Friday, 30 November 2012

ဂျပန်နိုင်ငံတွင်ဖမ်းမိခဲ့သော ယူရေနီယမ်ပစ္စည်းများနှင့် ပတ်သက်၍ ကန်လွှတ်တော်အမတ်ကသမ္မတ ဦးသိန်းစိန်ထံစာပို့

အမေရိကန်အထက်လွှတ်တော်မှ ရီပက်ဘလီကန်အမတ် ရစ်ချက်လူဂါသည် ဂျပန်နိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးရမိခဲ့သော ယူရေနီယမ် သန့်စင်ရေး (သို့မဟုတ်) ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများနှင့် ပတ်သက်၍ ဖြေရှင်းပေး ပါရန် မြန်မာသမ္မတဦးသိန်းစိန်ထံသို့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့က စာရေးသားပေးပို့ခဲ့ကြောင်း ဂျပန်အဆာဟိရှင်ဘွန်း သတင်း

ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန် တင်ဒါခေါ်ယူ သွားမည်

Photo: ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန် တင်ဒါခေါ်ယူ သွားမည်

Friday, November 30, 2012

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက်မယ့် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ ခေါ်ယူမှုကို လာမယ့် ဒီဇင်ဘာ

လအတွင်းမှာ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုလို ခေါ်ယူရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ

ဆောင်ရွက်မယ့် အိမ်ရာ စီမံကိန်းများ ဖြစ်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံအိမ်ရာ စီမံကိန်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် ရှိ ဧရာပန် အိမ်ရာ စီမံကိန်းနဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ တက္ကသိုလ် အိမ်ရာ စီမံကိန်းများ

ဆောင်ရွက်ဖို့ အတွက် ခေါ်ယူမှာ ဖြစ်ပါတယ်။

ဒီလို တင်ဒါခေါ်ယူ ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး

ကော်မတီက ရေးဆွဲ ထားတဲ့ အဆောက်အဦး ပုံစံများအတိုင်း ဆောင်ရွက် သွားဖို့ဖြစ်ပြီး လျှောက်ထားတဲ့ လုပ်ငန်းရှင်များ အနေနဲ့ အစီအစဉ်များ

ရေးဆွဲကာ တင်ဒါများ တင်သွင်း နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ လျှောက်ထား လိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ တင်ဒါ လျှောက်လွှာနဲ့ အဆောက်အဦး ပုံစံများကို အင်ဂျင်နီယာ ဌာန အဆောက်အအုံမှာ လာမယ့် ဒီဇင်ဘာလ အတွင်း စတင် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက်မယ့် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ ခေါ်ယူမှုကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အခုလို ခေါ်ယူရာမှာ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ မှဆောင် ရွက်မယ့် အိမ်ရာ စီမံကိန်းများ ဖြစ်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင်

“မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်”

Photo: "မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်"

Friday, November 30, 2012

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေ

သူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်း

လူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း(၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)

အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ကုက်္ကိုကုန်းအုပ်စု၊ ညောင်ပေါ်

ကျေးရွာနေ (ဘ)ဦးကျော်မြင့်၏သား (၄၅)နှစ်ရှိ ဦးဇော်လွင်မှ ရဲစခန်းသို့

ရောက်ရှိလာပြီး တိုင်တန်းသည်မှာ ၂၀၁၂၊ မတ်လ (၁၉)ရက်နေ့က ၄င်း၏ တူဖြစ်သူ မင်းမင်းဦး(၂၉)နှစ်၊ (ဘ)ဦးစောအပိုး သည် တစ်ရွာတည်းနေ

(ဘ)ဦးမြင့်၏သား မောင်မျိုးလင်း(ဘ)ဦးကြန်အောင်၏သား မောင်ဆန်းဝင်း(ဘ)ဦးစံအောင်၏သား မောင်သက်မင်းထွန်း တို့နှင့်အတူ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားကြောင်း မြ၀တီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ၂၀၁၂၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာ

မင်းမင်းဦး၏ဗီဇာအမှတ် မှာ – (ပီအေ ၀၅၁၃၀၃) ဖြစ်သည်ဟု သိရကြောင်း၊

မင်းမင်းဦးတို့လေးဦးသည် ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့ မော်အောရပ်ကွက် ဇွဲနူတော်ခေါ်လမ်း အိမ်အမှတ်မရှိတွင် နေထိုင်ကြပြီး ကန်ထရိုက် မစီတာ

ဖီလင်၏ လုံးချင်းတိုက်များဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်

သည်ဟု  မောင်မျိုးလင်း၏ ဖုန်းဖြင့်ပြောပြချက်အရသိရကြောင်း၊ ၄င်းဆောက်လုပ်ရေးတွင် လယ်ဝေးမြို့နယ်၊သစ်ပုတ်ပင်အုပ်စု၊ ပင်ငမြောင်

ကျေးရွာနေ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊

ကြည်လှိုင်(ခ) မောင်ပု၊ ဇော်မင်းသိန်း(ခ)ဖိုးဇော်၊ ဇော်ဝင်းထွန်းတို့ (၄)ဦးနှင့်

အတူ အလုပ်လုပ်ကိုင်ပြီး မင်းမင်းဦးတို့ နေထိုင်သည့် အခန်းနှင့်ကပ်လျက်

နေထိုင်ကြသည်ဟု မောင်မျိုးလင်းမှ ဖုန်းဖြင့်ပြောပြချက်အရ သိရကြောင်း၊ ထိုသို့ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေစဉ်၂၀၁၂၊ အောက်တိုဘာ (၁၉)ရက်နေ့

သောကြာနေ့ ညပိုင်းက အလုပ်နားချိန်တွင် ၄င်းတို့ဘောလုံးကန်ရေချိုးပြီး အရက်သောက်ကြရာ မင်းမင်းဦးနှင့် ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး တို့ ည(၇း၃၀)အချိန်ခန့်တွင် စကားများကြ၍ ၀ိုင်းဝန်းဖြန့်ဖြေ ပေးခဲ့ကြောင်း ထို့နောက်အခန်းသို့ ပြန်ကြကြောင်း ထိုနေ့ည (၈း၃၀)အချိန်ခန့်တွင် ၀င်းမြင့်အောင်(ခ) ၀င်းမြင့်ဦး(ခ)ပီချေးသည် လုပ်ငန်းသုံးစွဲသည့်

တူတစ်လက်အားကိုင်၍ မင်းမင်းဦးနေထိုင်ရာ အခန်းပေါက်ဝသို့ ၀င်လာပြီး မင်းမင်းဦး၏ ဦးခေါင်းအား နောက်ဘက်မှရိုက်ရာ မင်းမင်းဦးရှေ့သို့ လှည့်စဉ် နဖူးစပ်နှင့် နားထင်အထက်တွင် ရိုက်မိဒဏ်ရာရရှိကြောင်း ဆေးရုံသို့ ညတွင်းချင်းပို့ကြစဉ် မင်းမင်းဦးမှာ ၂၀၁၂၊ အောက်တိုဘာ(၂၀)ရက်နေ့တွင် ရရှိဒဏ်ရာနှင့် သေဆုံးခဲ့သည်ဟု၂၀၁၂၊ အောက်တိုဘာ (၂၂)ရက်နေ့ ည(၁၀း၀၀)အချိန်ခန့်တွင် မောင်မျိုးလင်းမှ တရားလို ဦးဇော်လွင်ထံ  ဖုန်းဆက်ပြောပြသိရကြောင်းဝင်းမြင့်အောင်မှာထွက်ပြေးတိမ်းရှောင်

