Wednesday, 23 January 2013

ရုရှားလက်နက်ရောင်းချမှု ၂၀၁၂ မှာ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိ

Photo: ရုရှားလက်နက်ရောင်းချမှု ၂၀၁၂ မှာ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိ
Wednesday, January 23, 2013

ရုရှားနိုင်ငံဟာ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့
အလယ်ပိုင်း နိုင်ငံတွေကို ၂၀၁၂ ခုနှစ် အတွင်း ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့တယ်လို့ The New Indian Express သတင်း တရပ်တွင် ဖော်ပြထားပါတယ်။ “ရှေးဦး ရေတွက်တာတွေ အရ နိုင်ငံတကာကို လက်နက် တင်ပို့  ရောင်းချတာ ၁၅.၁၆ ဘီလီယံ
လောက် ရှိပါတယ်။ 

ဒီ ပမာဏဟာ ကျနော်တို့ရဲ့ မူလရည်ရွယ်တာရဲ့ ၁၁၁.၈ရာခိုင်နှုန်း
ဖြစ်ပါတယ်”လို့ ရုရှား စစ်ရေးနည်း ပညာ ပူးပေါင်းဆောင်ရွက်ရေး 
ဖက်ဒရယ် အကြီးအကဲ Alexander Fomin က အဆိုပါသတင်းမှာ  
ပြောထားပါတယ်။

 ၂၀၁၁ ခုနှစ် ရုရှားအစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်နက် ၁၃.၂ ဘီလီယံဖိုး
ရောင်းချခဲ့ပြီး အမေရိကန်ပြီး လျှင် ဒုတိယ ကမ္ဘာ့ လက်နက်အများဆုံး
ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် အထွေထွေ နိုင်ငံခြားပို့ကုန်တွေ မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၃ ကစပြီး
 ၃ ဆလောက် ပိုများပြား လာတာပါ” ဟု ၎င်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ အပါအ၀င် မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့
အလယ်ပိုင်း ဒေသရှိ နိုင်ငံတွေဟာ ရုရှားနှင့် လက်နက်ရောင်းဝယ်ရေး ကုန်သွယ်မှု အများဆုံး ပြုလုပ်ကြပါတယ်။ 

ဧရာဝတီ
ရုရှားနိုင်ငံဟာ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံတွေကို ၂၀၁၂ ခုနှစ် အတွင်း ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့တယ်လို့ The New Indian Express သတင်း တရပ်တွင် ဖော်ပြထားပါတယ်။ “ရှေးဦး ရေတွက် တာတွေအရ နိုင်ငံတကာကို လက်နက်တင်ပို့ ရောင်းချတာ ၁၅.၁၆ ဘီလီယံလောက် ရှိပါတယ်။

ဟိုပင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲနှုန်း အမြင့်ဆုံးရောက်

ဟိုပင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲနှုန်း အမြင့်ဆုံးရောက်
Wednesday, January 23, 2013 

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါး
သုံးစွဲမှုမှာ (၇၅) ရာခိုင်နှုန်းခန့်ရှိပြီး ကျောင်းသားများ အကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပျံနှံ့လျက်ရှိကြောင်း သိရသည်။

သုံးစွဲသူများသည် အသက် (၂၀) ၀န်းကျင်ခန့်ရှိသည့် လူငယ်လူရွယ်
အများစုဖြစ်ပြီး လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

“အခုသုံးစွဲမှုက ကျောင်းသားတွေကြားမှာပါပျံနှံ့နေတယ်။ ကျောင်းသားတွေရဲ့ပညာရေးတွေကိုလည်း ထိခိုက်တယ်။”ဟု   ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

ဟိုပင်မြို့၊ ကုလားကုန်း၊ သရက်ချောင်း၊ သဲဖြူချောင်း စသည့် ရပ်ကွက်တို့တွင် သုံးစွဲသူများနှင့် ချိတ်ဆက်ကာ ရောင်းချကြသည်ဟု သိရသည်။

“အရင်တုန်းက မူးယစ်ရောင်းတဲ့သူ၊ သုံးစွဲသူတွေကို ဖမ်းဆီးသေးတယ်။ အဲ့တုန်းက သုံးစွဲသူရော ရောင်းချတဲ့သူကော လူဦးရေ (၁၀၀)
ကျော်လောက် ဖမ်းမိသွားတယ်။ အခုတစ်ခါ အဲ့ဒီနေရာတွေမှာ မူးယစ်ဆေးဝါးတွေ ပြန်ရောင်းနေသေးတယ်။” ဟု ဟိုပင်မြို့ ဒေသ
ခံတစ်ဦးက ပြောသည်။

ယခုအခါတွင် ကျောင်းသားများမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏
နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး
ထိခိုက်လျှက်ရှိပြီး မိဘများမှာလည်း စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေကစာမေးပွဲလည်း မအောင်တော့ဘူး။ မိုးညှင်းမှာ
ဆိုရင်လည်း ကျောင်းသားတွေက ငိုက်မျဉ်းနေကြတယ်။”ဟု ဦးသိန်းဝင်းက ပြောသည်။

ယခုလိုမူးယစ်ဆေးဝါးသုံးစွဲမှုများပြားနေရခြင်းမှာ သက်ဆိုင်ရာ
အာဏာပိုင်များအနေဖြင့် ဖမ်းဆီးအရေးယူမှု အားနည်းပြီး ကိုင်တွယ်မှု မထိရောက်သည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက
သုံးသပ်ပြောဆိုကြသည်။

“ဖမ်းတာကတော်တော်များတယ်။ ဖမ်းပြီးရင် တစ်ပါတ်ဆယ်ရက်
လောက်ပဲဖမ်းချုပ်ထားတယ်။အဲ့ရောင်းတဲ့နေရာတွေမှာရောင်းတဲ့
သူတွေက တုတ်တွေ၊ ဓားတွေကိုင်ပြီးတော့ စောင့်နေ ကြတယ်။”ဟု
ဒေသခံတစ်ဦးဖြစ်သူ ဦးဇော်ဝင်းဦးက ပြောသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှုမှာ (၇၅) ရာခိုင်နှုန်းခန့်ရှိပြီး ကျောင်းသားများအကြား မူး ယစ်ဆေးဝါးသုံးစွဲမှု ပျံနှံ့လျက်ရှိကြောင်း သိရသည်။
သုံးစွဲသူများသည် အသက် (၂၀) ၀န်းကျင်ခန့်ရှိသည့် လူငယ်လူရွယ် အများစုဖြစ်ပြီး လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်
Wednesday, January 23, 2013

ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။
ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။ 

Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့် 
အချက် ကို လက်ခံထားကြသည်။

ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် အရီဇိုး နားတက္ကသိုလ်မှ သုတေသီများက ကောလိပ်ကျောင်းသားများ၏ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြသည်။ 
သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်း
ထည့်သွင်း ခဲ့ကြသည်။

ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ သားများပိုတင်စေပြီး ကျန်ကျောင်းသားများ၏ Facebook အသုံးပြုမှုကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။

တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကို
မေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။

Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင် စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။ သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့် အထီးကျန်ဝေဒနာ
သက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။

လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social snacking)” ဟု အမည်ပေး ထားသည်။

““သရေစာမုန့်တစ်ခု စားလိုက် ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက် သာသွားသလိုပါပဲ။ လူမှုရေးသရေစာ ကလည်း လက်တွေ့ဘ၀လူမှုရေး ထိတွေ့ဆက်ဆံမှုကင်းမဲ့နေတဲ့အချိန် ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။

လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science) တွင် ဖော်ပြထားသည်။

ဇော်ကို
Source: MDI
Health Updates Journal

Myanmar Online News

ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံ ရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှုကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရ သိရ သည်။

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်
==========================================
ဗန်းမော်၊ ဇန်န၀ါရီလ(၂၃)
         ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ် ပြည်မှ ပစ္စည်းများကို တင်သွင်းရန် လမ်းကြောင်းများစွာ ရှိပါသည်။ သို့သော် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများမှာ သွားလာလို့ မရဘဲ ရှိနေပါသည်။ ဗန်းမော်မြို့မှဆိုလျှင် ဗန်းမော်-လိုင်ဇာ လမ်း နှင့် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်း(၂)ခုကို အသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။ 

   သို့သော် တိုက်ပွဲတွေကြောင့် ဗန်းမော်-လိုင်ဇာလမ်းကို အသုံးပြုခွင့် မရရှိ ဘဲ ဗန်းမော်-လွယ်ဂျယ်လမ်းကို အသုံးပြုပြီး ကုန်စည်များ သယ်ဆောင်မှုကို ပြုလုပ်နေကြပါသည်။ သို့သော် ယမန်နေ့က မိုးမောက်ဈေး အနီးတွင် KIA မှ ၎င်းလမ်းကြောင်းကို လုံးဝပိတ်လိုက်ပြီဆိုတဲ့ အကြောင်း ရေးထားသည့် ကြေငြာချက် တစ်စောင်အား တွေ့ရှိခဲ့ရပါသည်။ KIA မှ ကုန်စည်ပို့ဆောင်ဖို့ အတွက် ကျန်သည့် တစ်ခုတည်းသောလမ်းကြောင်းကို ပိတ်လိုက်သည့် အတွက် ဒေသခံများအတွက် များစွာ အခက်အခဲဖြစ်ပေါ်စေသည့်အပြင် မိမိတို့၏ ထွက်ကုန်များလည်း ပို့ဆောင်ခြင်း မရှိသည့်အတွက် ပျက်စီးမှုများ ရှိသလို ဒေသတွင်း တရုတ်ကုန်ပစ္စည်းများ ဈေးတက်လာမှုများ ဖြစ်ပေါ် လာနိုင် ပါသည်။ KIA ၏ လွယ်ဂျယ်လမ်းကြောင်းကို ပိတ်ပင်ခဲ့တာကြောင့် ဒေသခံများအတွက် အခက်အခဲများစွာ ဖြစ်မည်ဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ဦး၏ အဆိုအရ သိရှိရပါသည်။

ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ် ပြည်မှပစ္စည်းများကိုတင်သွင်းရန် လမ်းကြောင်းများစွာရှိပါ သည်။ သို့သော် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများမှာသွားလာလို့မရဘဲရှိနေပါသည်။ ဗန်းမော်မြို့မှ ဆိုလျှင် ဗန်းမော်-လိုင်ဇာလမ်း နှင့် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်း(၂)ခုကိုအသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။

စစ်ပွဲများ ဖြစ်ပွားနေသော်လည်း KIA အဖွဲ့မှ သစ်များခိုးထုတ်နေ

စစ်ပွဲများ ဖြစ်ပွားနေသော်လည်း KIA အဖွဲ့မှ သစ်များခိုးထုတ်နေ
==========================================
ရွှေကူ၊ ဇန်န၀ါရီလ(၂၃)
       ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ သော်လည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။ စစ်ပွဲများ ဖြစ်ပွား ပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင် သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ-ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

 သစ်သယ်ဆောင်သော လမ်းကြောင်းတစ်လျောက်တွင် ကေအိုင်အေ မှ လက်နက်များဖြင့် စောင့်ဆိုင်း နေပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ကေအိုင်အေမှ တိုက်များ ဖြစ်ပွားနေသည့်အတွက် စစ်အသုံးစရိတ် အတွက် လိုအပ်သော ငွေကိုကချင်ပြည်နယ်မှ သယံဇာတများကို ထုတ်ယူပြီး ပြည်လည်ဖြည့်တင်း လျက်ရှိ ကြောင်းသိရှိရသည်။ ကေအိုင်အေမှ ကချင် ပြည်နယ်တိုးတက်ရေးအတွက် ပြုလုပ်မည်ဟု ကြွေးကြော်နေ သော်လည်း ကချင်ပြည်နယ်မှသယံဇာတများကို သူတို့ကိုယ်ကျိုး ကောင်းစားဖို့ အတွက် အသုံးပြုခြင်းနဲ့ ကချင်ပြည်သူတွေကို နှိပ်စက်ဖို့ အတွက် လက်နက် ၀ယ်ယူဖို့ အတွက် အသုံးချနေကြောင်း ရွှေကူးမှ ဒေသခံ တစ်ဦး၏ပြောပြချက် အရ သိရှိရသည်။

ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ် ကြိမ် ဆွေးနွေး ခဲ့သော်လည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။ စစ်ပွဲ များ ဖြစ်ပွား ပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင်သစ်များကို ယခင်ကထက်

