Friday 8 January 2016

ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက်ကြောင့် မွေးမြူရေးငါး ပြည်ပတင်ပို့မှု လျာထားချက် ပြည့်မီနိုင်ဖွယ်မရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် နည်း ပညာလိုအပ်ချက်ကြောင့် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွင်း ငါးမွေး မြူရေးလုပ်ငန်းမှ ပြည်ပတင်ပို့မှု ဝင်ငွေလျာထားချက်ပြည့်မီနိုင် ဖွယ်မရှိကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မွေးမြူရေးငါးများ ပြည်ပတင်ပို့ ရာမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရရှိရန် မျှော်မှန်းထားသော် လည်း အခက်အခဲများ ကြုံတွေ့ နေရသည့်အပြင် နိုင်ငံတကာဈေး ကွက်ဝင် ငါးမျိုးသစ်များ မွေးမြူ ရန် ရင်းနှီးမြှုပ်နှံငွေနှင့် နည်းပညာ လိုအပ်ချက်များ ရှိနေခြင်းဖြစ် သည်။

‘‘မွေးမြူရေးကာလ တိုပြီး နိုင်ငံတကာ ဈေးကွက်ဝင်ငါမျိုး သစ်တွေကို ပြောင်းလဲမွေးမြူဖို့ မလုပ်နိုင်သေးဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာလိုအပ်ချက်တွေ ဆက် ပြီး ကြုံနေဆဲပါ။ ဒါကြောင့် အခု ဘဏ္ဍာနှစ်အတွင်းမှာ ရေချိုငါး မွေးမြူရေးလုပ်ငန်းက အမေရိ ကန်ဒေါ်လာ သန်း ၁၂၀ ရဖို့ ကြိုး ပမ်းဆောင်ရွက်ပေမယ့် အခက် အခဲအမျိုးမျိုးကြောင့် လျာထား ချက်မပြည့်မီဘဲ အရင်နှစ်ထက် လျော့နည်းကျဆင်းမယ့် အခြေအ နေဖြစ်နေပါပြီ’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

၂၀၁၅ အတွင်း နိုင်ငံအနှံ့ တွင် ရေကြီးရေလျှံမှုများကြောင့် ငါးမွေးမြူရေးကန် ဧက ၃၅,၀၀၀ ခန့် ရေကြီးနစ်မြုပ်ခဲ့ပြီး စပါး ဟောင်းများ၊ စပါးခင်းအသစ်များ၊ ဆန်စက်များနှင့် ပဲစိုက်ခင်းများ လည်း ရေကြီးနစ်မြုပ်ခဲ့သည်။

အကျိုးဆက်အနေဖြင့် အစာဈေးနှုန်းကြီးမြင့်လာကာ ထုတ် လုပ်မှုကျဆင်း၍ ရင်းနှီးမြှုပ်နှံမှုပါ ကျဆင်းလာသောကြောင့် ပြည် တွင်းဈေးကွက်တွင် ငါးဈေးနှုန်း များ ကြီးမြင့်လာပြီး စားသုံးသူများ ဈေးကြီးပေး ဝယ်စားနေရသည်။

မြန်မာအစိုးရသည် ပြည်ပ သို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် အခွန် ဖြေလျှော့ခဲ့ပြီး နိုင်ငံတကာကလည်း စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှား၍ ကုန်သွယ်မှုဆိုင်ရာ အခွန်အထူးသက်သာခွင့်များ ရရှိစေ ခဲ့သော်လည်း ပြည်ပတင်ပို့မှု ကျဆင်းနေဆဲဖြစ်သည်။

မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာဈေးကွက်ဝင် ငါးမျိုးသစ်များ ပြောင်းလဲမွေးမြူရန် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက်များ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ငါးမွေးမြူရေးလုပ်ငန်းမှ ပြည်ပ တင်ပို့မှု ဝင်ငွေကန်ဒေါ်လာ ၇၅ သန်းခန့်ရရှိခဲ့သော်လည်း ယခု ဘဏ္ဍာနှစ်၌ ယခင်နှစ်ဝင်ငွေရရှိ နိုင်ဖွယ်မရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များက သုံးသပ်ထားသည်။

မြန်မာ့ ရေထွက်ကုန်များကို ၃၃ နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ အဓိကတင်ပို့နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
7 day

No comments:

Post a Comment