Monday, 20 August 2012

အင်းစိန်ရပ်ကွက်အချို့ ရေလျှံခြင်းမှာရွာမသံမဏိစက်ရုံရေဆင်းပေါက်များပိတ်ထားခြင်း ကြောင်းဟုရပ်ကွက်နေသူများစွပ်စွဲ

ရွာမသံမဏိစက်ရုံမှရေဆင်းပေါက်များဖွင့်မပေးသောကြောင့်၎င်းတို့ ရပ်ကွက်များအတွင်းရေကြီးရေလျှံမှု များဖြစ်ပွားေ နကြောင်းအင်း စိန်မြို့ နယ် အတွင်းရှိရပ်ကွက်အချို့ မှဒေသခံများကစွပ်စွဲလိုက်သည်။

မြန်မာ့ မြန်မာ့ ရုပ်ရှင် ...... လူမျိုး ဂုဏ်အင် ....


(၂၀.၈.၂၀၁၂) မနက်ပိုင်း သတင်းများ

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်   Link
ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းတခု ရေလွှမ်း၍ ညအချိန် ပိတ်   Link
ဆုံးရှုံး မျိုးစပါး အစားထိုး ပြန်ပေးနိုင်ရန် အလှူငွေ ကောက်ခံ   Link
ရေကြီးဒဏ်ခံ ပုသိမ်သားတို့ နေစရာ စားစရာ အခက်ကြုံ    Link
အငြင်းပွားကျွန်းပေါ်မှာ ဂျပန်လည်း ဆန္ဒပြ    Link
ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ခုထိ ရှာမတွေ့သေး   Link
အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်    Link
အငြင်းပွားဖွယ် ကျွန်းစုအနား ဂျပန် သင်္ဘောတွေရောက်     Link
တရုတ်မှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြ     Link
ရန်ကုန်မြို့  တွင် ရခိုင်အမျိုးသားများက UN/INGOs များနှင့် ပက်သက်ပြီး ဆန္ဒဖော်ထုတ်     Link
ရိုဟင်ဂျာဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွခေါင်းဆောင်ကို ဘင်္ဂလားရဲက ဖမ်းဆီး ၊ ရမန်ယူ   Link
မင်းဘူးမြို့  နယ်က သူဌေးဦးမောင်လှ တရားမ၀င် ငွေတိုးချေး၊စည်ပင်နဲ့ ပူးပေါင်းကြံစည်ပြီး ဈေးသည်တွေရဲ့  ဆိုင်ခန်းများ သိမ်းယူ    Link
ဘဘဦးကြည်မောင် (ရွေးကောက်ပွဲ အောင်နိုင်ရေး ဗိသုကာ)    Link
ရိုဟင်ဂျာတွေဟာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူး    Link
ယောင်္ကျားဥာဏ်     Link
 

Sunday, 19 August 2012

“သောတာပန်၏ ထူးခြားချက်(၇)ရပ်”





ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။   ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ

လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယ တွေ့ရှိ


မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။

နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။

ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊  ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ၀ါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ၀က်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံး သူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။

ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ 

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (မနက်ဖြန်) မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (မနက်ဖြန်) မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ မှားယွင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စွပ်စွဲပြစ်တင်လက်မှတ်ရေးထိုးတောင်းဆိုထားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က နိုင်ငံတော်     သမ္မတထံ သ၀ဏ်လွှာရေးသား၍ ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းခဲ့သည့် တင်သွင်းလွှာ အား ပြန်ရုပ် သိမ်းပေး ရန် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူရန် တို့ကို သြဂုတ် ၂၁ ရက် မတိုင်ခင် အပြီးဆောင်ရွက်ပေးရန် ထိုသို့ဆောင်ရွက်ပါက လွှတ်တော် ကိုယ်စားလှယ် များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စကို ပြုလုပ်မည်မဟုတ်ကြောင်း သ၀ဏ် လွှာရေးသားပေး ပို့ခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များတွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်များ တွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်ပြီး ၄င်း မုန်တိုင်းများအနက် အနောက်ဘက် ဗီယက်နန်နိုင်ငံ ကမ်းရိုးတန်းနှင့် တရုတ်ပြည် တောင်ပိုင်း ကမ်းခြေများဆီသို့ ဦးတည်ဝင်ရောက်သည့် မုန်တိုင်းများ၏ အကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများ ကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။


တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ၁၂ ရက်အတွင်း တိုင်စာ ၄၀ ကျော်ရောက်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဖွဲ့စည်းပြီး ၁၂ ရက်အကြာ ဒေသပေါင်းစုံမှ တိုင်ကြားစာ ၄၀ ကျော် ရောက်ရှိလာကြောင်း ယင်းကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“အကြမ်းဖျင်း ပြောရရင် တရားရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်စာတွေပါ”ဟု ၎င်းကဆိုသည်။

စုံစမ်းရေးကော်မရှင်၏ ပထမဆုံး အစည်းအဝေးကျင်းပ


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန် နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေးကော်မရှင်က ပထမဆုံး အစည်းအဝေးအား ယနေ့(သြဂုတ် ၁၉ ရက်)နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မြန်မာအီးဂရက်ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသား ကွန်ရက်မှ ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖေါ်

ရခိုင်အမျိုးသား ကွန်ရက်ဟု အမည်ပေးထားသည့် အဖွဲ့မှ ဦးစီးကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် အရေးကိစ္စ များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှု တရပ်ကို ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်မှ စတင်ပြု လုပ်လျှက်ရှိသည်။