မန္တလေး-မူဆယ်၏ ကားလမ်းတွင် ဖရဲသီးတင်ကားတစ်စီးအား KIA မှ မိုင်းထောင်တိုက်ခိုက်ခဲ့

မန္တလေး-မူဆယ်၏ ကားလမ်းတွင် ဖရဲသီးတင်ကားတစ်စီးအား KIA မှ မိုင်းထောင်တိုက်ခိုက်ခဲ့
==========================================
မူဆယ် ဇန်န၀ါရီ ၂၃ရက်
         မိုးရာသီအကုန်မှစပြီး မြန်မာနိုင်ငံ၏ မြစ်ချောင်း၊ မြေနုကျွန်းများနှင့် ယာခင်းများတွင် ဈေးကောင်း ရသော ဖရဲသီး များကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဖရဲသီးများကို တရုတ်သို့ ကားကြီးကားငယ်များဖြင့် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ဖရဲသီးအလုံးပေါ်မူတည်ပြီး ၇၀၀ မှ ၁၅၀၀ အထိ ရရှိနေကြသည့်အတွက် တောင်သူများအတွက် တွက်ခြေ ကိုက်သလို သယ်ဆောင်နေသည့် ကားများအတွက်လည်း အဆင်ပြေနေ ပါသည်။ ဖရဲသီးကားများသည် မန္တလေးမှတစ်ဆင့် လားရှိုး-မူဆယ်လမ်းကို အသုံးပြုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြပါသည်။

        သို့သော် ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် မန္တလေးမှ မူဆယ်သို့ သယ်ဆောင်လာသော ဖရဲသီးတင်ကား တစ်စီးသည် မူဆယ်မြို့အနီး နန့်ကွန်ရွာတွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပြီး ပျက်စီးသွား ခဲ့ပါသည်။ ယာဉ်မောင်းမှာ ဒဏ်ရာရရှိကာ မူဆယ်ဆေးရုံသို့ တင်ထားရကြောင်း သိရှိရသည်။ မိုင်းပေါက်ကွဲမှု ကြောင့် ယာဉ်မှာပျက်စီးသွားကာ တင်ဆောင်လာသော ဖရဲသီးအမြောက်အများ ပျက်စီးခဲ့သည်။ ကေအိုင်အေနှင့် စစ်တပ်သို့ ကချင်ပြည်နယ်တွင် တိုက်ပွဲတွေဖြစ်ပွားနေပြီး ကချင်ပြည်နယ်အတွင်းရှိ ကားလမ်း၊ ရတားလမ်းများကို မိုင်းခွဲဖျက်ဆီးမှုများကို တစ်ချိန်လုံးပြုလုပ်နေရာမှ အခုမန္တလေး-မူဆယ် ကားလမ်းများတွင် မိုင်းထောင်မှုတွေ ပြုလုပ်လာနေသည့်အတွက် ကားသမားများမှ စိုးရိမ်ပူပန်မှုများရှိသလို ဖရဲသီးစိုက် တောင်သူ များမှလည်း ဖရဲသီးများကို မတင်ပို့လျှင် အရှုံးပေါ်နိုင်သဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
မူဆယ် ဇန်န၀ါရီ ၂၃ရက်
မိုးရာသီအကုန်မှစပြီး မြန်မာနိုင်ငံ၏ မြစ်ချောင်း၊ မြေနုကျွန်းများနှင့် ယာခင်းများတွင် ဈေးကောင်းရသော ဖရဲသီးများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောဖရဲသီးများကို တရုတ်သို့ကားကြီးကားငယ်များဖြင့် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ဖရဲသီးအလုံးပေါ်မူတည်ပြီး ၇၀၀ မှ

အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် သာတူညီမျှ ရှိရေး ဘားရက် အိုဘားမား လှိုက်လှိုက်လှဲလှဲ တောင်းဆို

အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် သာတူညီမျှ ရှိရေး ဘားရက် အိုဘားမား လှိုက်လှိုက်လှဲလှဲ တောင်းဆို

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတ ဒုတိယ သက်တမ်း အား ဆက်လက် တာဝန်ယူ ဆောင်ရွက်ရန် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် သာတူညီမျှ ရှိရေးအတွက် လှိုက်လှဲသော တောင်းဆိုမှု တစ်ရပ်ကို ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရ သည်။

ထို့အပြင် အိုဘားမားသည် နိုင်ငံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းများ တွင်လည်း အဖျက်အမှောင့် ပြုလုပ်ခြင်းကို လုံးဝ လက်ခံမည် မဟုတ်ဟု သတိပေး ပြောကြားခဲ့ သည်။ အိုဘားမားသည် ထပ်မံ တာဝန်ယူ ဆောင်ရွက်ရမည့် သမ္မတ သက်တမ်း လေးနှစ် အတွက် တရားဝင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီးနောက် ဝါရှင်တန် အမျိုးသား အဆောက် အအုံတွင် ပြည်သူ ထောင်ပေါင်း များစွာကို နှုတ်ဆက် စကားများ ပြောကြား ခဲ့သည်။ ထို့နောက် ၎င်း၏ ရှေ့လုပ်ငန်းစဉ် သစ်များ နှင့် ပတ်သက်သည် များကိုလည်း အရိပ်အမြွက် ပြောကြား ထားခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံ အမှန်တရားများ အပေါ် အခြေပြု ထားမှု၊ လက်ရှိ သဘောထား ကွဲလွဲမှု များနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆိုင်ရာ နည်းစနစ် များအား မည်သို့ ပြန်လည် ညှိနှိုင်း စေ့စပ် ရမည်ကို အကြံပြု ပြောကြား ရာ၌လည်း အမေရိကန်၏ ၄၄ ယောက်မြောက် ဖြစ်သော သမ္မတ အိုဘားမားက ''We The People" ဟူသော စကားလုံးကို ထပ်တလဲလဲ ပြောကြား သွားခဲ့ကြောင်း သိရသည်။

အိုဘားမား မိန့်ခွန်း ပြောကြားသည့် အခမ်း အနားသို့ ယခင် သမ္မတ ဟောင်းများ ဖြစ်သော ဘီလ်ကလင်တန် နှင့် ဂျင်စ်မီကာတာ တို့သည် အထက်လွှတ်တော် အမတ်များ၊ လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်း များနှင့်အတူ တက်ရောက် ခဲ့ကြသည်။