နေကြောင်း၎င်း၏ဗီဇာအမှတ်မှာ ( ပီအေ ၀၅၁၃၁၇ )ဖြစ်ကြောင်း

မောင်မျိုးလင်း၏ ပြောပြချက်အရ သိရကြောင်း

ဝင်းမြင့်အောင်၏ နေရပ်လိပ်စာအပြည့်အစုံမှာ ၀င်းမြင့်အောင်(ခ)

ဝင်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ၉/လ၀န(နိုင်) ၀၇၅၈၀၆ ပင်ငမြောင်ကျေးရွာ၊ သစ်ပုတ်ပင်အုပ်စု၊ လယ်ဝေးမြို့နယ်၊ မန္တလေး

တိုင်းဒေသကြီး ဖြစ်ကြောင်း ပြောပြသိရသည်ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းဦးအား တူဖြင့်ထုရိုက်သတ်သူ ၀င်းမြင့်အောင် (ခ)၀င်းမြင့်ဦး(ခ)ပီချေး အား ဥပဒေအရ အရေးယူပေးပါရန် ဦးလေးဖြစ်သူ ဦးဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့်

တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၈၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်

(၂၉.၁၁.၂၀၁၂) ရက်နေ့ ညနေ(၃း၀၅)အချိန် အမှုရေးဖွင့်ပြီး အမှုစစ် ရဲအုပ်စခန်းမှူး လှငွေမှ အမှုအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

The Hot News

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေသူမှ ထိုင်းနိုင်ငံသို့ အလုပ် လုပ် သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်းလူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း(၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ကုက်္ကိုကုန်းအုပ်စု၊ ညောင်ပေါ်ကျေးရွာနေ (ဘ)ဦးကျော်မြင့်၏သား

ကားတိမ်းမှောက်၍ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ် ၃ ဦး သေဆုံး

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ကားတိမ်းမှောက်ရာမှ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ တရုတ် အမျိုးသား (၃) ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။ နိုဝင်င်္ဘာလ ၂၈ ရက်ထုတ် ကြေးမုံ သတင်းစာ အရ သေဆုံးသွားသူများမှာ လာဒကီ (၄၂) နှစ်၊ မစ္စတာ ချိုင်ဂျော့လိုင် (၃၇) နှစ်နှင့် မစ္စတာ မာဖူး

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း

Photo: သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း
Friday, November 30, 2012

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော်များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်းသာအောင်နေကြပါ " ဟု မိန့်ကြားသွားခဲ့သည်။

အဆိုပါ ဆေးရုံကြီးတွင် သဃာတော် ၂၆ ပါးနှင့် အမျိုးသား တစ်ဦး ဆေးကုသမှုခံယူနေပြီး မီးလောင်ဒဏ်ရာများဖြစ်ကြောင်း ကို ဆေးရုံအုပ်ကြီးက အတည်ပြုပြောကြားထားသည်။

"ဒဏ်ရာဆေးတဲ့အခါမှာ အက်ဆက်နံ့ မရဘူး ၊ဒဏ်ရာတွေကတော့ မီးလောင်ဒဏ်ရာတွေ ၊ မျက်စိထိခိုက်တဲ့ သံဃာတော်အနေနဲ့ အမြင်မထိခိုက်နိုင်ဘူးလို့ မျက်စိအထူးကု ဆရာဝန်ကြီး က ပြောထားပါတယ်"ဟု မုံရွာ ပြည်သူ့ဆေး ရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထွဋ် က ပြော သည်။

လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့မှ လှူဒါန်းငွေများကို သံဃာတော်များအတွက် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး
နောက်ပိုင်းတွင် ကော်မတီများဖွဲ့စည်းပြီင်္းလုပ်ဆောင်သွားမည်ဟု
သိရသည်။

Yangon Media Group
သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော်များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်းသာအောင်နေကြပါ " ဟု မိန့်ကြား သွား ခဲ့သည်။

လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာ ဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်

Photo: လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာ ဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်

Friday, November 30, 2012

“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်း

အဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း တွေက ဦးဆောင်ပြီး ရန်ကုန်မြို့

ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စား

လှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ၄ ဖွဲ့ ကိုယ်စားလှယ်များ၊

ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့ အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့် ပညာရှင် ၁၇ ဦး စုစုပေါင်း ၁၇၀ ဦးတက်ရောက်

တဲ့ ဒီအစည်းအဝေးမှာ ဘာတွေအထူးပြောဆိုဆွေးနွေးခဲ့ကြသလဲဆိုနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် နန်းဝိုးဆိုင် ကို သျှမ်းသံတော်ဆင့်သတင်း

ဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားတဲ့ အစည်းအဝေးက ဘာအစည်းအဝေးလဲ။ ဘာကြောင့် ပြုလုပ်ရပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တဲ့ အစည်းအဝေးပါ။ တိုင်းရင်းသားဒေသတွေမှာ ဘာကြောင့် မငြိမ်းချမ်းသေးသလဲ။ ကျမတို့ သျှမ်းတိုင်းရင်းသားဒေသမှာလည်း မအေးချမ်းသေးဘူး။ဘာကြောင့်လဲ

ဆိုတာ ပြန်သုံးသပ်ကြည့်လိုက်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်လာတယ်။ ဆူပူမှုတွေ ဖြစ်လာတယ်။ နှစ် ၆၀ ကျော်ပြီ မငြိမ်းချမ်း သေးဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း မအောင်မြင်ဘူး။ ဘာကြောင့်မအောင်မြင်သလဲဆိုရင် တယောက်နဲ့တယောက်၊ လူမျိုးတမျိုးနဲ့

တမျိုး၊ အဖွဲ့တဖွဲ့ နဲ့တဖွဲ့ ယုံကြည်မှု မရှိကြသေးလို့ဘဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ရဖို့ ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု မရှိရင် ဘယ်လိုဘဲ ဆွေးနွေးဆွေးနွေး မအောင်မြင်နိုင်ဘူး။ လက်နက်ကိုင်အဖွဲ့တွေ

လည်း စာချုပ်မှာ အပစ်ရပ်ဖို့ လက်မှတ်ထိုးပြီးပြီ။ ဒါပေမဲ့ တိုက်ပွဲတွေ

ဖြစ်နေတုန်း။ ယုံကြည်မှု မရှိလို့။ ယုံကြည်အောင်လည်း လုပ်ဆောင်တာ မရှိသေးလို့။ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေရယူဖို့ ဘယ်လို