Saturday, 18 August 2012

တိုင်ဖွန်းမုန်တိုင်း KAI-TAK ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးဖြစ်

သြဂုတ်လ ၁၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းစွန်း Lai-Chau ပြည်နယ်သို့ ရောက် ရှိလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့လာလျှက်ရှိပါသည်။

14W KAI-TAK – 18 Aug 2012 0600Z
Location: 22.1 103.8
Winds: 30 knots
Central Pressure: 1000 hPa




မြန်မာ့အနာဂတ် ပန်းတိုင်သစ်

၂၀ ရာစုနှစ်၏ ကာလတစ်ဝက်သည် ကမ္ဘာ့ ဇာတ်ခုံပေါ်ရှိ ကမ္ဘာ့နိုင်ငံများအားလုံး ဖွံ့ဖြိုးတိုးတက်မှု အဟုန်ပြင်း သောကာလဖြစ်သည်။ ဆင်းရဲသောနိုင်ငံများသည် အံ့ဩဖွယ်ကောင်း လောက်အောင်ပင် ချမ်းသာသော နိုင်ငံများ ထက် ပိုမိုတိုး တက်ရန် အမီလိုက်လာခဲ့ကြပေသည်။

ထိုအခြေအနေ ထိုကာလသည် ကမ္ဘာ့ဇာတ်ခုံ ကြီးပေါ်ရှိ နိုင်ငံအားလုံးမှ ပြည်သူများ၏ လူနေမှုဘဝ များ သည် အဆင့်အတန်းမြင့်မားစွာဖြင့် ပေါင်းစုံမိလာ ခြင်းဟုပင် ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုကာလ၊ ထိုအချိန်က ဖွံ့ ဖြိုးတိုးတက်မှု နိမ့်ကျကျန်ရစ်ခဲ့သည့်တိုင် ယနေ့ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ကမ္ဘာ့ဇာတ်ခုံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆီသို့ သွားရောက်နိုင်ရန် အရှိန်ရလာခဲ့ပြီဖြစ်သည်။

 မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး

အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်း လိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။



ကားပြိုင်မောင်းရာမှ ကျောင်းကြိုပို့ယာဉ်တိမ်းမှောက် ၊ ကျောင်းသား(၁၇)ဦး ဆေးရုံတင်ရ

ယခုလ၁၁ရက်နေ့ညနေ၄နာရီခန့်ကပုသိမ်မြို့မဟာဗန္ဓုလလမ်းတိုင်းမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ရုံးရှေ့တွင်   ကျောင်းသားကျောင်းသူ(၂၅)ဦး တင်ဆောင်လာသော ၈င/၁၈၂၃ လိုက်ထရပ်အဖြူ တိမ်းမှောက်မှုကြောင့် ကျောင်းသား/သူ ၁၇ဦး ဆေးရုံတင်ထားရကြောင်းသိရှိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြီးမှု ထူးကဲဒီရေတက်နိုင်




မကြုံစဖူး ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်က မြို့နယ်တော်တော် များများ မှာ ရေလွှမ်းမိုးမှုဒဏ် ခံနေရပါတယ်။

နေအိမ်တွေ ထောင်ချီနစ်မြုပ်ပြီး စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရပါတယ်။ အရေးပေါ်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခသည် ထောင်ချီပြီး ရှိနေတယ်လို့ ရေဘေး ဒုက္ခသည်ကူညီရေး လုပ်ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက VOA ကိုပြောပါတယ်။

Laptopအကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလို

ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်

ကိုရီးယားရဲ့ဟန်နှင့် မြန်မာတို့၏မာန်

တောင်ကိုရီးယားနိုင်ငံတလျှောက် တသွင်သွင်စီးဆင်းလျက်ရှိတဲ့မြစ်ပြင်ကျယ်ကြီးကို ဟန်မြစ် လို့ခေါ်ပါ တယ်။ ဟန်မြစ် ဆိုတာ တကယ်တမ်းတော့ ကိုရီးယားမြစ်လို့ မြန်မာလိုခေါ်လို့ရပါတယ်။  ကိုရီးယားတွင် ဟန်ဂူလ်း၊ ဟန်ဂျာ၊ ဟန်ဂုဂ်..စသဖြင့် ဟန်ဟာကိုရီးယားကို ကိုယ်စားပြုတဲ့ စာလုံးတစ်လုံးအဖြစ် ကိုရီးယား စာတွေထဲမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ တကယ်တော့ ဟန်မြစ်ဟာ မြန်မာနိုင်ငံက ဧရာဝတီမြစ်နဲ့ တူတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဟန်မြစ်စတင်ဖြစ်ပေါ်လာတာ ကတော့ တောင်ကိုရီးယားဘက် မှာရှိတဲ့ တောင် ဟန်မြစ်နဲ့ မြောက်ကိုရီးယားဘက်မှာရှိတဲ့ မြောက်ဟန်မြစ်တဲ့ပေါင်းဆုံရာကနေ စတင်ြ ဖစ်ေ ပါ် လာတာပါ။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေပါသည်။

ရွှေယုန်လေးကြေးအိုးဆိုင် မီးလောင်မှု လူ ၃ ဦး ဒဏ်ရာရ

နာမည်ကျော် ရွှေယုန်လေး ကြေးအိုးဆိုင်၏ ရန်ကင်းဆိုင်ခွဲတွင် သြဂုတ်လ ၁၆ရက် နံနက် ၈နာရီ ၄၀မိနစ် တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဆိုင်အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့ မှူးရုံးထံမှသိရသည်။