ထို့ပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီး ပူနွေးမှု ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နိုင်ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဓိပ္ပာယ် ပြည့်ဝသော တာဝန်ယူ ဆောင်ရွက်မှု များကိုလည်း ပြုလုပ် သွားမည်ဟု အိုဘားမားက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5086-2013-01-23-09-32-40#.UP98H-72usc

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် သမ္မတဘားရက်အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတဒုတိယ သက်တမ်းအားဆက်လက်တာဝန်ယူ ဆောင် ရွက်ရန်ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အမျိုးသား စည်လုံး  ညီညွတ်ရေး နှင့်သာတူညီမျှရှိရေးအတွက် လှိုက်လှဲသော တောင်းဆိုမှု တစ်ရပ်ကိုထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်၌ ရှေးဟောင်း သစ်ထွင်းလှေကြီး တွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်၌ ရှေးဟောင်း သစ်ထွင်းလှေကြီး တွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝင်းတဲကူး အုပ်စုသစ် တောရွာ၏  အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာရှိ ချောင်းမ ငယ် ချောင်း၌ ရှေးဟောင်း သစ်ထွင်း လှေတစ်စင်း တွေ့ရှိကြောင်း သိရသည်။
ယခု တွေ့ရှိရသော သစ်ထွင်း လှေကြီးသည် လယ်ဝေးမြို့နယ် အနောက်ဘက် ၉ မိုင်ခန့် အကွာရှိ ဝင်းတဲကူး ကျေးရွာအုပ်စု သစ်တော ကျေးရွာ ၏ မြောက်ဘက် တစ်မိုင်ခန့် အကွာ အနောက် မြောက်ဘက်ရှိ ချောင်းမငယ် ချောင်းစပ် တောင်သူ ဦးမောင်ဌေး၏ ယာခင်းစပ် နေရာ၌ သဲများ ဖုံးလွှမ်းလျက် ရှိသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက တောင်သူ ဦးမောင်ဌေးမှ သဲသောင်ခုံ ပေါ်တွင် ဆောင်းမြေပဲ စိုက်ပျိုးရန် မြေပြုပြင် ရာမှ တွေ့ရှိခြင်း    ဖြစ်သည်။

အဆိုပါ လှေကြီးကို ဝင်းတဲကူး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ သတင်း ပေးပို့ချက် အရ လယ်ဝေး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန် ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ သစ်ထွင်းလှေ ကြီး၏ အလျားမှာ ၆၄ ပေ၊ လုံး ပတ် ၈ ပေ ၃ လက်မ၊ အကျယ် ၁ ပေ ၈ လက်မရှိပြီး သင်္ကန်း နက် သစ်အမျိုး အစားဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/5109-2013-01-23-10-02-06#.UP99Wu72usc
နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝင်းတဲကူးအုပ်စု သစ် တောရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ချောင်းမ ငယ် ချောင်း၌ ရှေးဟောင်း သစ်ထွင်း လှေတစ်စင်း တွေ့ရှိကြောင်း သိရသည်။

တက္ကဆက်ကောလိပ်ကျောင်း ပစ်ခတ်မှု

Photo: တက္ကဆက်ကောလိပ်ကျောင်း ပစ်ခတ်မှု 
Wednesday, January 23, 2013

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ Lone Star
ကောလိပ်၏ NorthHarris ကောလိပ်ကျောင်းခွဲတွင် သေနတ် ပစ်ခတ်မှု
ဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

တက္ကဆက်စံတော်ချိန် အင်္ဂါနေ့ မွန်းလွဲပြီးစအချိန်တွင် ပစ်ခတ်မှု
ဖြစ်ပွားပြီးနောက် North Harris ကောလိပ်ကျောင်းခွဲကို ပိတ်ထား
လိုက်သည်။ ပစ်ခတ်မှုနှင့် ပတ်သက်၍ လူတစ်ဦးကို ဖမ်ဆီးထားကြောင်း သိရှိရသည်။

Photo: NBC News, RT News 
Planet Myanmar Network

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ Lone Starကောလိပ်၏ NorthHarris ကောလိပ်ကျောင်းခွဲတွင် သေနတ် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရ သည်။

ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ်လျှင် ၄၆.၂ ရာခိုင်နှုန်း တိုးတက် လာမည်ဟု ခန့်မှန်း

Photo: ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ်လျှင် ၄၆.၂ ရာခိုင်နှုန်း တိုးတက်
လာမည်ဟု ခန့်မှန်း
Wednesday, January 23, 2013

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ရေးဆွဲထားသည့် ငါးနှစ်တာကာလ အမျိုးသားစီမံကိန်းမှုကြမ်း၌ ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ်လျှင် ၄၆.၂ ရာခိုင်နှုန်းတိုး တက်လာမည်ဟု ရည်မှန်းထားရှိခဲ့သည်။

အဆိုပါတိုးတက်နှုန်းသည် အခြားသောကဏ္ဍ အသီးသီးနှင့်နှိုင်းယှဉ်ပါက အမြင့်ဆုံးသော ရည်မှန်းချက်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းမှုကြမ်းအရ သိရသည်။ စီမံကိန်းသည် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်ခြင်းဖြစ်ပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် အထိဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသည့်အတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိလာသည့်အခါ တယ်လီဖုန်းအလုံးရေသည် 
၂၃ သန်းကျော်အထိသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူတစ်ထောင်လျှင် တယ်လီဖုန်းအလုံးရေ ၄၀၀ ကျော်အထိအသုံးပြုလာ ကြမည်ဖြစ်ကြောင်း မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုးက အမျိုးသား
စီမံကိန်းမှုကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည်ဆိုပါက အချိန် ၂ နှစ်ခန့်အတွင်း အရင်းကျေမည်ဟု သိရှိရသည့်အတွက် လက်ကိုင် ဖုန်းသိပ်သည်းဆ တိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံသင့်ပါကြောင်း ဦးမောင်တိုးက
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း
နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

Internet Journal
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ရေးဆွဲထားသည့် ငါးနှစ်တာ ကာလ အမျိုးသားစီမံကိန်းမှုကြမ်း၌ ဆက်သွယ်ရေးကဏ္ဍကို တစ်နှစ် လျှင် ၄၆.၂ ရာခိုင်နှုန်းတိုး တက်လာမည်ဟု ရည်မှန်းထားရှိခဲ့သည်။

