Thursday 2 July 2015

ကိုယ်စားလှယ်အဖြစ်မှပြန်လည်ရုပ်သိမ်းခွင့်ပြဋ္ဌာန်းချက်ပယ်ဖျက်ခြင်း မပြုဘဲ ပြင်ဆင်ခြင်းသာဆောင်ရွက်ရန် NLD တင်ပြ

ရွေးချယ်တင် မြှောက်ထားသည့် လွှတ်တော်ကိုယ် စားလှယ်ကို မဲဆန္ဒရှင်များကကိုယ် စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်း ခွင့်ပေးထားသည့်ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်းမပြုဘဲ ပြင်ဆင်ခြင်းသာ ဆောင်ရွက်ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်ဦးသိမ်းဆွေက လွှတ် တော်သို့ တင်ပြခဲ့သည်။

ဇူလိုင် ၁ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်(၁၂) ကြိမ် မြောက်ပုံမှန်အစည်းအဝေး၌ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းပုဒ်မ-၄၃၆(ခ)တွင် ပုဒ်မ-၃၉၆(ခ)ကို ပယ်ဖျက် ထား သည့် အပေါ် ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပ ဒေတွင် ပုဒ်မ-၃၉၆(ခ)၌ သက်ဆိုင် ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များ အနက် အနည်းဆုံးတစ်ရာခိုင်နှုန်း တို့ကတာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ် နှင့်ပတ် သက်သည့်တိုင်တန်းချက် ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်း ထား သော်လည်း ယခုလွှတ်တော်တွင် ဆွေးနွေးနေ သည့်ဥပဒေကြမ်းတွင် ယင်းပြဋ္ဌာန်းချက်ကို ပယ်ဖျက် ထားသည်။

ယင်းသို့ ပယ်ဖျက်ထားမှုအ ပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦး သိမ်းဆွေ က''ဒီပုဒ်မကိုပြင်ဆင်ပယ်ဖျက်ရန်ဆိုပြီး ပြင် ဆင်ထားပါ တယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကတော့ တစ်ရာခိုင်နှုန်းအစား ၂ဝရာခိုင်နှုန်းလို့ အဆိုပြုတင်ပြအပ်ပါတယ်။ တစ်ရာခိုင်နှုန်းဆိုရင် ပုဂ္ဂိုလ်ရေးမ ကျေနပ်တဲ့အခါမှာ၊ ပါတီအချင်းချင်း အားပြိုင်တဲ့အခါမှာ ရွေးချယ်တင် မြှောက်ထားတဲ့ ကိုယ်စားလှယ်ကို ဖြုတ်ချ နိုင်ဖို့အတွက် တစ်ရာခိုင်နှုန်း နဲ့တင်ပြနိုင်တဲ့အတွက် အေးချမ်း တည်ငြိမ်မှုမရှိနိုင်ပါဘူး။ ဒီမိုကရေ စီမှာအနည်းစုရဲ့ဆန္ဒကို လေးစားရ မှာဖြစ်သလို ပစ်ပယ်လို့လဲ မရနိုင် ပါဘူး။ အများစုရဲ့ဆန္ဒကို အနည်း စုကပယ်ဖျက်နိုင်တယ်ဆိုရင် ဒီမို ကရေစီနည်းလမ်းမကျပါဘူး''ဟု ပြောသည်။

ယင်းကဆက်လက်ပြီး''ထို့အ တူမဲဆန္ဒရှင်ပြည်သူလူထုအနေနဲ့ ၎င်းတို့ရွေးကောက်တင်မြှောက် ထားတဲ့လွှတ်တော်ကိုယ်စားလှယ် ဟာ ပေးအပ်ထားတဲ့တာဝန်တွေ ကို ကျေပွန်စွာ မဆောင်ရွက်ဘူး၊ သက်ဆိုင်ရာလွှတ်တော်ကိုယ် စားလှယ်တွေရဲ့ ကိုယ်စားလှယ်အ ရည်အချင်းတွေပျက်ယွင်းမယ်၊ အ ကျင့်သိက္ခာတွေ ပျက်ပြားမယ်၊ ဖွဲ့ စည်းပုံပါပြဋ္ဌာန်းချက်ကို ဖောက် ဖျက်ကျူးလွန်မယ်၊ နိုင်ငံတော်ရဲ့ ကျေးဇူး သစ္စာကို ဖောက်ဖျက်မယ် ဆိုရင် အဲဒီကိုယ်စားလှယ်ကိုပြန်လည်ဖြုတ်ချပြီး အခြားကိုယ်စား လှယ်ကို အစားထိုးဖို့ဆောင်ရွက် သင့်ပါတယ်။ ကိုယ်စားလှယ်ကို ပေးအပ်ထားတဲ့ အခွင့်အာဏာကို ပြည်သူကို ပေးအပ် ထားဖို့လိုပါ တယ်။ ဒါမှသာမဲဆန္ဒရှင်များ၏အ လိုဆန္ဒနှင့်ဆန့်ကျင်သော၊ မဲဆန္ဒ ရှင်များကိုအလေးမမူ၊ ဂရုမစိုက်၊ မလေးမစားပြုလုပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်''ဟု လွှတ်တော်အတွင်း ပြော ကြားခဲ့သည်။

နိုင်ငံတကာတွင်လည်း မဲဆန္ဒရှင်များမှ ယင်းတို့ရွေးကောက် တင်မြှောက် ထားသည့် လွှတ်တော်ကိုယ် စားလှယ်ကို ပြန်လည်ဖြုတ်ချနိုင်ခွင့်ရှိပြီး ဥပမာ တောင်ကိုရီးယားနိုင် ငံ၊ အမေရိကန်နိုင်ငံတို့တွင် ယင်းသို့ သတ်မှတ်ထားကြောင်း ယင်းကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းကမူ ယင်း တို့ပါတီမှ တင်သွင်းထားသည့်အတိုင်း အဆိုပါပုဒ်မ-၃၉၆(ခ) ကိုပယ် ဖျက်သင့်ကြောင်း၊ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ် စားလှယ်ကို အလွယ်တကူကိုယ်စားလှယ်အ ဖြစ်မှ ရုပ်သိမ်းရန် တင်ပြမှုများ မကြာခဏ ဖြစ်ပေါ် နိုင်သည့်အတွက် ကိုယ်စားလှယ်လောင်းများအနေ ဖြင့် ယင်းကိစ္စများကိုချည်းဖြေရှင်း နေရပါက ကိုယ်စားလှယ်တာဝန်ကိုကောင်း စွာထမ်းဆောင်နိုင်မည် မဟုတ်ကြောင်း လွှတ်တော်သို့ တင်ပြဆွေးနွေး သွားကြောင်း သိရသည်။

YM, MP
‎Democracytoday‬

No comments:

Post a Comment