Friday 7 August 2015

ဆော့ဖ်ဝဲဘွဲ့လွန်ဒီပလိုမာသင်တန်း မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်မည်

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယ နိုင်ငံရှိ Bangalore သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ Post Graduate Diploma in Software Development သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒီပလိုမာသင်တန်းကို မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် စက်တင်ဘာ ၁၀ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ကိုးလကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေး ကျပ် ငါးသိန်း ပေးသွင်းရမည်ဖြစ်သည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် သင်တန်းတက်ရောက် နေစဉ် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကာ နေထိုင် စရိတ်များကို မိမိအစီအစဉ်ဖြင့် သုံးစွဲရမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများသည် M.C.Sc ၊ M.C.Tech၊ M.I.Sc(Hons)၊ B.C. Tech(Hons)၊ ME(IT)နှင့် BE(IT)ဘွဲ့ကို ၂၀၁၂ ဇွန်လ ၃၀ ရက် နောက်ပိုင်းတွင် ရရှိပြီး အတန်းစဉ်အလိုက် ပျမ်းမျှရမှတ် ၆၀ ရာခိုင် နှုန်းအထက်ရရှိသူများ လျှောက်ထားနိုင်ဖြစ်သည်။
သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအနက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသူများကို ရန်ကုန်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များ၌ သြဂုတ် ၁၃ ရက်တွင် ဝင်ခွင့်စာ မေးပွဲ ကျင်းပပြုလုပ်မည်ဖြစ် သည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်ဝက်ဘ်ဆိုက် www.ucsm.edu. mm တွင် သင်တန်းလျှောက်လွှာရယူနိုင်ပြီး သင်တန်းတက်ရောက်ရန် mitmdystd@gmail.com သို့ သြဂုတ် ၇ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

No comments:

Post a Comment