Saturday 18 August 2012

မြန်မာ့အနာဂတ် ပန်းတိုင်သစ်

၂၀ ရာစုနှစ်၏ ကာလတစ်ဝက်သည် ကမ္ဘာ့ ဇာတ်ခုံပေါ်ရှိ ကမ္ဘာ့နိုင်ငံများအားလုံး ဖွံ့ဖြိုးတိုးတက်မှု အဟုန်ပြင်း သောကာလဖြစ်သည်။ ဆင်းရဲသောနိုင်ငံများသည် အံ့ဩဖွယ်ကောင်း လောက်အောင်ပင် ချမ်းသာသော နိုင်ငံများ ထက် ပိုမိုတိုး တက်ရန် အမီလိုက်လာခဲ့ကြပေသည်။

ထိုအခြေအနေ ထိုကာလသည် ကမ္ဘာ့ဇာတ်ခုံ ကြီးပေါ်ရှိ နိုင်ငံအားလုံးမှ ပြည်သူများ၏ လူနေမှုဘဝ များ သည် အဆင့်အတန်းမြင့်မားစွာဖြင့် ပေါင်းစုံမိလာ ခြင်းဟုပင် ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုကာလ၊ ထိုအချိန်က ဖွံ့ ဖြိုးတိုးတက်မှု နိမ့်ကျကျန်ရစ်ခဲ့သည့်တိုင် ယနေ့ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ကမ္ဘာ့ဇာတ်ခုံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆီသို့ သွားရောက်နိုင်ရန် အရှိန်ရလာခဲ့ပြီဖြစ်သည်။


ယင်းကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ အဆီးအတားများ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခရီးတွင် ဟန့်တားပိတ် ဆို့နေသော အဓိကကျသည့်ကိစ္စရပ်များကို စနစ်တကျ စစ်ဆေးသုံးသပ်ရန်မှာ အရေးကြီး လာပြီ ဖြစ်သည်။
ယင်းထက်ပို၍ အရေးကြီးသည့်အချက်သည် မြန်မာနိုင်ငံအနေဖြင့် ထိုအတားအဆီး အပိတ်အဆို့များ ကိုဖြတ်သန်း ကျော်လွှားနိုင်မည့် နည်းလမ်းများ ရှာဖွေဖော် ထုတ်ထားရေးပင်ဖြစ်သည်။ ကမ္ဘာလုံး ဆိုင်ရာ နှီးနွှယ်ပတ်သက်နေသည့် ဒီမို ကရေစီစနစ်၏ ဆက်ဆံရေးနယ်ပယ်သည် မြန်မာနိုင်ငံ အတွက် တစ်နေ့ တခြား ပိုမိုကျယ်ပြန့်လာသလို ပိုမိုစနစ် ကျ၍ ပိုမိုခက်ခဲသော အဟန့်အတား များသည် လည်း ကြုံ လာနေရပြီဖြစ်သည်။

ဒေသအတွင်းနှင့် နိုင်ငံတကာကပါ အထူး တလှယ်ပြောဆိုရသည့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုမြန် ဆန်လွန်း သော ကာလ တစ်ခုမှသည် ကမ္ဘာ့အသိုင်းအဝိုင်း အတွင်း ပြန်လည်ဝင်ရောက် ဆက်ဆံခြင်း ၏ ခြေလှမ်းများ  သည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်မိဖို့ လိုပေသည်။

မြန်မာနိုင်ငံသည် တစ်နေ့တခြား ပိုမိုပီပြင်လာ သော ဒီမိုကရေစီစနစ်နှင့်အတူ တစ်နေ့တခြား ပိုမိုဖွံ့ ဖြိုးတိုး တက်သော နိုင်ငံဖြစ်လာရေးသည် နိုင်ငံတည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးထံ ဦးတည်သည့် လမ်းခရီး တွင်ပိတ်ဆို့ဟန့်  တားနေသည့် ကိစ္စရပ်များအပေါ် စနစ် တကျ သုံးသပ်ကျော်လွှား နိုင်မှသာလျှင် လိုရာခရီးသို့ ရောက်ရှိမည်ဖြစ်ပြီး ရောက်ရှိခြင်းသည် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အပါအဝင် ပြည် သူတစ်ရပ်လုံး၏ ပန်းတိုင်လည်း ဖြစ်သည်ဟု  တိုက်တွန်း ရေးသား လိုက်ရပေသည်။      


ref:YMG

No comments:

Post a Comment