Sunday 24 May 2015

ပြည်သူပါမှ ငြိမ်းချမ်းရေးရနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား အစိုးရတစ်ဖွဲ့တည်းက အားလုံးလုပ်ပေးနိုင်သည်ဟုပြောသော အစိုးရကို မဲမပေးရန်လည်းပြော


ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူလူထုပါမှ ရရှိနိုင်မည်ဖြစ် ပြီး အစိုးရတစ်ဖွဲ့တည်းမှပင် အား လုံးလုပ်ပေးနိုင်ကြောင်း ပြောကြား သည့်အဖွဲ့ကို ဘယ်တော့မှ မဲမ ထည့်ရန် ကချင်ပြည်နယ်ရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုမြို့လူထုနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

‘‘အစိုးရတစ်ဖွဲ့တည်းကပဲ အားလုံးလုပ်ပေးမယ်လို့ ပြောတဲ့ အဖွဲ့ကို ဘယ်တော့မှမဲမထည့်နဲ့။ အဲဒါ အာဏာရှင်အစိုးရပဲဖြစ်မှာ ပဲ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့တက်ရောက်လာသည့် ပူ တာအိုဒေသခံတစ်ဦး၏ မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။
မေလ ၂၃ ရက်တွင် လူထု တွေ့ဆုံပွဲကို ပူတာအိုမြို့နယ် စုံ စွပ်ရပ်ကွက်ရှိ ကွင်းပြင်၌ ကျင်းပ ခဲ့ပြီး ပူတာအိုခရိုင်ရှိ ဒေသခံပြည် သူနှစ်သောင်းခန့် တက်ရောက်ခဲ့ သည်။
တွေ့ဆုံပွဲအစပိုင်းတွင် မိုးရွာသွန်းခဲ့သည့်အတွက် လာရောက် နားထောင်သူများမှာ မိုးရေထဲ၌ နားထောင်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစံနှုန်းနှင့် အခြေခံဥပ ဒေကိုပြင်ဆင်နိုင်ရန် ပြည်သူများ မနစ်နာသော နည်းများဖြင့်သာ လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူလူ ထုကလည်း အဓိကပါဝင်ရမည် ဖြစ်ကာ လိုအပ်သလောက် စိုးရိမ် မှုလည်း ရှိရမည်ဖြစ်ကြောင်းပြော သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်မည့် နည်းလမ်း ကို ပြောသင့်ပြောထိုက်သည့်အ ချိန် ပြည်သူလူထုက ဖွင့်ပြောမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ပါတီကို ရွေးချယ်မဲပေးရာ တွင် အဖွဲ့အစည်း၏ သမိုင်းကို လေ့လာပြီး လေးလေးနက်နက်စဉ်း စားကာ မဲပေးရန်လိုအပ်ကြောင်း လည်း ပြောကြားသည်။
‘‘ကျွန်မတို့အဖွဲ့ချုပ်ကလည်း ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်မယ်။ ပြည်သူတွေရဲ့တာဝန် က မှန်မှန်ကန်ကန်မဲထည့်ဖို့ပါ။ ၂၀၁၅ ရွေးကောက်ပွဲကနေပြီးမှန် ကန်တဲ့ရလဒ် တိုင်းပြည်အတွက် လိုလားအပ်တဲ့ ရလဒ်ပေါ်ပေါက် လာဖို့ ပြည်သူတွေရဲ့တာဝန်ပါ။ ဟုတ်တယ်လို့ပြောရင် အင်န် အယ်လ်ဒီကိုသာ မဲပေးလိုက်ကျန် တာ တာဝန်ယူတယ်’’ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲလုပ်မည့်အ ချိန်ကို မသိရသေးသော် ယခုအ ချိန် မဲပေးပိုင်ခွင့်ရှိသည့် စာရင်း မှန်ကန်ရန် အင်မတန်အရေးကြီး ကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိပါက လည်း မဲပေးနိုင်ခွင့်စာရင်းတွင် ပါရန် အရေးကြီးကြောင်းနှင့် မရှိသည့်သူများစာရင်းမပါရန် လည်းအရေးကြီးကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။
အနာဂတ်တွင် တိုင်းပြည်အ တွက် အလွန်အရေးကြီးသော က လေးများကိုလည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရန်နှင့် အများ အတွက် သင့်လျော်သည်များကို လုပ်ပေးနိုင်သည့် စိတ်ဓာတ်ထား ရှိရေး မိဘများက ပြုပြင်ပေးရန် ပြောကြားခဲ့သည်။
တက်ရောက်လာသော ဒေ သခံများကို မူးယစ်ဆးဝါးလုံးဝမ သုံးစွဲကြရန်လည်း တိုက်တွန်းခဲ့ သည်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ပူတာအိုမြို့သို့ မေလ ၂၃ ရက် နံနက် ၁၀ နာရီကျော်တွင်ရောက်ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီတွင်ပြည်သူလူထုများနှင့် တွေ့ဆုံ ခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင်ဒေသ ခံလူငယ်များကလည်း ရိုးရာဝတ် စုံဝတ်ဆင်ကာ ရိုးရာအကများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထိုတွေ့ ဆုံပွဲအပြီးတွင် ဘာသာရေးခေါင်း ဆောင်များ၊ လူထုအဖွဲ့အစည်း များ၊ ရိုးရာလူကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။
၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမတိုင်မီက ဒေါ်အောင် ဆန်းစုကြည်သည် ကချင်ပြည် နယ် မြစ်ကြီးနား၊ ဗန်းမော်မြို့များ သို့ စည်းရုံးရေးခရီးစဉ်သွားရောက် ခဲ့သည်။ သို့သော် ကချင်ပြည်နယ် ၌ လစ်လပ်နေသည့် သုံးနေရာ တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ပူတာအိုမြို့တွင် လူထုအားပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - မရန်)
7Day Daily

No comments:

Post a Comment