Saturday 18 August 2012

 မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး

အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်း လိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။




"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး  လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ် ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

GE Capital Aviation Services မှ Mr. Norman C.T.Liu, President &  CEO, Mr. Davis Settergren, Marketing Vice President, Mr. Antony Snelle man , Senior Vice President & Region Manager, Mr. Mike Jones, Executive Marketing Vice President, Mr. Kumar Menon, Project Vice President တို့နှင့်အတူ MAI လေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူ ဦးဆောင်သော စီမံအုပ်ချုပ်ရေးအဖွဲ့သည် သြဂုတ်လ ၁၄ရက်နေ့ က ရန်ကုန်မြို့၊ ဆာကူရာတာဝါတွင် တွေ့ဆုံကာ လေကြောင်းပျံသန်းရေးဆိုင်ရာ ၀န်ဆောင်မှုများအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

"အဓိကက MAI လေကြောင်းလိုင်းအနေနဲ့ နောက်ပိုင်းမှာ ခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ရှိတယ်။ လေယာဉ် သစ်တွေလည်း ၀ယ်ဖို့ အစီအစဉ်ရှိတဲ့အတွက် လေယာဉ်ဝယ်ယူဖို့၊ ငှားရမ်းဖို့ကို အဓိက ထား ဆွေးနွေး ခဲ့တာပါ" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ပြော ကြားခဲ့သည်။

General Electric ကုမ္ပဏီကြီး၏ လက်အောက်ခံအဖွဲ့တစ်ခု ဖြစ်သော GE Capital ၏ ဌာနတစ်ခု ဖြစ်သည့် GE Capital Aviation Services သည် လေယာဉ်ထုတ်လုပ်သည့် Airbus နှင့် Boeing ကုမ္ပဏီများမှ လေယာဉ်များ ၀ယ်ယူကာ အဆိုပါ လေယာဉ်များကို လေကြောင်းလိုင်များသို့ အငှားချထား လေ့ရှိကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR  ၃စီး၊ MA 60 ၃စီး၊ Beech-1900D ၂စီးဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပြီး၊ F-28 လေယာဉ်များသည် သက်တမ်း နှစ်၃၀ကျော်ရှိနေသည့် လေ ယာဉ်များ ဖြစ်သည့်အတွက် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များအား ထပ်မံဝယ်ယူကာ အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိသည်။

ပုဂ္ဂလိကပိုင် MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် Airbus A-320 လေယာဉ်၎စီးဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကာ၊ Airbus A-320 လေယာဉ်၂စီးအား ထပ်မံဝယ်ယူထားပြီး၊ ၂၀၁၂ အောက်တိုဘာတွင် အဆိုပါလေ ယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သိရှိရပါသည်။

ref:EMG

No comments:

Post a Comment