Thursday 2 July 2015

မြဝတီတွင် ဂိမ်းရုံတစ်ရုံကို သွားရောက်ဖမ်းဆီးရာ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၊ ရဲတစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင် ချမ်းသာလမ်းရှိ ဂိမ်းရုံတစ်ရုံအား ဇွန် ၃ဝရက် ည ၈ နာရီခွဲခန့် တွင် မြဝတီမြို့နယ်ရဲတပ်ဖွဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် တာဝန်ရှိပူးပေါင်း အဖွဲ့မှ ဝင်ရောက် ဖမ်းဆီးရာ ယင်း ဂိမ်းရုံအတွင်းမှ သေနတ်ဖြင့် ခုခံပစ် ခတ်သည့်အတွက် မြဝတီမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ကျော်ကျော်ဝင်းမှာ ဝဲဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်တွင် ဒဏ်ရာရရှိသွား သော ရဲဒုတပ်ကြပ်အား မြဝတီပြည် သူ့ဆေးရုံကြီးသို့ တင်ပို့ကာ ဆေးဝါး ကုသမှုခံယူလျက်ရှိပြီး တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြဝတီရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''သေနတ်နဲ့ပစ်သွားတဲ့သူက ဘယ်အဖွဲ့အစည်းကဆိုတာလဲ ဆိုတော့ လိုက်လံစုံစမ်းနေတုန်းပါပဲ။ အခုလက်ရှိ ဒဏ်ရာရနေတဲ့ ဒုတပ် ကြပ်ကို သေချာမေးမြန်း စုံစမ်း ကြည့် ပြီးမှပဲ တရားခံတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျ ပြော နိုင်ပါလိမ့်မယ်။ လက်ရှိ အချိန် အထိတော့ မသင်္ကာတရားခံဖမ်းဆီး ရမိထားတာ မရှိသေးဘူး။ ဒဏ်ရာရ နေတဲ့ တပ်ကြပ်ကလဲ စိုးရိမ် စရာအ ခြေအနေမရှိတော့ပါဘူး''ဟု ပြောသည်။

''ဒီဂိမ်းဆိုင်တွေက ဖမ်းလိုက် ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ပဲ။ ဂိမ်းဆိုင်တွေက လုံးဝမပျောက် သွားဘူး။ ဂိမ်းဆိုင်ထဲ ဝင်ဖမ်းတဲ့ရဲကို အခုလို သေနတ်နဲ့ပြန်ပစ်တာကတော့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေ တယ်။ တရားမဝင်လက်နက်ကိုင် ဆောင်ထားတဲ့သူတွေ မြဝတီမှာ ဘယ်လောက်များ များရှိလဲဆိုတာ မှန်းဆရခက်တယ်။ မူးယစ်ဆေးဝါး ပြီးရင် မြဝတီမှာ လောင်းကစားကလဲ မြို့ခံလူငယ် တွေကို ဖျက်ဆီးနေတဲ့ တရားခံပဲ''ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ZMT
Democracytoday‬

No comments:

Post a Comment