တရားမ၀င် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများကို အရေးယူသွားမည်

Photo: တရားမ၀င် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများကို အရေးယူသွားမည်
Wednesday, January 23, 2013

ရေနံဥပဒေ နည်းဥပဒေအား ရေးဆွဲနေဆဲဖြစ်၍ တရားမ၀င် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ခြင်းကို အမိန့်တစ်စုံတစ်ရာထုတ်ပြန်၍ အရေးယူ သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ့ အစီအစဉ်တွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွှန့် ၏ တရားမ၀င်ရေနံအရောင်းဆိုင်များ ဖွင့်လှစ်ရောင်း ချမှုနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး က ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

ဗညားဦး(နေပြည်တော်)
Yangon Media Group
ဓာတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ရေနံဥပဒေ နည်းဥပဒေအား ရေးဆွဲနေဆဲဖြစ်၍ တရားမ၀င် စက်သုံးဆီ အရောင်းဆိုင်များဖွင့်လှစ်ခြင်းကို အမိန့်တစ်စုံတစ်ရာထုတ်ပြန်၍ အရေးယူသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးထင်အောင် က ပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ့ အစီအစဉ်တွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား

နိင်ငံဝန်ထမ်းများအားလစာတိုးရန် လာမည့်ဘတ်ဂျက်တွင် ထည့်သွင်း ထားခြင်းမရှိပါကြောင်းဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီး ဖြေကြား

Photo: နိင်ငံဝန်ထမ်းများအားလစာတိုးရန် လာမည့်ဘတ်ဂျက်တွင် ထည့်သွင်း
ထားခြင်းမရှိပါကြောင်းဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီး ဖြေကြား
Wednesday, January 23, 2013

ယနေ့နံနက် က နေပြည်တော်၌ကျင်းပနေသည့် ပြည်သူလွှတ်တော်
အစည်းအဝေးတွင်သီပေါလွှတ်တော်မဲဆန္ဒနယ်မှဦးရဲထွန်းက လာမည့်
ဘဏ္ဏာနှစ်၂၀၁၃-၁၄တွင်နိင်ငံဝန်ထမ်းများအား လစာတိုးမတိုး
မေးမြန်းရာ ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာမောင်မောင်သိန်းက"ယခုတင်ထားသော၂၀၁၃-၁၄ ဘဏ္ဏာရေး
ဘတ်ဂျက်တွင် လစာတိုးရန် ဘဏ္ဏာငွေထည့်သွင်းထားခြင်းမရှိပါကြောင်း၊
နောက်ဆက်တွဲအခြေအနေကိုမသိပါကြောင်းပြန်လည်ဖြေကြားသည်
ဟုပေါ်ပြူလာနယူးစ် သတင်းထောက်ကလွှတ်တော်မှသတင်းပေးပို့သည်။

Popular Myanmar News Journal
ဓာတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ယနေ့နံနက် က နေပြည်တော်၌ကျင်းပနေသည့် ပြည်သူလွှတ်တော် အစည်းအဝေးတွင်သီပေါလွှတ်တော်မဲဆန္ဒနယ်မှဦးရဲထွန်းက လာမည့် ဘဏ္ဏာနှစ်၂၀၁၃-၁၄တွင်နိင်ငံဝန်ထမ်းများအား လစာတိုး မတိုးမေးမြန်း ရာ ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက် တာမောင်မောင်သိန်း က"ယခုတင် ထားသော၂၀၁၃-၁၄ ဘဏ္ဏာရေး ဘတ်ဂျက်တွင် လစာတိုးရန် ဘဏ္ဏာငွေထည့်သွင်း ထားခြင်းမရှိ

မြစ်ကြီးနား မှ ပူတာအိုသို့ ကုန်ပစ္စည်း ပို့ဆောင်သည့် ယာဉ်တန်း အား KIA မှ ခြုံခို တိုက်ခိုက်

Photo: မြစ်ကြီးနား မှ ပူတာအိုသို့ ကုန်ပစ္စည်း ပို့ဆောင်သည့် ယာဉ်တန်း အား
KIA မှ ခြုံခို တိုက်ခိုက် 
Wednesday, January 23, 2013

ကချင်ပြည်နယ် ပူတာအို ဒေသရှိ ဌာနဆိုင်ရာ များနှင့် ဒေသခံ 
တိုင်းရင်း သားများ အတွက် လိုအပ်သော ရိက္ခာ၊ စားကုန်နှင့် လူသုံးကုန် ပစ္စည်းများ  ပေးပို့သည့် ယာဉ်တန်းအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် KIA အကြမ်းဖက် သောင်းကျန်းသူ ၅ဝ ခန့်က ခြုံခို တိုက်ခိုက် ခဲ့သည်။ တိုက်ခိုက် မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ် ၁ စီး ပျက်စီး ခဲ့ကြောင်း သိရှိ ရသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့် တွင်လည်း ပူတာအို ဒေသ တိုင်းရင်းသားများ အတွက် ကုန်စည် ပို့ဆောင်ပေးသည့်  အရပ်ဘက် ကုန်စည် ပို့ဆောင်ရေး ယာဉ်တန်းအား လမ်းလုံခြုံရေး
ဆောင်ရွက်ပေးရန် နယ်မြေ ရှင်းလင်းသည့် တပ်မတော် စစ်ကြောင်း တစ်ကြောင်းအား ခြုံခို တိုက်ခိုက် သဖြင့် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး KIA အကြမ်းဖက် သောင်းကျန်း သူများသည် အရှေ့ဘက်နှင့် အရှေ့ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

မြစ်ကြီးနား- ပူတာအို လမ်းကြောင်း တစ်လျှောက် ကုန်ပစ္စည်း ပို့ဆောင်စဉ် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ KIA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့မှ နှောင့်ယှက် တိုက်ခိုက်မှု ၁၆ ကြိမ်မြောက် ဖြစ်သကဲ့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂ဝ၁၃) ထုတ်ပြန် ပြီးနောက် KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ် များအား ၈ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။  


