Friday 7 August 2015

မုန်တိုင်းပိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ပိုနီးလာသော်လည်း မြန်မာသို့ မ၀င်ဟု ပညာရှင်များ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဘက်သို့ ပိုမိုနီးကပ်လာသော်လည်း အိန္ဒိယကမ်းခြေသို့သာ ၀င်ရောက်မည်ဖြစ်ကြောင်း မိုး/ဇလပညာရှင်ဒေါက်တာဦးထွန်းလွင်က ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် သတိပေးထားသည်။
သို့သော် မုန်တိုင်းအရှိန်ကြောင့်လာမည့် ၂၄နာရီအတွင်း ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်ဒေသအလိုက်မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
အဆိုပါမုန်တိုင်းငယ်သည် အားကောင်းသည့်မုန်တိုင်းငယ်(လိမ္မော်ရောင်အဆင့်)အဖြစ်ရောက်လာပြီး ၃၆နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
လက်ရှိတွင် မုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကမ်းခြေသို့ ဦးတည်ရွှေ့လျားနေပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားလာနေကြောင်း ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်စဉ်မောင်တောဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၆၀အထိ တိုက်ခတ်နိုင်ပြီး စစ်တွေခရိုင်ဒေသများတွင်လေတိုက်နှုန်း အမြင့်ဆုံးမိုင် ၅၀အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလဌာမှ ယနေ့ မွန်းလွဲ၂ နာရီတွင် ထုတ်ပြန်ထားသည်။
မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသများ၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7 day

No comments:

Post a Comment