Thursday 2 July 2015

လျှပ်စစ်ရထား ဓာတ်အားခ လုပ်ငန်းသုံးနှုန်းထားအတိုင်းကောက်ခံမည်

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် RBE ရထားကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း) 
ရန်ကုန်မြို့ကမ်းနားလမ်း လျှပ်စစ်ရထားပြေးဆွဲမှုအတွက် ပေးဆောင်ရမည့်ဓာတ်အားခကို လုပ်ငန်းသုံး သတ်မှတ်နှုန်း ထားအတိုင်း ကောက်ခံမည်ဟု သတင်းရရှိသည်။

မြန်မာ့မီးရထားက ယခုနှစ်မကုန်မီ ပြေးဆွဲမည့်လျှပ်စစ်ရထားအတွက် လိုအပ်သည့်လျှပ်စစ် ဓာတ်အားကို ဌာနကပေးလွှတ် နိုင်ပြီး ဓာတ်အားသုံးစွဲခကိုလည်း အများပြည်သူထံမှကောက်ယူ သည့် နှုန်းထားအတိုင်း တစ်ပြေး ညီကောက်ခံမည်ဟု ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းမှ အကြီးတန်းအရာရှိ တစ်ဦး ကပြောသည်။

‘‘သူကလုပ်ငန်းသုံးဖြစ်တဲ့အ တွက် စက်မှုဇုန်တွေကိုပေးတဲ့နှုန်း အတိုင်းကောက်ယူသွားရမှာပါ။ ဓာတ်အား သုံးစွဲမှုဘယ်လောက် ကုန်မယ်မသိရသေးပေမယ့် ရထားအင်ဂျင်ဆွဲအားက သိပ်အ များကြီးမရှိနိုင်တဲ့ အတွက် ပေးနိုင် တဲ့အနေအထားရှိတယ်’’ဟု ၎င်း ကပြောသည်။

ရထားလမ်းကြောင်းပြေးဆွဲ ရန် JICA အဖွဲ့အစည်း၏အကူအ ညီဖြင့် လျှပ်စစ်တိုင်များ စိုက်ထူ ရန်ပြင်ဆင် နေပြီး ပြေးဆွဲမည့် ရ ထားများကိုလည်း ဂျပန်ကမှာယူ ထားသည်ဟုသိရသည်။

‘‘ရထားတွဲတွေကတော့ မ ရောက်သေးဘူး။ မြန်မာ့မီးရထား လျှပ်စစ်ဌာနကတော့ ကြိုတင် လုပ်ငန်းတွေ လုပ်နေကြပြီ။ သူတို့ အဆင်သင့်ဖြစ်မှ ပြေးဆွဲမှုလုပ် ငန်းအတွက် ကျွန်တော်တို့ကလုပ် ဆောင်ရမှာပါ’’ဟု မြန်မာ့မီးရ ထား တိုင်းအမှတ် (၇)သွားလာ ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ရထားပြေးဆွဲရန် လျှပ်စစ် ဓာတ်အားလိုအပ်ချက်မှာ ၅ မဂ္ဂါ ၀ပ်ခန့်သာရှိနိုင်ပြီး လမ်းပိုင်းပြေး ဆွဲမှုအားသာချက်၊ အားနည်း ချက်များကိုမူတည်၍ ရန်ကုန်မြို့ ပတ် ရထားလမ်းပိုင်း တစ်ခုလုံး ပြေးဆွဲနိုင်ရန်စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးသန်းဌေး ကပြောကြားထားသည်။

လျှပ်စစ်ရထားပြေးဆွဲမည့် အချိန်ကာလအတိအကျကို မသိ ရသေးသော်လည်း စက်တင်ဘာ နှင့် အောက်တိုဘာအတွင်း လျှပ်စစ်ဓာတ်အားပေးလွှတ်ရန် ပြော ကြားထားကြောင်း ရန်ကုန်ဓာတ် အားပေး ရေးကော်ပိုရေးရှင်း ဒုတိ ယအင်ဂျင်နီယာချုပ် ဦးစောဝင်း မောင်ကပြောသည်။

လက်ရှိအချိန်တွင် လျှပ်စစ် ရထားပြေးဆွဲမည့်လမ်းကြောင်း၌ RBE ရထား နှစ်စီးဖြင့်ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ကတည်းက စတင် ပြေးဆွဲခဲ့သည်။

7Day DAILY 

No comments:

Post a Comment