Friday 8 January 2016

စည်ပင်ပိုင်ဈေးများ အဆင့်မြှင့်တင်မှု မေလတွင် အပြီးသတ်မည်၊ ပျံကျဈေးသည်များကို ဦးရာလူစနစ်ဖြင့် နေရာပေးမည်ဟု ဆို

စည်ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေးအဖြစ် မြှင့်တင်နေ ပြီး မေလတွင် အပြီးသတ်နိုင်မည်ဖြစ်ကာ ပျံကျဈေးသည်များ ဈေးရောင်းချရန် ဆိုင်ခန်းနေရာကို အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်ပေးသည့် စနစ်များ အသုံးပြုတော့မည် မဟုတ်ဘဲ ဦးရာလူစနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ အတွင်းရှိ စည် ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေး အဖြစ် ၂၀၁၅ ဇွန်လကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ မေလအတွင်း ဈေး ၁၆ ခုလုံးအပြီးသတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ စုံစမ်းသိ ရသည်။
လက်ရှိတွင် မင်္ဂလာဒုံမြို့ နယ်ရှိ ရတနာသီရိဈေး၊ ရွှေပြည် သာမြို့နယ်ရှိ အမိုးကြီးဈေး၊ ၁၀ ရပ်ကွက်ဈေး၊ ဆိပ်ကြီးခနောင်တို ဈေး၊ အလုံမြို့နယ်ရှိ အလုံဈေး၊ ဒဂုံမြို့နယ်ရှိ အမှတ် ၆ ဈေး၊ လှိုင် သာယာမြို့နယ်ရှိ ရွှေရေအေး ဈေး၊ ၂၀ ရပ်ကွက်ဈေးများမှာ နှစ်ထပ်ဈေးအဖြစ် ၉၀ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီး ကျန်ဈေးများကို လည်း အချိန်မီပြီးစီးရန် ဆောင် ရွက်နေကြောင်း ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ထားသည်။

နှစ်ထပ်ဈေးများပြီးစီးသွား လျှင် ဈေးပတ်ဝန်းကျင်ရှိ လမ်း ဘေးဈေးသည်များနှင့် ပျံကျဈေး သည်များကို ဈေး၏ အပေါ်ထပ် တွင် ငါးပေပတ်လည်နေရာပေး၍ နံနက် ၆ နာရီအထိ ရောင်းချစေမည်ဖြစ်ပြီး လက်ရှိရောင်းချနေသူများကို အောက်ထပ်တွင်သာ ရောင်းစေမည်ဖြစ်ကြောင်း ဈေး များဌာနမှူး ဦးစံရွှေအောင်က ပြောကြားသည်။

မူလက ဈေးများတွင် ပျံကျ ဈေးသည်များနှင့် လမ်းဘေးဈေး သည်များကို ဈေးအပေါ်ထပ်တွင် အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်သည့်စနစ်ဖြင့် နေရာချပေးရန် စီစဉ်ခဲ့သော်လည်း ဈေးသည်များကို ဦးရာလူ စနစ်ဖြင့်သာ ရောင်းချစေမည်ဖြစ်ကြောင်း ဈေးများဌာနမှ လက်ထောက်ဌာနမှူး ဦးသန့်စင်ထွန်းက ပြောကြားသည်။

‘‘မဲဖောက်ပြီး နေရာချပေးမှာ မဟုတ်တော့ပါဘူး။ ငါးပေပတ်လည်နေရာကို အရင်ဦးနိုင်တဲ့လူ ရောင်းတဲ့ပုံစံမျိုးပဲ ထားရှိ ပေးသွားမှာပါ။ သက်ဆိုင်ရာဈေး တွေက ဌာနတွေကလည်း စီစဉ် ပေးပါလိမ့်မည်’’ ဟု ၎င်းက ဆို သည်။

လမ်းဘေးဈေးသည်များအ တွက် ရည်ရွယ်ပြီး နှစ်ထပ်ဈေး ဆောက်လုပ်ခြင်းဖြစ်သောကြောင့် စည်ပင်ပိုင်ဈေးပတ်ဝန်းကျင်တွင် လမ်းပေါ် ဈေးရောင်းပါက ထိ ရောက်စွာ အရေးယူသွားမည်ဟု ၎င်းက ပြောသည်။

လမ်းဘေး ဈေးသည်များ အတွက် ဦးရာလူစနစ်သည် ၎င်း တို့အတွက် အခက်အခဲကြုံနိုင် ကြောင်း မရမ်းကုန်းမြို့နယ် မြဂန္ဓ မာဈေးမှ ကုန်စိမ်းသည် ဒေါ်အေး မြင့်ထွေးက ပြောသည်။ ‘‘လမ်း ဘေးဈေးသည်တွေက အများကြီး ရှိတာကို ဦးရာလူထားပေးမယ်ဆို ရင် နံနက်တိုင်းရန်ဖြစ်နေရဦး မယ်။ အပေါ်မတက်ရလို့ လမ်း ဘေးပြန်ရောင်းကြမှာပဲ’’ဟု ၎င်း က ပြောသည်။
7 day

No comments:

Post a Comment