Thursday 6 August 2015

မြန်မာယူ-၁၆ အသင်း ဆီမီးဖိုင်နယ်တွင် အုပ်စုအတွင်း ရှုံးပွဲမရှိသည့် လာအို အသင်းနှင့် တွေ့ဆုံ

၂၀၁၅ အဆီယံ ယူ-၁၆ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာယူ-၁၆ အသင်းသည် နောက်ဆုံးအုပ်စုအဆုံးအဖြတ်ပွဲစဉ်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၃-၀ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း သည် ဆီမီးဖိုင်နယ်တွင် အုပ်စု(က) အုပ်စုပထမအသင်းဖြစ်သည့် လာအို အသင်းနှင့် တွေဆုံကာ သြဂုတ်လ ၇ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွား မည် ဖြစ်သည်။


မြန်မာယူ-၁၆ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်ကမ္ဘောဒီးယားယူ-၁၆ အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး ယင်းပွဲစဉ်တွင် မြန်မာယူ-၁၆အသင်းမှာ သရေကစားရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်မည်ဖြစ် သော်လည်း အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၃-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်း အတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် ပြည့်စုံနိုင် ၁၆မိနစ်နှင့် ဝင်းနိုင်ထွန်း ၂၀မိနစ်တို့၌ အနိုင်ဂိုးများသွင်းယူခဲ့ပြီး ဒုတိယပိုင်းတွင် ပွဲချိန် ၅၄မိနစ်တွင် နောက်ဆုံးဂိုးကို အောင်ချစ်ဦးကိုကို တို့က မြန်မာအသင်း အတွက် သွင်းယူခဲ့ခြင်း ဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(ခ)၌ သြစတြေးလျအသင်းက အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယနှင့် အုပ်စု(က)တွင် လာအိုအသင်းကအုပ်စု ပထမ၊ ထိုင်းအသင်းက အုပ်စု ဒုတိယတို့ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာယူ-၁၆ အသင်းသည် အုပ်စု(က) ပထမအသင်းနှင့် ဖြစ်သည့် လာအို အသင်းနှင့် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားရမည်။ လာအိုအသင်းသည် အုပ်စုပွဲစဉ်များတွင် ထိုင်း၊ မလေးရှားစသည့်နာမည်ကြီး အသင်းကို အနိုင်ယူကာ ဗီယက်နမ်ကိုသရေ ကစားပြီး ရှုံးပွဲမရှိစံချိန်ဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက် လာသည့်အသင်းဖြစ်သည်။ သြစတြေးလျ အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ်လ ၇ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။





Planet Myanmar Network 

Photo - MFF
ရေးသားသူ - MKZ

No comments:

Post a Comment