Thursday 2 July 2015

မလေးရှားနိုင်ငံတွင် ဗီယက်နမ်ချက်အရက်သောက်ပြီး မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံး

ဗီယက်နမ်ချက်အရက်သောက်ပြီး သေဆုံးသွားသော မြန်မာလုပ်သား တစ်ဦး၏ ရုပ်အလောင်းကို ကြည့်ရှု နေစဉ် (ဓာတ်ပုံ- ဂျိုဟိုးနာရေးကူညီမှု အသင်း) 
မလေးရှားနိုင်ငံတွင် ဗီယက်နမ်ချက်အရက်သောက်သုံးမှုကြောင့် မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် ဇွန်လ ၃၀ ရက်ညက ဗီ ယက်နမ်ချက်အရက် သောက်သုံး ခဲ့သော အသက်(၃၇)နှစ်အရွယ် မြန်မာလုပ်သား ကိုနိုင်ကို ၎င်း၏ အခန်းတွင် သေဆုံးလျက် တွေ့ရှိ ခဲ့ကြောင်း ဂျိုဟိုးနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်ဇေလွင်က ပြောသည်။

 ‘‘ဗီယက်နမ်ချက်အရက် သောက်ပြီး သေတာပါ။ အစ တော့ သူ့သူငယ်ချင်းနဲ့နှစ်ယောက် အတူသောက် တာ။ သူ့သူငယ်ချင်းက နည်းနည်းပဲသောက်ပြီး သူ့အခန်း ပြန်အိပ်သွားတယ်လို့ ပြောတယ်။ သူက သောက်ပြီး ကျန်ခဲ့တာပေါ့။ အဲဒီဗီယက်နမ် အရက်က မီးတောက်တယ်’’ဟု ဦးကျော်ဇေလွင်က ပြောသည်။

ယခု သေဆုံးသူမှာ မလေး ရှားနိုင်ငံတွင် ဒုက္ခသည်ကတ်ကိုင် ဆောင်နေထိုင်သူဖြစ်ပြီး ပြီးခဲ့ သည့် သုံးလက ထောင်မှ လွတ် မြောက်လာသူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ သေဆုံးသူကို ဇူလိုင် ၁ ရက်တွင် ဂျိုဟိုးနာရေးကူညီမှုအသင်းက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် ချက် အရက် သောက်သုံးမှုကြောင့် မြန်မာလုပ်သားများ မကြာခဏ သေဆုံးမှုများ ဖြစ် ပေါ်နေကြောင်း  မလေးရှားရောက်မြန်မာလုပ်သားများအား ကူညီပေးနေသည့် ကိုမျိုးညွန့်ကပြောသည်။

မလေးရှားနိုင်ငံ ပယ်ရပ် ပြည်နယ် စီတီဝမ်စီရီမာန်ကျုံးမြို့ တွင် ဇွန်လ ၂၂ ရက်က ဗီယက်နမ် ချက်အရက် များ သောက်သုံးပြီး နောက် မြန်မာလုပ်သားနှစ်ဦး သည် နေရာတွင်ပင် သွေးများအန် ကာ သေဆုံးသွားပြီး ကျန်သုံးဦးကို အရေးပေါ်ဌာန၌ ဆေးကုသပေးနေရသည်။

‘‘ဆေးရုံတက်နေရတဲ့ သုံးဦးထဲက နှစ်ဦးကတော့သက်သာလာတယ်လို့ သိရတယ်။ တစ်ဦးကတော့ စိုးရိမ်နေရတဲ့ အနေအ ထားမှာရှိတယ်လို့ ဆရာဝန်က ပြောတယ်’’ဟု ကပ်ပုန်းနာရေးကူ ညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။

ဗီယက်နမ်ချက်အရက်များ ရောင်းချသောနေရာကို မလေးရှားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးမိခြင်းမရှိ ကြောင်း ဦးဆန်းဝင်းက ဆက် လက် ပြောကြားသည်။

7Day DAILY

No comments:

Post a Comment