Sunday 19 August 2012

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များတွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်များ တွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်ပြီး ၄င်း မုန်တိုင်းများအနက် အနောက်ဘက် ဗီယက်နန်နိုင်ငံ ကမ်းရိုးတန်းနှင့် တရုတ်ပြည် တောင်ပိုင်း ကမ်းခြေများဆီသို့ ဦးတည်ဝင်ရောက်သည့် မုန်တိုင်းများ၏ အကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများ ကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။



ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေများ ကို လေ့လာစောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနေသည့်အပြင် ကုန်းတွင်းသို့ ဝင်ရောက်သွားသည့် မုန်တိုင်း အကြွင်းအကျန်များ၏ ရွေ့လျားမှု အခြေအနေများကို လည်း စောင့်ကြည့်လေ့လာကာ ဆက်လက်တင်ပြပေးလျှက်ရှိပါသည်။

အပူပိုင်းမုန်တိုင်း TEMBIN(15W)
ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ် 96W မှ ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်း TEMBIN(15W) ဖိလစ်ပိုင်အမည် IGME ဖြစ်လာပါသည်။
သြဂုတ်လ- ၂၂ ရက် မြန်မာစံတော်ချိန်ျေန့လည် ၁၂၃၀ နာရီ မတိုင်မီ(၇၂ နာရီအတွင်း) အပူပိုင်းမုန်တိုင်း TEMBIN သည် ပိုမိုအားကောင်းလာပြီး အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ထိုင်ဝမ်းကျွန်းသို့ ဦးတည်ရွေ့လျားနိုင်ဘ်ွရှိကြောင်း ခန့်မှန်းထားပါသည်။

လေဖိအားနည်းဆဲလ် 97 W
ဂူအမ်ကျွန်းအနောက်ဘက် မိုင် ၂၀၀ ခန့် ပစိဖိတ်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက် ရှိသည့် လေဖိအားနည်းဆဲလ် 97W သည် ပိုအားကောင်းလာပြီး မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ခြေ အဆင့် MEDIUM သို့ ရောက်ရှိလာကြောင်း၊ လတ်တလော ရွေ့လျားမှု အခြေအနေမှာ မြောက်ဘက်သို့ တစ်နာရီ ၁၈ မိုင်နန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

လေဖိအားနည်းဆဲလ် 98W
ဂူအမ်ကျွန်း အရှေ့မြောက်ဘက် မိုင် ၆၃၀ ခန့်၊ ဆိုင်ဖန်ကျွန်း အရှေ့မြောက်ဘက် ၅၁၀ မိုင် ခန့်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်း 98W သည်လည်း ပိုမိုအားကေင်းလာနေပြီး မုန်တိုင်း ဖြစ်လာနိုင်ခြေ အဆင့် MEDIUM သို့ ရောက်ရှိလာကာ မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၂၄ မိုင်နှုန်း ခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။
98W – MEDIUM
19 Aug 2012 0000Z
Location: 18.5 152.8
Winds: 15 knots
Central Pressure: 1010 hPa


ref:mmweatherblog

No comments:

Post a Comment