လုပ်ကြမလဲဆိုတာ ဆွေးနွေးဖို့ ပြုလုပ်ရတာပါ။

မေး။ ။ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ဆွေးနွေးတယ်ဆိုတော့ ဘယ်လိုဆွေးနွေးပါသလဲ။ ကျေနပ်အားရမှု ရှိပါသလား။

ဖြေ။ ။ စစ်တပ်၊ ပါတီ၊ လူမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စာပေ/ယဉ် အဖွဲ့၊ ပြည်သူ စတဲ့ အဖွဲ့ပေါင်းစုံ က လာကြတယ်။ အားလုံးကိုရောပြီး အုပ်စုလိုက်

ဆွေးနွေးကြတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဖက်ဖက်က ပါဝင်ရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒါတွေနဲ့ ပတ်သက်တာကို ဆွေးနွေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ အသိပညာရှင် အတတ်ပညာ ရှင်တွေလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို

ပြောပြတယ်။ အဖြစ်မှန် အမြင်မှန် ကိုသိပြီး ယုံကြည်မှုရအောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ဆွေးနွေးကြတယ်။ ယုံကြည်မှုရှိရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လွယ်သွားမယ်။

မေး။ ။ အစည်းအဝေးမှာ အဆင်မပြေတာတွေ နားလည်မှု မရတာတွေ ရှိလား။

ဖြေ။ ။ မရှိပါဘူး။ သျှမ်းပြည်က သျှမ်းတိုင်းရင်းသားတွေ သာမက ကချင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းက သျှမ်းတိုင်းရင်းသားတွေ၊

ပြည်ပက သျှမ်းတိုင်းရင်းသားတွေလည်း လာတက်ကြတယ်။ ဆွေးနွေး

ရတာ အားလုံး အဆင်ပြေပါတယ်။ အတွေ့အကြုံတွေက ခပ်များများ ဆင်တူနေကြတော့ ပြောရဆိုရတာ နားလည်မှုရှိကြတယ်။ နားလည်

လွယ်တယ်။

မေး။ ။ အာဏာပိုင်တွေ နှောင့်ယှက်တာတွေ ရှိလား။

ဖြေ။ ။ မရှိပါဘူး။ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လာတက်ပြီး ဒီလိုအစည်းအဝေးမျိုး ရှိသင့်တာကြာပြီ။ နောက်နောင်လည်း ဒီလိုအစည်းအဝေးရှိမယ်ဆိုရင် ကူညီပေးမယ် လို့ ပြောသွားတယ်။

မေး။ ။ ၁၉၆၂ ခုနှစ်နှောင်ပိုင်းမှာ ဒီလိုအစည်းအဝေးဟာ ပထမဆုံးအကြိမ်လို့ ပြောနိုင်တယ်။ သျှမ်းတိုင်းရင်းသားတွေ တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်လို့လည်း မမှားဘူး။ ဒါကြောင့် အမျိုးသားရေး အတွက် ဘာတွေများ ဆုံးဖြတ်ခဲ့ကြပါသလဲ။

ဖြေ။ ။ ဘယ်လိုလုပ်ပြီး ယုံကြည်မှု တည်ဆောက်မလဲဆိုတာ နည်းလမ်းရှာဖွေတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တာကြောင့် ဘာမှမဆုံးဖြတ်ပါဘူး။ အချက်အလက်တွေ ယူလာပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးတာပါ။ အဖက်ဖက်က လာရောက်ဆွေးနွေးပြီး ဒီလိုလုပ်သင့်တယ်၊ ဒီလိုပြုပြင်သင့် တယ်ဆိုပြီး အကြံပေးတာကို နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုင်းပြည်ငြိမ်းချမ်းဖို့၊ တိုးတက်ဖို့ ယူသုံးနိုင်အောင်ပါ။ ဒါပေမဲ့ နောက်နောင်မှာလည်း ဒီလိုအစည်းအဝေး လုပ်ပါအုံးမယ်။ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ဆွေးနွေး ရမဲ့ခေါင်းစဉ်တွေလည်း များတယ်။ အချိန်လည်း သိပ်မရတော့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်ထိတော့ မရောက်ဘူး။ နောက်နောင်ဆိုရင် ဆုံးဖြတ်နိုင်တဲ့အဆင့်ထိ ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ သျှမ်းတပ်ဖွဲ့ဆိုလည်း ၂ဖွဲ့ ၃ ဖွဲ့ရှိတယ်၊ သျှမ်းပါတီဆိုရင်လည်း ၂ ဖွဲ့ ၃ ဖွဲ့ရှိတယ်။ ပြည်သူ တွေက သူတို့ကို ပေါင်းစည်းစေချင်ကြတယ်။ ဒီကိစ်စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ဒါလည်းဆွေးနွေးဖြစ်ပါတယ်။ အစည်းအဝေးမတိုင်ခင် အလုပ်အမှုဆောင်အဖွဲ့လည်း သျှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသကို သွားရောက်ပြီး ဆန္ဒကောက်ယူခဲ့ကြပါတယ်။ ၉၀ ရာခိုင်နှုန်း လောက်က လက်နက်ကိုင်တပ်ဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် သူတို့ကို ပေါင်းစည်း စေချင်ကြတယ်။ မပေါင်းစည်းနိုင်ရင်လည်း ပူးပေါင်းလုပ်ဆောင်ကြဖို့၊ နေရာ၊ တာဝန်ခွဲဝေကြဖို့ ပြောကြတယ်။ ဒါကတော့ ပြည်သူတွေရဲ့ဆန္ဒပါ။

မေး။ ။ ဒီအစည်းအဝေးကနေ သျှမ်းတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ စကားကို ပြည်သူတွေ သိရှိအောင် ဘာများမှာကြားချင်ပါသလဲ။

ဖြေ။ ။ ဒီအစည်းအဝေးမှာ ဒေသအသီးသီးက လူငယ်အဖွဲ့လည်း ပါဝင်တယ်။ ကိုယ်စားလှယ် အသီးသီးလည်း လာတက်ကြတယ်။ ဒါကြောင့် သူတို့လည်း အချက်အလက်တွေကို ပြန်ပြောကြမှာပါ။

ပြည်သူတွေလည်း ကိုယ့်တိုင်းပြည်ကို ချစ်ကြဖို့၊ စိတ်ရှည်ရှည်ထားကြဖို့၊ မာနတွေ လျှော့ကြဖို့၊ တကိုယ်ကောင်းမဆန်ဘဲ အများအကျိုးအတွက် သယ်ပိုးဖို့၊ ပြည်ပမှာ ရောက်နေတဲ့ လူငယ်တွေလည်း ကိုယ့်တိုင်းပြည်ကို

ပြန်လာပြီး တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ အစည်းအဝေး တက်ရောက် ကြသူတွေအားလုံးက တောင်းဆိုကြပါတယ်။

၃ ရက်တာကာလ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လက်ရှိ သျှမ်းနိုင်ငံရေး၊