ဲမြ၀တီ
ဓာတ်ပုံ - မြစ်ကြီးနား မှ ပူတာအို သို့ ကုန်ပစ္စည်းများ ပို့ဆောင်သည့် 
ယာဉ်တန်းအား KIA မှ ခြုံခို တိုက်ခိုက်သည့် နေရာပြ မြေပုံ
ကချင်ပြည်နယ် ပူတာအို ဒေသရှိ ဌာနဆိုင်ရာ များနှင့် ဒေသခံတိုင်းရင်း သားများအတွက် လိုအပ်သော ရိက္ခာ၊ စားကုန်နှင့် လူသုံးကုန် ပစ္စည်းများပေးပို့သည့်ယာဉ်တန်းအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် KIA အကြမ်းဖက် သောင်းကျန်းသူ ၅ဝ ခန့်က ခြုံခို တိုက်ခိုက် ခဲ့သည်။ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အလံ သုံးစွဲမှု သတိပြု

Photo: နိုင်ငံတော်အလံ သုံးစွဲမှု သတိပြု
Wednesday, January 23, 2013

ကျွန်တော်သည် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ စ၍ လွှတ်တော် တက်ခဲ့သည်မှာ ယခု ဆဋ္ဌမအကြိမ် အစည်းအဝေး အထိ ဖြစ်ပါသည်။

ကျွန်တော် နိုင်ငံတော် အလံနှင့် ပတ်သက်၍ တင်ပြ ပါရစေ။ အချို့ နေရာများတွင် နိုင်ငံတော် အလံကို ၎င်းတို့၏ ကုမ္ပဏီ အလံ၊ ဟိုတယ် အမှတ်တံဆိပ် အလံများနှင့် တန်းတူထားကာ လွှင့်ထူ ထားသည်ကို စိတ်မကောင်း ဖွယ် တွေ့ရှိ နေရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော် အလံ ဥပဒေကို ကျွန်တော် မှတ်သား လေ့လာထားမိ သလောက် တစ်ဆင့် ပြန်လည် ကာ ထုတ်နုတ်ရေးသား ဖော်ပြ အပ်ပါသည်။

ပြည်ထောင်စု မြန်မာ နိုင်ငံတော် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက် ရက်စွဲဖြင့် နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ များကို ပြဋ္ဌာန်း ထားခဲ့ပါသည်။ ယင်းပြဋ္ဌာန်းချက် မတိုင်မီကလည်း ဥပဒေရှိပြီး ဖြစ်ပါသည်။ သို့သော် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အလံကို ဂုဏ် ကျက်သရေနှင့် အညီ နည်းလမ်းတကျ သုံးစွဲ နိုင်ရန်နှင့် ထိန်းသိမ်း စောင့်ရှောက် ကြစေရန် အလို့ငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ပြဋ္ဌာန်း ပေးခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အလံ ဥပဒေတွင် နိဒါန်း၊ အခန်း (၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) နိုင်ငံတော် အလံ၏ စံပြု အရွယ်အစား အတိုင်းအတာနှင့် အရောင်အသွေး၊ အခန်း (၃) နိုင်ငံတော်အလံ လွှင့်ထူခြင်း၊ အခန်း (၄) တားမြစ်ချက် များနှင့် ပြစ်ဒဏ်၊ အခန်း (၅) အထွေထွေ တို့ဖြစ်ပြီး ပုဒ်မ ၁၉ ခု ပါဝင်ပါသည်။ နည်းဥပဒေ များတွင် နိဒါန်း၊ အခန်း (၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များ၊ အခန်း (၃) နိုင်ငံတော် အလံကို အလေးပြုခြင်း၊ အခန်း (၄) အထွေထွေတို့ ဖြစ်ပြီး ပုဒ်မ ၁၂ ခု ပါရှိပါသည်။

ဥပဒေ၏ အခန်း (၄) တားမြစ်ချက်နှင့် ပြစ်ဒဏ် အခန်းတွင် ပုဒ်မ ၁၃ ၌ နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ။

(က) နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသား တစ်ခုခုကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာ ထင်စေခြင်း။

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း။

(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း။

(၃) မလေးမစား ပြုခြင်း။

(ဂ) နိုင်ငံတော် အလံ၏ အထက်နှင့် တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့ အစည်းများ၏ အလံ တစ်ခုခု လွှင့်ထူခြင်းဟု ဖော်ပြ ထားပါသည်။

ထို့ပြင် ယင်းအခန်း၏ ပုဒ်မ ၁၆ တွင် ''မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် ရမည်'' ဟု ဖော်ပြ ထားပါသည်။

သို့ဖြစ်ပါ၍ မသိ နားမလည်သောကြောင့် ပြုလုပ်ထားမိ ခြင်းမျိုးမှ ဥပဒေနှင့် မညီမှု များကြောင့် မလိုလား အပ်သော နောက်ဆက်တွဲ ပြဿနာများ မဖြစ်စေရန် စေတနာဖြင့် ရေးသား ဖော်ပြ အပ်ပါသည်။ ။

လွှတ်တော် ကိုယ်စားလှယ် တစ်ဦး


မြ၀တီ ကျွန်တော်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှစ၍ လွှတ်တော်တက်ခဲ့သည်မှာ ယခုဆဋ္ဌမအကြိမ် အစည်းအဝေး အထိ ဖြစ်ပါသည်။

KIA အကြမ်းဖက် အဖွဲ့မှ ထောင်ထားသော မိုင်းကြောင့် အလယ်တန်းကျောင်းသား လူငယ်တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရရှိ


ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင် များက ဒိုင်ယာဘယ်လီမြို့ အတွင်းသို့ ထိုးစစ်များ ဆက်လက် ဆောင်ရွက် ခဲ့

ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင် များက ဒိုင်ယာဘယ်လီမြို့ အတွင်းသို့ ထိုးစစ်များ ဆက်လက် ဆောင်ရွက် ခဲ့

လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ဒိုင်ယာဘယ်လီ မြို့အား အစ္စလာမ္မစ် စစ်သွေးကြွ များက သိမ်းပိုက် ခဲ့ချိန်မှစ၍ လေကြောင်းနှင့် မြေပြင် ထိုးစစ်များ ပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင် များက အဆိုပါ မြို့အတွင်းသို့ ထိုးစစ်များ ဆက်လက် ဆောင်ရွက် ခဲ့ပါသည်။

