ်ထားရင် လက်ဆွဲနှုတ်ဆက်လို့မရနိုင်ဘူး” တဲ့ အဲ့ဒါကြောင့် ဘာသာပေါင်း စုံမြို့သူမြို့သားအားလုံးမေတ္တာရှေ့ထားပြီး လက်ဆွဲနှုတ်ဆက်ရင်း လက်တွဲထားကြပါ။
ဘာသာရေးသပ်လျှိုသွေးခွဲမှုကို အစွမ်းကုန်ကျောချင်းကပ်ရင်ချင်းအပ် ကာကွယ်ပြီးအာဏာ ရှင်ဘီ လူးစွယ် ကို အပြီးအပြတ်နှုတ်ပစ် ဖို့ကြိုးစားကြပါစို့...ဟု ကြေညာချက်တွင်ဖော်ပြထားသည်။
Popular Myanmar News Journal

1 comment:

  1. ဂရုဏာလက်မှာလည်း ဓားတစ်ချောင်း ပါးစပ်မှာလည်း အစွယ်တစ်ချောင်း
    ရှိနေပါလား

    ReplyDelete