Sunday 20 December 2015

လွှတ်တော်အမတ်များ နိုင်ငံရေးပင်စင် ပေးသင့်၊ မပေးသင့် အမတ်အချင်းချင်း သဘောကွဲလွဲနေ

လက်ရှိ လွှတ် တော်ကိုယ်စားလှယ် သက်တမ်းကုန်ဆုံးပါ က နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံ စားခွင့်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့ သဘော ထား ကွဲလွဲမှုများရှိနေကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် အ ချို့က ပါလီမန်ခေတ်ကလည်း ပေးခဲ့သည့် အတွက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေ အနေပေါ် မူတည်ကာ သင့်တင့်လျောက် ပတ်တဲ့ အတိုင်းအတာဖြင့် ပေးသင့်ကြောင်း နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ကမူ နိုင်ငံ၏ ဆင်းရဲနေမှုကြောင့် မပေးသင့်သေး ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ဝရက် တွင် လွှတ်တော်သက်တမ်း ငါးနှစ်ကုန်ဆုံး တော့မည် ဖြစ်သောကြောင့် လွှတ်တော်ကိုယ် စားလှယ်များကို အငြိမ်းစား လစာအဖြစ် နိုင်ငံရေးပင်စင်သဘောမျိုး ချီးမြှင့်ငွေခံစား ခွင့်ရရှိရန် ဒီဇင်ဘာ ၁၄ ရက်က လွှတ်တော် တွင် စာရင်းများ ကောက်ယူနေခြင်းဖြစ် ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ ၏ တစ်လုံးတစ်ခဲ နိုင်ငံရေးပင်စင်များကို လွှတ်တော်ကိုယ်စားလှယ်၏ လက်ရှိရနေ သည့် တစ်လစာ ပမာဏကို တာဝန်ထမ်း ဆောင်ခဲ့သည့် နှစ်ကာလအလိုက် တစ်လုံး တစ်ခဲတည်းပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
''အရင်ဦးနုတို့ ပါလီမန်ခေတ် တုန်းကလဲ ကိုယ်စားလှယ်တွေကို ပေးပါ တယ်။ ပေးသင့် ပေးထိုက်တယ်လို့ ယူဆပါ တယ်။ ဒီအချိန်မှာလဲ ပေးသင့်ပေးထိုက်တဲ့ အတိုင်းအတာပေါ့လေ။ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုး မှု အနေအထားပေါ် မူတည်ပြီး သတ်မှတ် ပြီးတော့မှ ပေးသင့်တယ်လို့ ယူဆပါတယ်'' ဟု ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် အမှတ်(၆)မှ ဦးဆွန်ဒုတ်ကျင့်က ပြောသည်။
ယင်းအတိုင်းဆိုရင် လွှတ်တော် သက်တမ်း ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လျှင် ကျပ်သိန်း ၅ဝ ရရှိမှာဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်လာသည့် ကိုယ် စားလှယ်များမှာ ကျပ်သိန်း ၃ဝ ရရှိမည်ဖြစ် ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ''မပေးသင့်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ၁ဝ သိန်း တိုးပေးကတည်းက မပေးသင့်ဘူး။ အခုက ပင်စင်ရော ပေးရမှာလေ ကြိုတင်စဉ်းစား သင့်တယ်။ အခုက လွှတ်တော်မှာ မဲခွဲလဲရှုံး မှာပါပဲ''ဟု ပြောသည်။

သို့သော် နိုင်ငံ၏ စီးပွားရေး၊ လူ မှုရေးနှင့် နိုင်ငံရေး အခင်းအကျင်းပေါ် မူ တည်ပြီး သင့်တင့်လျောက်ပတ်သည့် အတိုင်း အတာဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ပေးသင့်ကြောင်းနှင့် သင့်လျော်သည့် အတိုင်း အတာဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ခံစားသင့်ကြောင်း ယင်းကဆက်ပြောသည်။

''ဒီ တစ်လုံးတစ်ခဲပင်စင်က ပြည် ထောင်စုလွှတ်တော် နည်းဥပဒေမှာရော ပြည် သူ့လွှတ်တော် နည်းဥပဒေမှာရော ပြဋ္ဌာန်း စဉ်ကတည်းက ပါပြီးသားလေ။ ဒါတွေကို သဘောမတူရင် ဥပဒေကို ပြင်ရမယ်။ သ ဘောတူရင်တော့ ဥပဒေတွေကို ပြင်စရာ မလိုပါဘူး''ဟု ယင်းက ဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ခင်စန်းလှိုင်က လွှတ်တော်ကိုယ် စားလှယ်တွေကို နိုင်ငံရေးပင်စင် ပေးရလျှင် နိုင်ငံ၏ ဘဏ္ဍာငွေများ သုံးစွဲရမည်ဖြစ်သ လို နောက်ထပ် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာ နိုင်ကြောင်း၊ သို့သော် ပေး၊ မပေး မသေချာ သည့်အတွက် ယူသင့်၊ မယူသင့် မပြောလို ကြောင်း ပြောသည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော် တွင် နိုင်ငံရေးပင်စင် ခံစားခွင့်ရရှိမည့် လွှတ် တော်ကိုယ်စားလှယ် ၄ဝဝ နီးပါးရှိပြီး ထိုအ ထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များ မပါဝင်ကြောင်း သိရသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များသည် လည်း ယင်းကဲ့သို့ နိုင်ငံရေးပင်စင် ခံစားခွင့် ရှိကြောင်း သိရသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက နိုင်ငံ၏ လက်ရှိအခြေ အနေအရ ငါးနှစ်သက်တမ်း လွှတ်တော် ကိုယ်စားလှယ်များကို တစ်လုံးတစ်ခဲ ပင် စင် မပေးသင့်သေးကြောင်း၊ တခြားနိုင်ငံ များတွင် ပေးသကဲ့သို့ လွှတ်တော်နိုင်ငံရေး များတွင် အနှစ် ၂ဝ ဝန်းကျင် တာဝန်ယူဖူး သူများကိုသာ နိုင်ငံရေးပင်စင်ပေးသင့်ကြောင်း သုံးသပ်ပြောဆိုသည်။ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော်သက်တမ်း အစ၌ လစာချီးမြှင့်ငွေ သုံးသိန်းပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ကိုယ်စား လှယ်များ သက်သာချောင်ချိရေးအတွက် တစ်လ ၁ဝ သိန်းအထိ တိုးမြှင့်ရယူခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန် တွင် ပြည်ပြေ<ွကးမြီ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံကျော်နှင့် ပြည်တွင်ြးေ<ွကးမြီ အ မေရိကန်ဒေါ်လာ ခုနစ်ဘီလီယံကျော်ရှိ ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန် ချက်များအရ သိရသည်။

Yangon Media Group 

No comments:

Post a Comment