စီးပွါးရေး၊ လူမှုရေး၊ စာပေ ယဉ်ကျေးမှု၊ သယံဇာတနှင့်သဘာဝပတ်ဝန်း

ကျင်ဆိုင်ရာများ၊ သျှမ်းလူမျိုးများနေထိုင်ရာဒေသများတွင် ရာစုနှစ်

တဝက်ကြာ ခံစားနေရသော နိုင်ငံရေးပြဿနာများပကတိအခြေအနေ

များကိုစာတမ်း ၂၃ စောင်ဖြင့် တင်ပြခဲ့ပါတယ်။ အဲဒီ စာတမ်း ၂၃ စောင်

အပေါ် အခြေခံပြီးတော့ အစည်းအဝေးတက်ရောက်တဲ့လူတွေက

ခေါင်းစဉ်အလိုက်အုပ်စုခွဲပြီး သဘောထားပေး ဆွေးနွေးခဲ့ကြတာဖြစ်

ပါတယ်။

ဆွေးနွေးပွဲမှာပြီးဆုံးတဲ့ရက်မှာဘဲ လူထုထံက ကောက်ယူထားတဲ့ ဆန္ဒ

သဘောထားစစ်တမ်းတွေရဲ့ အဖြေကို စုစည်းပြီး တင်ပြဆွေးနွေး ခဲ့ကြ

တယ်လို့ သိရပါတယ်။

သျှမ်းသံတော်ဆင့်
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း တွေက ဦးဆောင်ပြီး ရန်ကုန်မြို့ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ၄ ဖွဲ့ ကိုယ်စားလှယ်များ၊ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှု အခြေပြု

ဒီချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍ ဒုတိယနေ့မွန့်ခွန်းအဖြစ် ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ဟောပြော

Photo: ဒီချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍

ဒုတိယနေ့မွန့်ခွန်းအဖြစ် ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ဟောပြော

Friday, November 30, 2012

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့် တွင် ချင်းတွင်းမြစ် အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်)တွင် နာရီဝက်ကျော်အကြာ ဟောပြောသွားကြောင်း သိရသည် ။

အဆိုပါဟောပြောပွဲတွင် ဒေသခံများအနေဖြင့် အချိန်မှီ ရောက်လာသူ

နည်းပါးသော ကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက်မှ ပေးပို့သည်။

“ အချိန်ကစောတာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့ လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော် နည်းတယ် မိနစ်၄၀ လောက်

သာ ကြတော့ ပွဲပြီးတဲ့ အထိ လူတွေကလာနေတုန်းပဲ” ဟု မုံရွာမြို့ခံ ကုန်သည် တစ်ဦးက ရန်ကုန်မီဒီယာဂရု သို့ ဆက်သွယ် ပြောကြားသည်

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဟောပြောပွဲ အပြီးနံနက် ၉ နာရီ ၅၀ ကျော်ခန့်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ် သို့ပြန်သွားပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သတ်၍ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်တွေဆုံညှိနှိုင်းမည်ဟု သိရသည်။

“အမေစုက ဟောပြောပွဲမှာ လက်ပံတောင်းကိစ္စနှင့် ပက်သတ်လို့ အခုလို

ဖြေရှင်းပုံဟာ မလိုအပ်ဘူးလို့ပြောသွားတယ် ဒီကိစ္စနှင့်ပက်သတ်ပြီး အာဏာပိုင်တွေကိုတွေ့မယ်၊ လက်ပံတောင်းဒေသခံတွေကို တွေ့မယ်၊ စီမံကိန်းနယ်မြေ အနီးက ၂၆ ရွာက ကိုယ်စားလှယ်တွေကိုတွေမယ် လို့ ပြောကြားသွားတယ်” ဟုမုံရွာမြို့ ရှိ သီးနှံစုံ ပွဲရုံတစ်ခုမှ မန်နေဂျာကပြောကြားသည်။

အခုနောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစု ကြည်သည် ၀င်းယူနတီ ဟိုတယ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်းသိရသည်။

Yangon Media Group

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့် တွင် ချင်းတွင်းမြစ် အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်)တွင် နာရီဝက်ကျော် အကြာ ဟောပြောသွားကြောင်း သိရသည် ။ အဆိုပါဟောပြောပွဲ တွင် ဒေသခံများအနေဖြင့် အချိန်မှီ ရောက်လာ သူနည်း ပါးသော ကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာ ရှိကြောင်း

မူးယစ်ဆေးဝါး သုံးစွဲမှု များလာတဲ့အတွက် မိဘများ စိုးရိမ်ပူပန်နေကြရ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ လူငယ်တွေအကြား တော်တော်များများ သုံးစွဲနေပြီးဖြစ်လို့ မိဘများက စိုးရိမ်ပူပန်မှုများ ဖြစ်နေကြလို့ နှစ်ခြင်းဘုရားဝတ်ပြုသည့် နေ့အချိန်တိုင်းနှင့် အစည်းအဝေး တိုင်းတွေမှာ ရင်ဖွင့်သံများ ကြားနေရပါတယ်။
မိဘတွေ သားသမီးအတွက် ရင်လေးနေရကြရပြီဖြစ်လို့ သက်ဆိုင်ရာ မိမိကိုးကွယ်ယုံကြည်ကြတဲ့ ဘုန်းတော်ကြီးများ ၊ သာသနာဆရာတော်များထံ ဘုရားဆုတောင်း ဝတ်ပြုပေးတာတွေ ဒီးမော့ဆိုမြို့မှာ မကြာခဏဆိုသလို လုပ်ပေးနေ တာတွေ တွေ့နေရပါတယ်။

ဒီးမော့ဆိုမြို့မှ နှစ်ခြင်းသာသနာဆရာများနှင့် နီးစပ်သူတဦးက “သူတို့တွေက ဘာမှသုံးစားလို့ မရတော့တဲ့ အခြေ အနေမှာ ဖြစ်နေ ကြပြီလေး အဲဒါဆိုတော့ မိဘတွေက ရင်လာဖွင့်ကြတယ်။ မိဘတွေရဲ့ လုပ်ငန်းတွေဆိုလည်း သူတို့ရဲ့ သားတွေကို လက်လွှဲပေးတာတွေ မလုပ်ရဲတော့ဘူး အလုပ်ကိုမခိုင်းရဲတော့ဘူး သူတို့က ရသမျှငွေတွေကို အဲဒီဆေးအတွက် မရမကဝယ်တော့တာ မိဘတွေက စိတ်ဆင်းနေကြရတယ်။” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့အပါအဝင် ကျေးလက်တောရွာဘက်တွေမှာလည်း မူးယစ်ဆေးဝါးသုံးစွဲ နေမှုရှိနေကြပါတယ်။ နန်းမယ်ခုံတိုက်နယ် ဘက်တွေမှာရှိတဲ့ နန်းမယ်ခုံဈေး အနောက်ဘက်ခြုံကြားတွေနဲ့ နန်းစခန်း (၁)ချိုးကုန်းတောတွေမှာ လူငယ်တွေ အဲဒီထဲမှာ သုံးစွဲနေကြတယ်လို့ ကျေးရွာအုပ်စုဥက္ကဌတွေအကြား သတင်းတွေထွက်ပေါ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာမယ့်နှစ်ဆန်းမှာ တောင်ကိုရီယား သွားမယ်

