Saturday 18 August 2012

တိုင်ဖွန်းမုန်တိုင်း KAI-TAK ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးဖြစ်

သြဂုတ်လ ၁၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းစွန်း Lai-Chau ပြည်နယ်သို့ ရောက် ရှိလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့လာလျှက်ရှိပါသည်။

14W KAI-TAK – 18 Aug 2012 0600Z
Location: 22.1 103.8
Winds: 30 knots
Central Pressure: 1000 hPa





တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် သြဂုတ်လ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃၀ နာရီမတိုင်မီ တရုတ်ပြည်တောင်ပိုင်းကမ်းခြေအား Guangxi ပြည်နယ် Fangchen Gang မြို့အနီးမှ ကုန်းတွင်း ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ ကုန်းတွင်း မုန်တိုင်းအဖြစ် အနောက်တောင်ဘက်သို့ လမ်းကြောင်းပြောင်းလဲကာ ဗီယက်နန်နိုင်ငံ မြောက်ပိုင်း၊ Lang Son ပြည်နယ်၊ Bac Giang ပြည်နယ်နှင့် Bac Ninh ပြည်နယ်ရှိ ဟနွိုင်မြို့တို့ကို ဖြတ်သန်းတိုက်ခတ်ပြီး အနောက်မြောက်ဘက်သို့ ပြန်လည် လမ်းကြောင်းပြောင်းသွားကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ စတင်ရောက်ရှိ အားပျော့လာကြောင်း သိရပါသည်။

သြဂုတ်လ ၁၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲတွင် ရရှိသည့် အထက်ပါပုံ တွင် လေဖိအားနည်း ရပ်ဝန်း အဆင့်သို့ အားပျော့လာပြီဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း KAI-TAK ၏ တိမ်တိုက်ကြီးသည် ရှမ်းပြည်နယ် အရှေ့ပိုင်းကို စတင်ဝင်ရောက်လာလျှက်ရှိကြောင်း တွေ့ရပါသည်။

ref:mmweatherblog

No comments:

Post a Comment