Friday 7 August 2015

ဦးကိုကိုကြီး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်

၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ၄င်းအား ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း ပြောကြားသည်။

“မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့တယ်။ အခု မဲကွဲမှာစိုးလို့ တစ်သီးပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော် ရွေးကောက်ပွဲမ၀င်တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေရှည်နိုင်ငံရေးအတွက်တော့ ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆိုတာကို ယုံကြည်လိုက်ပါ” ဟု ဦးကိုကိုကြီးကပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် ၆ ရက်က တွေ့ဆုံပြီးနောက် ယခုကဲ့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ပြည်သူလူထု စိတ်အားငယ်မှာစိုးလို့ ကျွန်တော်တို့ အန်တီနဲ့တွေ့ခဲ့ပါတယ်။ မကြာခင်လည်း ဒါကို ထုတ်ပြန်ပါမယ်” ဟု ၄င်းကပြောသည်။
ဦးကိုကိုကြီးသည် လာမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်သွင်းခဲ့သော်လည်း ဒီချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ရာတွင် ရွေးချယ်ခံရခြင်းမရှိခဲ့ပေ။
7 day

No comments:

Post a Comment