Photo: ဒေါ်အောင်ဆန်းစုကြည် လာမယ့်နှစ်ဆန်းမှာ တောင်ကိုရီယား သွားမယ်
Friday, November 30, 2012

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ
တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာ
သွားဖို့ ရှိပါတယ်။

၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်း
ဆောင်ရွက်မှုတွေကြောင့်  နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့ လာရောက်ရန်
ဒေါ်အောင်ဆန်စုကြည်အား ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါ အားကစားပွဲ တက်ရောက်ပြီးနောက် ဂွမ်ဂျူးမြို့သို့ ၂ ရက်တာ အလည်အပတ် ဖိတ်ကြားမှာဖြစ်တယ်လို့ ကိုရီယား ချိုဆမ် မီဒီယာ သတင်းတခု မှာ ဖော်ပြထားပါတယ်။

ဂွမ်ဂျူးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆိုပါ ဂွမ်ဂျူး ဖောင်ဒေးရှင်းက တည်ခင်း ဧည့်ခံမယ့် ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတခု
ပေးဖို့အစီအစဉ်လည်း ရှိကြောင်း အဆိုပါ သတင်း မှာ ဖော်ပြထားပါတယ်။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ the May 18 National Cemetery မှာ ဂါရ၀ ပြုပြီးနောက် ချွန်နမ် အမျိုးသား တက္ကသိုလ် (Chonnam National University) မှာလည်း စကားပြောမှာ ဖြစ်တယ်လို့ အဆို ပါ ဖောင်ဒေးရှင်းက ဆိုပါတယ်။

၁၉၈၀ ခုနှစ် မေ ၁၈ က တောင်ကိုရီယား နိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ လူထု လှုပ်ရှားမှု တခုမှာ ထိုစဉ်က အစိုးရက အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် လူပေါင်း လူပေါင်း ၃၂၅ ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါတယ်။

ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ လူထုက မကျေနပ်လို့ စုရုံးပြီး ဆန္ဒပြရာမှာ အစိုးရက မောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နှိမ်နင်း မှုကြောင့်
တောင်ကိုရီယား ၁၅၄ ဦး အသက်ဆုံးရှုံး ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု ဟာ တောင်ကိုရီယား နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခုလည်း
ဖြစ်ပါတယ်။

ထိုစဉ်က ထိခိုက်ကျဆုံးခဲ့ရသူတွေအတွက် the May 18 National Cemetery ကို နောက်ပိုင်း လုပ်ဆောင် ထားပြီး နှစ်စဉ် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း ဂွမ်ဂျူး ဖောင်ဒေးရှင်း က နှစ်စဉ် ဆု ပေးလေ့ ရှိပါတယ်။

အိမ့်သံစဉ်
ဧရာဝတီမြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ
တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာ
သွားဖို့ ရှိပါတယ်။၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။

Thursday, 29 November 2012

တောင်ပေါ်ဒေသတွင် နယ်မြေမတည်ငြိမ်ခြင်းကြောင့် လက်ဖက်ဈေးကွက် မတည်ငြိမ်

http://sphotos-h.ak.fbcdn.net/hphotos-ak-snc7/319657_498056213568355_716191908_n.jpg

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ လက်ဖက်စိုက်ဒေသများတွင် နယ်မြေမငြိမ်းချမ်းမှုများကြောင့် လက်ဖက်ကုန်ကြမ်း အရည် အသွေးလျော့ ကျလာပြီး ရှမ်းမြောက် လက်ဖက်ဈေးကွက် အရောင်း အ၀ယ်အေး လျက်ရှိသည်ဟု လက်ဖက်လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရှိရသည်။
“တောင်ပေါ်ဒေသတွေမှာ လက်နက်ကိုင်တပ်တွေက တပ်သား စုဆောင်းနေတော့ ဘယ်သူမှ လက်ဖက်သွားမခူးရဲကြဘူး ၊ နယ်မြေ

ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့် ပုံစံနှင့်ပတ်သက် ၍  နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။

အထိုင်များသူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ်တိုးမြင့်လာနိုင်ဖွယ်ရှိ

Photo: အထိုင်များသူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ်တိုးမြင့်လာနိုင်ဖွယ်ရှိ
Thursday, 29 November 2012

လေ့လာမှုတစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များသူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး နိုင်သော အန္တရာယ်ပိုမို
တိုးတက်လာ နိုင်ကြောင်း တွေ့ရှိရသည်။

လက်စတာတက္ကသိုလ် ဆီးချို ရောဂါသုတေသနဌာနစုကလူနာ ၇၉၄၅၇၇ ဦး
တို့ကို မတူညီသည့် စမ်းသပ်လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ကြ ရာမှ အချိန်ကြာကြာထိုင်သူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး
နိုင်သည့်အန္တရာယ် နှစ်ဆခန့် တိုးလာ သည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ကျန်းမာသောသူ အများစုတို့သည် ကာလကြာရှည်ထိုင်ခြင်းဖြင့် အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိသည်ဟု အကြံပြုထား ပါသည်။

အရွယ်ရောက်သူများသည် ၎င်းတို့၏ အချိန် ၅ဝ မှ ၇ဝ ရာခိုင်နှုန်းကို ထိုင်ခြင်းဖြင့် ကုန်ဆုံးစေပြီး ယခု တွေ့ရှိချက်က အကျိုးရှိသော ရလဒ် တစ်ခုဖြစ်စေနိုင်သည်။ လက်စတာ ဆီးချိုရောဂါ သုတေသနဌာနမှ သုတေ သနပညာရှင်နှင့် လေ့လာသူ တစ်ဦး ဖြစ်သူ ဒေါက်တာအမ်မာက ပြော ကြားသည်။ ထိုင်သည့် အချိန်ကို ကန့် သတ်လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချို ရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှု အန္တရာယ်ကို
လျှော့ချနိုင်ကြောင်းဖြင့် ၎င်းက ထပ်လောင်းပြောကြားသည်။

လေ့လာမှုအရ ဆီးချိုရောဂါနှင့် အချိန်ကြာကြာထိုင်ခြင်းတို့ ဆက်စပ် နေပြီး မျိုးရိုးလိုက် ဆီးချိုရောဂါရှိသူ သို့မဟုတ် တောင်အာရှဒေသမှ လူမျိုးစုများ၊ အဝလွန်သူများကဲ့သို့သော ဆီးချိုဝေဒနာရှင်များအတွက် အရေး ကြီးသည့်သတင်း တစ်ရပ်ဖြစ်ပါသည်။

