Wednesday 27 March 2013

(၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား အောင်မြင်ခမ်းနားစွာကျင်းပ၊ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်




နေပြည်တော်၊ မတ်လ ၂၇ ရက်

၂၀၁၃ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနား အား နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ် စစ်ရေးပြအခမ်းအနားအား ယမန်နှစ်များနှင့်မတူပဲ တမူထူးခြားစွာ ကျင်းပခဲ့ကြောင်းလည်း သိရှိရပါ သည်။

အခမ်းအနားကျင်းပရာတွင် ပထမဦးစွာ စစ်ရေးပြအခမ်းအနားအတွင်း သို့ မြန်မာ့တပ်မတော်မှ ခေတ်မီ အမြောက်တပ်သံချပ်ကာယဉ်များ၊ယန္တရားတင် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ခေတ်မီရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေး ခေတ်မီဒုံးလက်နက်များ တင်ဆောင်ထားသော သံချပ်ကာ တိုက် ယာဉ် များ ချီတက်ဝင်ရောက်လာပါသည်။ထို့နောက်တွင်မှ ယ မန်နှစ် များ နည်းတူ အနော်ရထာစစ်ကြောင်းမှ ဦးဆောင်ပြီး အားမာန်ပြည့်ဝစွာ စစ်သီချင်းများသီဆိုကာ စစ်ရေးပြကွင်းအတွင်းချီတက်ဝင်ရောက်ကာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးသရေစည်သူ မင်းအောင်လှိုင်အား စောင့်ဆိုင်းနေကြပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ရေးပြကွင်းအတွင်း ၀င်ရောက်လာသောအခါ စစ်ရေးပြမှုးကြီးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုခြင်း၊ တပ်စစ်ဆေးရန် တန်းအပ်ခြင်း၊ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်မှ စစ်ကြောင်းများအား လှည့်လည် စစ်ဆေးခြင်း၊   နိုင်ငံတော်အလံအားအလေးပြုခြင်း၊ သစ္စာဆိုခြင်းများပြုလုပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ (၆၈) နှစ်မြောက်တပ်မတော်နေ့ မိန့်ခွန်း အား ပြောကြားခဲ့ပါသည်။

ထို့နောက်တွင် စစ်ကြောင်းများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက် အလေးပြုကြ ပါသည်။ စစ်ရေးပြ စစ်ကြောင်းများ ချီတက်အလေးပြုချိန်နှင့် တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်(လေ) မှ ခေတ် မီ MI17 ရဟတ်ယာဉ်များဖြင့် နိုင်ငံတော်အလံအား ချိတ်ဆွဲအလေးပြုခြင်း၊ ခေတ်မီ MI 35 ရဟတ် ယာဉ် များဖြင့် အုပ်စုဖွဲ့ပျံသန်း ချီတက်အလေးပြုခြင်း၊ A 8 တိုက်လေယာဉ်များဖြင့် နိုင်ငံတော် အလံ အရောင် မီးခိုးများထုတ်လွှင့်ဂုဏ်ပြုခြင်း၊အုပ်စုဖွဲ့ပျံသန်းအလေးပြုခြင်းများပြုလုပ်ကြပြီးစစ်ကြောင်း များေ နာက် တွင် ခေတ်မီ သံချပ်ကာ တိုက်ယာဉ်များ၊ အမြောက်တင်နှင့် အမြောက်ဆွဲ ယဉ် များ၊ လေကြောင်း ရန်ကာကွယ်ရေးစနစ်သုံး ရေဒါနှင့် ဒုံးတင်ယာဉ်များဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ချီတက် အလေးပြုကြပါသည်။

အခမ်းအနား နောက်ဆုံးအချိန် စစ်ရေးပြကွင်းအတွင်းမှ စစ်ကြောင်းများနှင့် တိုက်ယာဉ်များထွက်ခွာပြီး ကာနီးတွင် ဘယ်နေရာမှ ပျံသန်းလာမှန်းမသိလိုက်ရသော မြန်မာ့တပ်မတော် (လေ) မှ ခေတ်မီ MIG 29
တိုက်လေယာဉ်များဖြင့် စစ်ရေးပြကွင်းအပေါ်တည့်တည့်သို့ ထိုးစိုက်ပျံသန်းပြီး လှပသေသပ်စွာ ဂျွမ်း ထိုးပြခြင်း၊ မီးကျည်များပစ်လွှတ်ဂုဏ်ပြုခြင်းတို့အား မြန်မာ့လေသူရဲများမှ ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်ပြ သရာ အခမ်းအနား တက်ရောက်လာကြသော တပ်မတော်အရာရှိကြီးများ၊ဖိတ်ကြားထားသော အထူးဧည့် သည်တော်များ၊ စစ်သံမှုးများနှင့် ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင်အချို့   တို့မှ ရင်သပ်ရှုမော လက်ခုပ်သံ များဖြင့် ချီးမြှင့်ခဲ့ကြပြီး (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား အောင်မြင်စွာပြီး ဆုံး သွားကြောင်း သိရှိရပါသည်။ 

ယနေ့ ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အထူးဧည့်သည်အနေဖြင့် တက်ရောက်ခဲ့ပြီး တပ်မတော်နေ့စစ်ရေးပြအခမ်း
အနားများသို့ တက်ရောက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment