Thursday 28 March 2013

မန္တလေး တိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်




မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။


တာဝန်ထမ်းဆောင်နေ တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အားလုံးအတွက်နိုင်ငံတော်က လစာနဲ့စရိတ်များ နဲ့ရိက္ခာငွေတို့ ကိုထောက် ပံ့ပေးလျက် ရှိ ပါတယ် ရဲတပ်ဖွဲ့ကို လည်းလုပ်ငန်များ ပိုမိုထိရောက်အောင်လုပ်ဆောင်နိုင်ရေး အတွက်ဖွဲ့စည်းပုံ များတိုးချဲ့ဆောင် ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန် ကပြောသည်။

တိုင်းဒေသကြီးအတွင်းမြန်မာနိုင်ငံရဲတပ်ဖဲင့်္အနေဖြင့်တာဝန်ထမ်းဆောင်ရာတွင်လိုအပ်သောလက်နက်ခဲယမ်း ပါအဝင်လုံခြုံရေး ပစ္စည်းကိရိယာအဖြစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှအလှူမီနီယံဒိုင်း ၊ ဖိုက်ဘာဦးထုပ်နှင့်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့အစီအစဉ်အဖြစ် နံပါတ်တုတ် သံဆူးကြိုးအကာအရံများ အဓိကရုဏ်းနှိမ်နင်းရေး ယာဉ် အချုပ် ကားများ ကို အလုံအလောက် ထုတ်ပေး ထားပြီးဖြစ်ကြောင်းသိရသည်။

မန်းကိုကို
Yangon Media Group

No comments:

Post a Comment