ထို့အပြင် အချိန်ကြာကြာထိုင်သည့် အလေ့အထကို ကန့်သတ်ခြင်းဖြင့် ဆီးချိုဝေဒနာရှင်များ နောက်ထပ်ဖြစ် ပေါ်လာမည့် အန္တရာယ်ကို လျှော့ချရန် အကူအညီ ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

စားပွဲတစ်လုံး၊ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကြာကြာထိုင်၍ အလုပ်လုပ်နေသူများအားလုံး အချိန် ကြာမြင့်စွာ ထိုင်နေခြင်းထက် လှုပ်ရှား မှုများပြုလုပ်ကြရန်၊ အထူးသဖြင့် နေ့လယ်စာစားချိန်၊ နားချိန်တို့တွင် လမ်းလျှောက်ခြင်းနှင့် ရုပ်/သံကြည့် ချိန်ကဲ့သို့ ထိုင်သည့် အချိန်များအစား တစ်စုံတစ်ခုကို လုပ်ကိုင်ကြရန် လော့ဂ် ဘရော့တက္ကသိုလ်မှ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ လှုပ်ရှားမှုပါမောက္ခ စတပ်ဘစ်ဒယ်လ်က အကြံပြုပြော ကြားထားသည်။

သို့ဖြစ်၍ ဆီးချို ရောဂါ၊ နှလုံးရောဂါရှိသူများ၊ အချိန် ကြာကြာထိုင်၍ အလုပ်လုပ်ကြရ သောသူများ ကျန်းမာရေး အထောက် အကူဖြစ်စေရန်နှင့်ရောဂါသက်သာ စေရန် ကိုယ်လက်လှုပ်ရှားမှုများ လုပ် ဆောင်သွားသင့်ကြောင်း အကြံပြု လိုက်ပါသည်။ ။

မင်းသုနိုင်
မြ၀တီ

လေ့လာမှုတစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များသူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး နိုင်သော အန္တရာယ်ပိုမို
တိုးတက်လာ နိုင်ကြောင်း တွေ့ရှိရသည်။
လက်စတာတက္ကသိုလ် ဆီးချို ရောဂါသုတေသနဌာနစုကလူနာ ၇၉၄၅၇၇ ဦးတို့ကို မတူညီသည့် စမ်းသပ်လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ကြရာမှအချိန်ကြာကြာထိုင်သူများသည်ဆီး ချိုရော ဂါ၊ နှလုံးရောဂါနှင့်သေဆုံးနိုင်သည့်အန္တရာယ် နှစ်ဆခန့် တိုးလာသည်

ရတနာပုံတယ်လီပို့မှ ADSL ၀န်ဆောင်မှုနှုန်းထားများ လျော့ချ”

ရတနာပုံတယ်လီပို့မှ ADSL ၀န်ဆောင်မှုနှုန်းများအား ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ ဈေးနှုန်းလျော့ချလိုက်ပြီဟု ယင်းကုမ္ပဏီမှ သိရသည်။

မန်မာဆရာဝန်များနှင့် သင့်တော်သည့် ကျန်းမာရေးစီမံခန့်ခွဲမှု ပရိုဂရမ်

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/604034_497964823577494_227077146_n.jpg
မြန်မာနိုင်ငံမှ ဆေးပညာဘာသာရပ်တစ်ခုခု(သို့မဟုတ်)ဆရာဝန်ဘွဲ့ရရှိထားသူများအနေဖြင့်Griffith University ၏ Graduate Certificate in Health Services Management   နှင့်Master of Health Services Management ဘာသာရပ်အား လေ့လာသင်ယူနိင်မည်ဖြစ်ကြောင်း ပညာရေး ၀န်ဆောင်မှု အသိုင်းအ၀ိုင်းမှ သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ကြွက်သောင်းကျန်းလာ

Photo: ပုသိမ်ကြီးမြို့နယ်၌ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ကြွက်သောင်းကျန်းလာ
Thursday, 29 November 2012

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ မြွေရှာသူများ
လာခြင်းကြောင့် ဒေသတွင်း ၀မ်းစာစပါး  စပါးထွက်နှုန်း ထိခိုက်စေကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာမှ တောင်သူများ ထံက သိရသည်။

စပါးပေါ်ချိန်၌ဆင်ရွာကြီး၊ကန်သာ၊နွယ်နီ၊နတ်စိမ်း၊မန်ကျည်းပင်စသောကျေးရွာများရှိစပါးစိုက်ခင်းအချို့ကြွက်ကျ၍ နွယ်နီကျေးရွာအ တွင်းရှိ
စပါးခင်းများမှာ ကြွက်ပိုကိုက်ခံရကြောင်းဖြစ်သည်။

“မြွေဖမ်းတဲ့သူတွေကြောင့် ကြွက်ကိုစားတဲ့လင်းမြွေတို့ မြွေပွေးကနည်းပြီး ကြွက်ကများလာတယ်။ စပါးခင်းကြွက်ကိုက်ရင် တစ်ဧကကို စပါး(၅)တင်း
လောက်ဆုံးရှုံးတယ်။ စပါးပင်မဖြစ်သေးတဲ့ ကျဲသား ပေါက်ကို ကိုက်ခံရရင်
ပိုဆိုးတာပေါ့” ဆင်ရွာကြီးကျေး ရွာမှ တောင်သူဦးရဲမြင့်က ပြောသည်။

စပါးခင်းလုံခြုံရေး အတွက် အချို့တောင်သူများမှာ လူငှားထား၍ အချို့မှာ ဗျောက်အိုးဖောက်ခြောက်လှန့်ခြင်းများရှိကြောင်းနှင့် စပါးပင်ရင့်လာသည့်အခါ၌ ကြွက်အန္တရာယ်မရှိတော့ကြောင်းကိုလည်း
ဒေသခံတို့က ဆိုသည်။

“စပါးပင်ဖူးလာပြီးမွှေးတဲ့အချိန်မှာ ကြွက်အကိုက်ဆုံးပဲ။ ဒီဘက်က
တောင်သူတွေကတော့ ရခိုင်ဘက် မှာသုံးတဲ့ 5G ကြွက် သတ်ဆေးတွေကို ကြွက်တွင်းတွေထဲ ချကြတယ်၊ အဲဒါလည်း ကိုက်တာပဲ”ဟုနွယ်နီကျေးရွာမှ
တောင်သူတစ်ဦးက ပြောသည်။

အဆိုပါဒေသများ၌ တောင်သူအများစုမှာ မဂျမ်းတောစပါးနှင့် မနောသုခစပါး အများဆုံးစိုက်ပျိုးပြီး စပါးပင်နုချိန်၌ ကြွက်ကိုက်ခံရသောကြောင့် ထွက်နှုန်းသိသိသာသာလျော့ကျ လာကြောင်း ကိုလည်း သိရသည်။

“လွန်ခဲ့တဲ့(၇)နှစ်လောက်က စပါးခင်းတွေ ကြွက်ကိုက်ခံရတုန်းက တစ်ဧကကို(၄၅)တင်းလောက်ပဲ၊ ထွက်တော့ တောင်သူတွေ အရှုံးများကြတယ်”ဟု တောင်သူဦးဝင်းလှိုင်က ပြောသည်။