ဇန်နဝါရီလ ၂၁ ရက် နေ့ အရုဏ်တက်ချိန်တွင် ဒိုင်ယာဘယ်လီ မြို့မှ ၃၇ မိုင်အကွာ နီယိုနိုမြို့မှ နေ၍ သံချပ်ကာ ယာဉ်တန်း ထွက်ခွာ သွားကြောင်း စစ်ဘက် သတင်း အရင်းအမြစ် တစ်ခုက ပြောကြား ခဲ့ပါသည်။ မြို့တော် ဘာမာကို၏ မြောက်ဘက် ၄ဝဝ ကီလိုမီတာ အကွာရှိ ဒိုင်ယာဘယ်လီ မြို့အား မာလီတပ်ဖွဲ့ဝင် များက ပြန်လည်သိမ်း ပိုက် နိုင်သေးခြင်း မရှိကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

http://www.myawady.net.mm/allnews/global/item/5058-2013-01-22-16-35-41#.UP9TMp28B8E
လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ဒိုင်ယာဘယ်လီမြို့အား အစ္စလာမ္မစ် စစ်သွေးကြွများက သိမ်းပိုက်ခဲ့ချိန်မှ စ၍ လေကြောင်းနှင့် မြေပြင် ထိုးစစ်များပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြင်သစ်နှင့်မာလီ တပ်ဖွဲ့ဝင်များက အဆိုပါ မြို့အတွင်းသို့ ထိုးစစ်များ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ် [၂၃.၁.၂၀၁၃](ဗုဒ္ဗဟူးနေ့) အား ယနေ့ မနက် ၁၀း၀၀ နာ၇ီတွင် စတင်ပါမည်။ အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။



ပထမအကြိမ်ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ် [၂၃.၁.၂၀၁၃](ဗုဒ္ဗဟူးနေ့) အား ယနေ့ မနက် ၁၀း၀၀ နာ၇ီ တွင်စတင်ပါမည်။ အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း။
(က) ဦးသိန်းညွှန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်၏ စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ(၃) ခု နှင့် စပ်လျဉ်းသည့် မေးခွန်း။

ပက်ထရီးယော့ ဒုံးကျည်များ တင်ဆောင်ထားသည့် Suecia Seaways သင်္ဘောသည် တူရကီနိုင်ငံ အစ္စကန်ဒီယန်ဆိပ်ကမ်းသို့ ရောက်ရှိ

ပက်ထရီးယော့ ဒုံးကျည်များ တင်ဆောင်ထားသည့် Suecia Seaways သင်္ဘောသည် တူရကီနိုင်ငံ အစ္စကန်ဒီယန် ဆိပ်ကမ်းသို့ ရောက်ရှိ

ပက်ထရီးယော့ ဒုံးကျည်များ တင်ဆောင်ထားသည့် Suecia Seaways သင်္ဘောသည် တူရကီနိုင်ငံ အစ္စကန်ဒီယန် ဆိပ်ကမ်းသို့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရောက်ရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြ ပါသည်။

Anadolu သတင်း ဌာန၏ ဖော်ပြချက် အရ အဆိုပါ ဒုံးကျည်များသည် ဂျာမနီနိုင်ငံမှ သယ်ဆောင် လာခဲ့ခြင်း ဖြစ်ပြီး ဆီးရီးယား နယ်စပ်မှ ကီလိုမီတာ ၁ဝဝ ခန့် ဝေးသည့် Kahramanmaras တွင် တပ်ဆင် နေရာချသွားမည် ဖြစ်ပါသည်။ ဂျာမနီနိုင်ငံ အနေဖြင့် ပက်ထရီယော့ ဒုံးကျည် ကာကွယ်ရေး စနစ်အတွက် တပ်ဖွဲ့ဝင်ပေါင်း ၃၅ဝ ဦးခန့် စေလွှတ်ရမည် ဖြစ်ရာ ၎င်းတို့အထဲမှ တပ်ဖွဲ့ဝင် ၂၄ဝ ဦးကို တူရကီသို့ စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/5057-2013-01-22-16-33-11#.UP9TMZ28B8E
 ပက်ထရီးယော့ဒုံးကျည်များ တင်ဆောင်ထားသည့် Suecia Seaways သင်္ဘောသည် တူရကီနိုင်ငံ အစ္စကန်ဒီယန် ဆိပ်ကမ်းသို့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရောက်ရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြ ခဲ့ကြပါသည်။

သမိုင်းသစ် ရေးထိုးသွားသည့် ဘရက်ဖို့ဒ် အသင်း ကပ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်။

သမိုင်းသစ် ရေးထိုးသွားသည့် ဘရက်ဖို့ဒ် အသင်း ကပ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်။ 




ကပ်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့ရာမှာ အက်စ်တွန်ဗီလာအသင်းက ဘရက်ဖို့ဒ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလာဒ် ၄-၃ ဖြင့် ဘရက်ဖို့ဒ်အသင်းက ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဘရက်ဖို့ဒ်အသင်းဟာ ဝင်ဘလေမှာ ကျင်းပမည့် ဗိုလ်လုပွဲမှာ ဆွမ်ဆီး သို့မဟုတ် ချယ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဘရက်ဖို့ဒ်အသင်းဟာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ၅၁ နှစ်အတွင်းမှာ ပထမဆုံး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် လိဂ် ၂ မှ အသင်းတစ်သင်းအဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။ ဘရက်ဖို့ဒ်အသင်းအတွက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် လမ်းကြောင်းဟာ လွယ်ကူခဲ့သည် မဟုတ်ပဲ သူ့ထက် အဆင့်မြင့် လိဂ်ပြိုင်ပွဲများဖြစ်သည့် လိဂ် ၁၊ ချန်ပီယံရှစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှားမှာ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းများကို ကျော်ဖြတ်ခဲ့ရသည်။ ပရီးမီးယားလိဂ် အသင်းကြီးများ ဖြစ်ကြသည့် ဝီဂန်၊ အာဆင်နယ်၊ အက်စ်တွန်ဗီလာအသင်းတို့ကို ကျော်ဖြတ်ပြီးမှ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတစ်ခုအတွင်းမှာ ပရီးမီးယားလိဂ် ၃ သင်းကို ကျော်ဖြတ်နိုင်ခဲ့သည့် ပထမဆုံး လိဂ် ၂ အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

