Thursday 2 July 2015

အခွန်တံဆိပ်ခေါင်းမကပ်သည့် ဆိုင် ၃၀ ကျော်ကို သုံးလအတွင်း အရေးယူနိုင်ခဲ့

ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းမကပ်သည့် ရန်ကုန် မြို့ရှိ စားသောက်ဆိုင်ပေါင်း ၃၀ ကျော်ကို သုံးလအတွင်း အရေး ယူထားပြီး ယင်းဆိုင်များအနက် နာမည်ကြီးစားသောက်ဆိုင် ၁၀ ဆိုင်ခန့်ပါဝင်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘နာမည်ကြီး စားသောက် ဆိုင်တွေပါတယ်။ ဒါပေမဲ့ နာမည် တော့ ထုတ်ပြောပေးလို့မရဘူး။ သူတို့ကို ဒဏ်ရိုက်ထားတယ်’’ ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်သန့်လွင်က ပြောသည်။

 ကုန်သွယ်  လုပ်ငန်းခွန် ကောက်ခံရန် ပြေစာတွင် တံဆိပ် ခေါင်းကပ်သည့် စီမံချက်စတင်ခဲ့ သော သုံးလတာကာလအတွင်း စုစုပေါင်း စားသောက်ဆိုင်ပေါင်း ၃၂ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဆိုင် ၃၀ မှာ လက်ရှိတွင် ဒဏ်ငွေ ဆောင်ထားကာ ဒဏ်ငွေဆောင် ရန် နှစ်ဆိုင်သာကျန်ရှိတော့သည် ဟု ဆိုသည်။


 ဒဏ်ကြေး ကောက်ခံရရှိ သည့် စုစုပေါင်းငွေကျပ်သိန်း ၇၀ ခန့်ရှိနေပြီး စားသောက်ဆိုင်များ ကို တံဆိပ်ခေါင်းကပ်ကုန်သွယ် လုပ်ငန်းခွန်ကောက်သည့် စီမံ ချက်မှာ စတင်ခဲ့သည့်သုံးလတာ ကာလအတွင်း အောင်မြင်သည် ဟု ဦးကျော်သန့်လွင်က ပြော ကြားသည်။

နာမည်ကြီး စားသောက်ဆိုင် များအနက် ရန်ကုန်အခြေစိုက် ဖွင့်လှစ်ထားသည့် Lotterial, YKKO စသည့် စားသောက်ဆိုင် များအထိပင်ပါဝင်သည်ဟု ပြည် တွင်း အခွန်များ ဦးစီးဌာနက ကနဦး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ တွင် ပြဋ္ဌာန်းလိုက် သည့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ အရ အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်လျှင် ပထမအကြိမ် ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ်ပျက်လျှင် ကျပ်ငါးသိန်း၊တတိယ အကြိမ်ကျပ်ခုနစ်သိန်းနှင့် စတုတ္တ အကြိမ်ပျက်ကွက်လျှင် ကျပ် ၁၀ သိန်းဒဏ်ကြေးအဖြစ် ပေးဆောင် ရမည်ဖြစ်ပြီး လေးကြိမ်အထက် ပျက်ကွက်ပါက တစ်ကြိမ်လျှင် ဒဏ်ကြေးကျပ် ၁၀ သိန်းပေး ဆောင်ရမည်ဟု သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက မြို့နယ် အလိုက် စားသောက်ဆိုင်လုပ်ငန်း ရှင်များနှင့်တွေ့ဆုံပြီး အသိပညာ ပေးဟောပြောမှုများပြုလုပ်နေပြီး နောက်ပိုင်းတွင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ကျယ်ကျယ် ပြန့်ပြန့် ကောက်ခံရန် အထိပင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ရည်ရွယ်ထားသည်။

No comments:

Post a Comment