အဆိုပါကျေးရွာများရှိလယ်ယာလုပ်ငန်းခွင်များ၌ကျွဲ၊နွားများဖြင့်အသုံး
မပြုတော့ပဲ လယ်ယာစက် များအား အသုံးပြုလာသောကြောင့် ကျွဲ၊နွားများအတွက် မြက်မရိတ်ရသဖြင့် မြက်တောများ ထ၍ ၄င်းမြက်တောများအတွင်း ကြွက်များခိုအောင်းခြင်း၊ ကြွက်စားသည်
့မြွေ များအား လူများက ရှာဖွေ ဖမ်းဆီးခြင်းကြောင့် ယခုကဲ့သို့ စပါးထွက်နှုန်းလျော့ကျခြင်းဖြစ်ကြောင်း တောင်သူတို့က ဆိုသည်။

သဘာဝဂေဟစနစ်တစ်ခုခြင်းပျက်ယွင်းခြင်းကြောင့် လယ်ယာများအား ဖျက်ဆီးသော ကြွက်များ ပေါလာခြင်းဖြစ်ကြောင်း၊ ယင်းနယ်များတင်မက
မြန်မာနိုင်ငံ အလယ်ပိုင်းအတွင်းရှိ စပါးတောများတွင်လည်း ကြွက်ရန်နှင့်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်
အရေးလေ့လာသူတစ်ဦးက ရှင်းပြသည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ မြွေရှာသူများ
လာခြင်းကြောင့် ဒေသတွင်း ၀မ်းစာစပါး စပါးထွက်နှုန်း ထိခိုက်စေကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေး ရွာမှ တောင်သူများ ထံက သိရသည်။ စပါးပေါ်ချိန်၌ ဆင်ရွာကြီး၊ ကန်သာ၊နွယ်နီ၊နတ်စိမ်း၊ မန်ကျည်းပင် စသောကျေးရွာ များရှိစပါး

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်

http://sphotos-a.ak.fbcdn.net/hphotos-ak-snc6/198176_497977786909531_120660344_n.jpg
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း
ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး  တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ် ကလည်း တော်တော်ပြင်းပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွက် ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းအလုံးရေ တစ်သန်းချပေး သွားမည်

Photo: ရန်ကုန်တိုင်း ဒေသကြီး အတွက် ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းအလုံးရေ တစ်သန်းချပေး သွားမည်
Thursday, 29 November 2012

ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးရှိတဲ့ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး သွားမှာ
ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးရာ မှာလည်း ရန်ကုန်တိုင်း ဒေသကြီးမှာ တင်မကဘဲ မန္တလေးတိုင်း ဒေသကြီး မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ တန်ဖိုးနည်း ဖုန်းများ တပ်ဆင်မှု ကိုတော့ ယခုနှစ် အတွင်း အပြီးပြုလုပ် သွားနိုင်ဖို့ အတွက်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Hawei, ZTE နဲ့ ASB တို့နဲ့လည်း စာချုပ် ချုပ်ဆို ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ဈေးနှုန်း အနေနဲ့ ကျပ်တစ်သိန်း ခွဲအောက် ဈေးနှုန်းနဲ့ သတ်မှတ် ရောင်းချပေး သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ အဆိုပါ ကျပ်တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းများကို လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းမှာ ရောင်းချ ပေးနိုင်ဖို့ အတွက် ကိုလည်း စီစဉ် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4 ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးရှိတဲ့ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်း ခန့် ချထားပေး သွားမှာဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးရာ မှာလည်း ရန်ကုန်တိုင်း ဒေသကြီးမှာ တင်မကဘဲမန္တလေး တိုင်း ဒေသကြီး မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့

တိုက်ဆိုင်မှု လို့ပဲပြောရ မှာလား အိပ်မက် ဆန်တယ် လို့ပဲပြောရ မှာလား

Photo: တိုက်ဆိုင်မှု လို့ပဲပြောရ မှာလား အိပ်မက် ဆန်တယ် လို့ပဲပြောရ မှာလား
Thursday, 29 November 2012

လောကကြီးမှာ ထန်းသီး ကြွေခိုက် ကျီးနားခိုက် ဆိုသလို တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိတတ် ပါတယ်။

အခုဒီဖြစ်စဉ်က တိုက်ဆိုင် မှုလို့ပဲပြောရမှာလား အိပ်မက်ဆန်တယ် လို့ပဲပြောရမှာလားဆိုတာကို စာဖတ်သူ ကိုယ်တိုင် ဆန်းစစ်ဝေဖန်
ကြည့်ပါ တော့။

အသက် ၂၀ နှစ်အရွယ် မက်စ် ဂါလက်ပိုဟာ သူ့ချစ်သူ နစ်ကီကာ တစ်နဲ့အတူ အမေရိကန်နိုင်ငံ Philadephia မြို့က အနုပညာပြတိုက်ကို လာရောက်လေ့လာခဲ့တာပါ။ အဲဒီမှာ ၁၆ ရာစုက အမည်မသိအီတလီ မင်း မျိုးမင်းနွယ်တစ်ဦးရဲ့ ပန်းချီကားတစ် ချပ် ချိတ်ဆွဲထားပါတယ်။ ၁၅၆၁ ခုနှစ်လောက်က အီတလီမင်းမျိုးမင်း နွယ်တွေ ဝတ်ဆင်လေ့ရှိတဲ့ အဝတ် အစားမျိုး ဝတ်ထားတဲ့ မုတ်ဆိတ်မွေး နဲ့ အဲဒီလူဟာ မက်စ်နဲ့ ချွတ်စွပ်တူပေ မယ့် မက်စ်က သတိမထားခဲ့မိပါဘူး။

ဒါပေမယ့်နစ်ကီကာတစ်က သတိထား မိတာကြောင့် အဲဒီပန်းချီကားဘေးမှာ ချစ်သူကို မတ်တပ် ရပ်စေပြီးနှိုင်း ယှဉ်  တော့မှ မက်စ်ကိုယ်တိုင် မယုံနိုင်လောက် အောင်ဖြစ်ခဲ့ရပါတယ်။ "အဲဒီပန်းချီ ကားကို ကျွန်တော့်ဘေးနား ထားလိုက် ရင် ပန်းချီထဲကလူနဲ့ ကျွန်တော်နဲ့ ဘယ် လောက်တူတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ဘူး"လို့
မက်စ်က ပြောကြား ခဲ့ပါတယ်။ နောက်ဆုံးမှအဲဒီပုံတူပန်းချီ ကားဟာ သူ့ဘိုးဘွားတွေ ဆင်းသက် လာတဲ့အီတလီမြောက်ပိုင်းဒေသတစ်ခု က မင်းမျိုး မင်းနွယ်တစ်ဦး ဖြစ်တယ် ဆိုတာ သိလိုက်ရတာပါ။