ကပ်ပီတယ်ဝမ်း ဖလားကို ဆွတ်ခူးနိုင်သည့် အသင်းအနေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ရာ ဘရက်ဖို့ဒ်အသင်းအတွက်တော့ မျှော်လင့်မထားရဲသည့် အောင်မြင်မှုမျိုး ရလာနိုင်သည့် နှစ်တစ်နှစ် ဖြစ်သည်။
Written by အောင်စိုးမိုး


Ref: Football Cafe
ကပ်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့ ရာမှာ အက်စ်တွန်ဗီလာအသင်းက ဘရက်ဖို့ဒ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလာဒ် ၄-၃ ဖြင့် ဘရက်ဖို့ဒ် အသင်းက ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဘရက်ဖို့ဒ်အသင်းဟာ ဝင်ဘလေမှာ ကျင်းပမည့် ဗိုလ်လုပွဲမှာ ဆွမ်ဆီး သို့မဟုတ် ချယ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

ရန်ကုန်၊ဇန်န၀ါရီ-၂၁

ဆိုင်ကယ်စီးခွင့် တားမြစ်ထားသည့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းမှုများကြောင့်   မတော်တဆမှုများ ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ဌာနဆိုင်ရာအချို့မှလွဲ၍ ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသကဲ့သို့ အရေးယူမှုအားနည်းခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားနေရသည်ဟု မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရသူများက ပြောကြသည်။

“ဈေးသိမ်းပြီးတော့ အပြန်မှာ အနောက်က ဆိုင်ကယ်ပွတ်တိုက်သွားတာ။ ဒီလောက်ရှုပ်ယှက်ခတ်နေချိန်မှာ ဆိုင်ကယ်ကို အရမ်းမောင်းတာလေ” ဟု လှိုင်မြို့နယ် သံလမ်းတွင် ဆိုင်ကယ်အတိုက်ခံရ၍ ဘယ်ခြေထောက်ဒဏ်ရာရရှိခဲ့သော ဒေါ်တင်တင်သန်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်လိုင်စင်များကို ၂၀၀၁ ခုနှစ်မှစ၍ သက်တမ်းတိုးခွင့် တားမြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကိုသာ လုပ်ငန်းလိုအပ်ချက်အရ တရားဝင် စီးနင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း လျှပ်စစ်ဌာနမှ ဆိုင်ကယ် ၆၅ စီးနှင့် စည်ပင်မှ ၃၃ စီးကိုသာ တရားဝင် စီးနင်းခွင့်ပြုထားကြောင်း နေပြည်တော်ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောကြားသည်။

သို့ရာတွင် ရန်ကုန်မြို့တော်အတွင်း တရားမ၀င် ဆိုင်ကယ်များ စီးနင်းမှု များပြားလာခြင်း၊ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပွားနေခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ဥပဒေပညာရှင်များနှင့် ရေးရာကော်မတီတို့က သုံးသပ်ပြောဆိုကြသည်။

“ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ဘူး။ အန္တရာယ်မရှိဘူးဆိုရင် လိုင်စင်ပေးပေါ့။ လိုင်စင်မဲ့ဆိုင်ကယ် ရှိနေတာကတော့ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြနေတာ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကပြောသည်။

“မတော်တဆမှု ဖြစ်ပွားတဲ့ စာရင်းဇယားတွေကိုကြည့်ရင် ဆိုင်ကယ်တွေကြောင့် အများကြီး ပါပါတယ်။ အခု ကယ်ရီတွေပါ ဆွဲနေကြတော့ ပိုဆိုးတယ်။ ဥပဒေနှစ်ခုကို ချိုးဖောက်နေတဲ့သဘောပေါ့” ဟု ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး(အငြိမ်းစား) ဦးအောင်နိုင်က သုံးသပ်သည်။

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယင်းအထဲတွင် ဆိုင်ကယ်ကြောင့် ဖြစ်ပွားသော ယာဉ်တိုက်မှုပေါင်း ၁၆၀ ဖြစ်ပွားခဲ့ သည်။ စုစုပေါင်း သေဆုံးသူ ၃၀၀ 
နီးပါးတွင် ဆိုင်ကယ်တိုက်မှုကြောင့် ၄၂ ဦး သေဆုံးခဲ့ရသည်။

ရန်ကုန်နယ်နိမိတ်အတွင်း လျှပ်စစ်စက်ဘီများ စီးနင်းခွင့်ကိုလည်း ၂၀၁၂ ခုနှစ်အစပိုင်းတွင် မော်တော်ယာဉ်နည်းဥပဒေအရ ပိတ်ပင်ထားခဲ့သော်လည်း မြို့နယ် အချို့တွင် စီးနင်းနေကြဆဲဖြစ်သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်တွင် အုပ်စုဖွဲ့ဆိုင်ကယ်စီးနင်းသူ ၂၅ ဦးက ဆိုင်ကယ် ၉ စီးဖြင့် ရောက်ရှိလာပြီး ကန်ပေါင်ရှိ ၀န်ထမ်းအချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း ဆိုင်ကယ်များ တရားမ၀င် စီးနင်းနေခြင်းကို ၁၉၄၇ ခုနှစ် သွင်းကုန်ထုတ်ကုန်ကြီးကြပ်ရေး ယာယီအက်ဥပဒေ ပုဒ်မ ၅(၁)/ ၅(၃)တို့ဖြင့် အရေးယူနိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ဒဏ် ချမှတ်နိုင်ကြောင်း၊ လျှပ်စစ်ဆိုင်ကယ်များ စီးနင်းမှုကိုလည်း မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)ကဆိုသည်။

“ခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေ မဟုတ်ဘဲ စီးတာတွေ့ရင် ဒဏ်ကြေး ၅၁၅၀၀ ကျပ် ရိုက်တယ်။ နောက်မစီးဖို့ ခံဝန်ထိုးခိုင်း တယ်။ လိုင်စင်မဲ့ဆို နိုင်ငံပိုင်အဖြစ် တစ်ခါတည်း သိမ်းလိုက်တယ်” ဟု နေပြည်တော် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဆိုင်ကယ်စီးခွင့် တားမြစ်ထားသည့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းမှုများကြောင့် မတော်တဆမှုများ ဖြစ် ပွားနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။
ဌာနဆိုင်ရာအချို့မှလွဲ၍ ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသကဲ့သို့ အရေး
ယူမှုအားနည်းခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားနေရသည်ဟု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ က ပြောကြသည်။