Sunday 20 December 2015

လွှတ်တော်အသစ်တွင် အမျိုးသမီး အမတ်ပါဝင်မှု သုံးဆခန့် မြင့်တက်

ယခုလက်ရှိ လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု လေးရာခိုင်နှုန်းသာ ရှိသော်လည်း လာမည့် လွှတ်တော်အသစ်တွင်မူ ၁၂ ရာခိုင်နှုန်းခန့် ရှိလာမည် ဖြစ်သည့်အတွက် လွှတ်တော် တွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှု သုံးဆခန့် မြင့် တက်လာသည်ဟု Gender and Development Institute မှ ပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် အမျိုးသမီးပါဝင်မှု စစ်တမ်းတွေ့ရှိချက်တွင် ဖော်ပြထား သည်။
ယခုကဲ့သို့ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက် လာသည်ဆိုသော်လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ သည် လူကို အခြေခံရွေးချယ်သည့် ရွေးကောက်ပွဲ မဟုတ်ဘဲ ပါတီအခြေပြု ရွေးကောက်ပွဲ ဖြစ်သည့်အ တွက် အမျိုးသမီးများ ရွေးချယ်ခံရခြင်းသည် ပြည်သူ များနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ခံစေသည့် ပါတီ၏ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်သည်ဟု Gender and Development Institute မှ အမှုဆောင်ဒါရိုက် တာ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

''ပါတီတွေက အမျိုးသမီး များများထည့်ရင် များများ အရွေးခံရတာကို တွေ့ရတယ်။ အဲဒီအတွက် လာမယ့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသမီး အရေအတွက်ကို သုံးဆယ်ရာခိုင်နှုန်းဖြစ်အောင် လုပ် မယ်ဆိုရင် ပါတီတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်'' ဟု ယင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေ ထွေအစည်းအဝေးက ၁၉၇၉ ခုနှစ်တွင် အတည်ပြုခဲ့ သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အား လုံးဝပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာ ချုပ်အရ နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှုကို ၃ဝ ရာ ခိုင်နှုန်းအထိ ရှိလာစေရန် လုပ်ဆောင်သွားမည်ဖြစ် သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်ပါ တီ ၉၁ ခုအနက် ၂၂ ခုမှ ကိုယ်စားလှယ်လောင်းများ သာ ရွေးချယ်ခံခဲ့ရပြီး ယင်းပါတီများအနက် အချို့မှာ လည်း အမျိုးသမီးဆိုင်ရာ မူဝါဒများ ပြောကြားမှု အား နည်းသည့်အတွက် အမျိုးသမီး ပါဝင်မှု မြင့်တက်လာ သော်လည်း အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ ဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း စသည့် ကဏ္ဍအသီးသီးတွင် သိသာထင်ရှားသော ပြောင်းလဲမှု ဖြစ်လာနိုင်ဦးမည် မဟုတ်ဟု ဆိုသည်။

''ပါတီ ၂၂ ခုရဲ့ အမျိုးသမီးတွေနဲ့ ပတ်သက် တဲ့ မူဝါဒကို ခြုံကြည့်လိုက်ရင် အားရပါးရရှိတဲ့ ပါတီဆို လို့ နှစ်ခု၊ သုံးခုထက်မပိုဘူး။ ဒါကြောင့် နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ဖို့ တက်မထောင်လို့ မရသေးပါ ဘူး''ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ကျင်းပပြီးစီးခဲ့သော ၂ဝ၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်လောင်း စုစုပေါင်း ၈ဝ၅ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ၁၄၈ ဦး ရွေးချယ်ခံခဲ့ရသည်။

Yangon Media Group

No comments:

Post a Comment