First Music News လောကကြီးမှာ ထန်းသီး ကြွေခိုက် ကျီးနားခိုက် ဆိုသလို တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိတတ် ပါတယ်။
အခုဒီဖြစ်စဉ်က တိုက်ဆိုင် မှုလို့ပဲပြောရမှာလား အိပ်မက်ဆန်တယ် လို့ပဲပြောရမှာလားဆိုတာကို စာဖတ်သူ ကိုယ်တိုင် ဆန်းစစ်ဝေဖန်
ကြည့်ပါ တော့။ အသက် ၂၀ နှစ်အရွယ် မက်စ် ဂါလက်ပိုဟာ သူ့ချစ်သူ နစ်ကီကာ တစ်နဲ့အတူ အမေရိကန်နိုင်ငံ Philadephia မြို့က အနု ပညာပြတိုက်ကို လာရောက်လေ့လာခဲ့တာပါ။ အဲဒီမှာ ၁၆ ရာစုက

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား

နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြား ခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတု ပစ္စည်း

မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်ကဒီလိုပါ

Photo: မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်ကဒီလိုပါ
Thursday, 29 November 2012

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေသူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်း လူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း (၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိခဲ့သည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ကုက်္ကိုကုန်းအုပ်စု၊ ညောင်ပေါ်ကျေးရွာနေ (ဘ)ဦးကျော်မြင့်၏သား (၄၅)နှစ်ရှိ ဦးဇော်လွင်မှ ရဲစခန်းသို့ရောက်ရှိလာပြီး တိုင်တန်းသည်မှာ ၂၀၁၂၊ မတ်လ (၁၉)ရက်နေ့က ၄င်း၏ တူဖြစ်သူ မင်းမင်းဦး(၂၉)နှစ်၊ (ဘ)ဦးစောအပိုး သည် တစ်ရွာတည်းနေ (ဘ)ဦးမြင့်၏သား မောင်မျိုးလင်း (ဘ)ဦးကြန်အောင်၏သား မောင်ဆန်းဝင်း (ဘ)ဦးစံအောင်၏သား မောင်သက်မင်းထွန်း တို့နှင့်အတူ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားကြောင်း မြ၀တီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ၂၀၁၂၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာ မင်းမင်းဦး၏ဗီဇာအမှတ် မှာ – (ပီအေ ၀၅၁၃၀၃) ဖြစ်သည်ဟု သိရကြောင်း၊

မင်းမင်းဦးတို့လေးဦးသည် ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့ မော်အောရပ်ကွက် ဇွဲနူတော်ခေါ်လမ်း အိမ်အမှတ်မရှိတွင် နေထိုင်ကြပြီး ကန်ထရိုက် မစီတာဖီလင်၏ လုံးချင်းတိုက်များဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်သည်ဟု မောင်မျိုးလင်း၏ ဖုန်းဖြင့်ပြောပြချက်အရသိရကြောင်း၊ ၄င်းဆောက်လုပ်ရေးတွင် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်အုပ်စု၊ ပင်ငမြောင်ကျေးရွာနေ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ကြည်လှိုင်(ခ) မောင်ပု၊ ဇော်မင်းသိန်း(ခ)ဖိုးဇော်၊
ဇော်ဝင်းထွန်းတို့ (၄)ဦးနှင့်အတူ အလုပ်လုပ်ကိုင်ပြီး မင်းမင်းဦးတို့
နေထိုင်သည့်အခန်းနှင့်ကပ်လျက် နေထိုင်ကြသည်ဟု မောင်မျိုးလင်းမှ ဖုန်းဖြင့်ပြောပြချက်အရ သိရကြောင်း၊

ထိုသို့ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေစဉ် ၂၀၁၂၊ အောက်တိုဘာ (၁၉)ရက်နေ့ သောကြာနေ့ ညပိုင်းက အလုပ်နားချိန်တွင် ၄င်းတို့ဘောလုံးကန်ရေချိုးပြီး အရက်သောက်ကြရာ မင်းမင်းဦးနှင့် ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး တို့ ည(၇း၃၀)အချိန်ခန့်တွင် စကားများကြ၍ ၀ိုင်းဝန်းဖြန့်ဖြေ ပေးခဲ့ကြောင်း၊

ထို့နောက်အခန်းသို့ ပြန်ကြကြောင်း ထိုနေ့ည (၈း၃၀)အချိန်ခန့်တွင် ၀င်းမြင့်အောင်(ခ) ၀င်းမြင့်ဦး(ခ)ပီချေးသည် လုပ်ငန်းသုံးစွဲသည့် တူတစ်လက်အားကိုင်၍ မင်းမင်းဦးနေထိုင်ရာ အခန်းပေါက်ဝသို့ ၀င်လာပြီး မင်းမင်းဦး၏ ဦးခေါင်းအား နောက်ဘက်မှရိုက်ရာ မင်းမင်းဦးရှေ့သို့ လှည့်စဉ် နဖူးစပ်နှင့် နားထင်အထက်တွင် ရိုက်မိဒဏ်ရာရရှိကြောင်း ဆေးရုံသို့ ညတွင်းချင်းပို့ကြစဉ် မင်းမင်းဦးမှာ ၂၀၁၂၊ အောက်တိုဘာ(၂၀)ရက်နေ့တွင် ရရှိဒဏ်ရာနှင့် သေဆုံးခဲ့သည်ဟု ၂၀၁၂၊ အောက်တိုဘာ (၂၂)ရက်နေ့ ည(၁၀း၀၀)အချိန်ခန့်တွင် မောင်မျိုးလင်းမှ တရားလို ဦးဇော်လွင်ထံ  ဖုန်းဆက်ပြောပြသိရကြောင်း

ဝင်းမြင့်အောင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၄င်း၏ဗီဇာအမှတ်မှာ (ပီအေ ၀၅၁၃၁၇)ဖြစ်ကြောင်း မောင်မျိုးလင်း၏ ပြောပြချက်အရ သိရကြောင်း ၀င်းမြင့်အောင်၏ နေရပ်လိပ်စာအပြည့်အစုံမှာ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ၉/လ၀န(နိုင်) ၀၇၅၈၀၆ ပင်ငမြောင်ကျေးရွာ၊ သစ်ပုတ်ပင်အုပ်စု၊ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖြစ်ကြောင်း ပြောပြသိရသည်ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းဦးအား တူဖြင့်ထုရိုက်သတ်သူ ၀င်းမြင့်အောင် (ခ)၀င်းမြင့်ဦး(ခ)ပီချေး အား ဥပဒေအရ အရေးယူပေးပါရန် ဦးလေးဖြစ်သူ ဦးဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့်
တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၈၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် (၂၉.၁၁.၂၀၁၂) ရက်နေ့ ညနေ(၃း၀၅)အချိန် အမှုရေးဖွင့်ပြီး အမှုစစ် ရဲအုပ်စခန်းမှူး လှငွေမှ အမှုအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
Hot News
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေသူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်း လူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း (၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိခဲ့သည်။