Sunday 24 May 2015

သဘာဝကပ်ဘေးကြုံ နိုင်ငံများကို ဂျပန်က ဒေါ်လာ ၄၅၂ သန်း လှူဒါန်းမည်

သဘာဝကပ်ဘေးနဲ့ ကြုံနေရတဲ့ နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၄၅၂ သန်း လှူဒါန်းသွားမယ်လို့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက မေ ၂၃ ရက်နေ့မှာ ကြေညာပါတယ်။
သတ္တမကြိမ်မြောက် ပစိဖိတ်ကျွန်း နိုင်ငံများ ထိပ်သီး အစည်းအဝေးမှာ ဂျပန် ၀န်ကြီးချုပ်က ကြေညာလိုက်တာပါ။
ဂျပန် မီဒီယာတွေမှာတော့ ဒါဟာ ဒေသတွင်းမှာ တရုတ်သြဇာ ကျယ်ပြန့်လာတာကို ပြန်လည်ထိန်းညှိဖို့ ကြိုးပမ်းမှုအဖြစ် ဖော်ပြပါတယ်။
ဒါပေမယ့် ဂျပန်ဝန်ကြီးချုပ်က “ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ အင်အားပြဖို့ မဟုတ်သလို၊ ခြိမ်းခြောက်ဖို့လည်း မဟုတ်ပါဘူး။ ပစိဖိတ် သမုဒ္ဒရာသားတွေ အချင်းချင်းကြားမှာ ခိုင်မာတဲ့ စည်းလုံးမှု သဘောဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿ နာတွေကို ရင်ဆိုင်ရာမှာ ဂျပန်က လာမယ့် သုံးနှစ်အတွင်း ယန်းငွေ ၅၅ ဘီလီယံကို အကူအညီပေးသွားမယ်လို့ ပြောပါတယ်။
ထိပ်သီးညီလာခံကို ၁၉၉၇ ခုနှစ်ကစလို့ သုံးနှစ်တကြိမ် ကျင်းပနေတာ ဖြစ်ပါတယ်။ အစည်းအဝေးမှာပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဂျပန်က အမြဲတမ်း အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းမှုကို ထောက်ခံကြဖို့ အာဘေးက ကျွန်းနိုင်ငံတွေကို မေတ္တာရပ်ခံခဲ့တယ်လို့ ဂျပန် မီဒီယာတွေမှာ ဖော်ပြပါတယ်။
ပစိဖိတ် ကျွန်းနိုငံများ ထိပ်သီးအစည်းအဝေးကို၊ နိုငိငံ မြောက်ပိုင်းက အိုင်ဝါကီမြို့မှာ ကျင်းပတာဖြစ်ပြီး ပစိဖိတ်ဒေသထဲက ၁၆ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
သြစတြေးလျ၊ ကွတ်အိုင်လန်၊ ဖီဂျီ၊ ကီရီဘာတီ၊ မာရှယ် အိုင်လန်၊ မီခရိုနီးရှား၊ နယူးဇီလန်၊ ဆောလမန် အိုင်လန်၊ စသဖြင့် နိုင်ငံတွေက အကြီးအကဲတွေ တက်ရောက်ပါတယ်။

DVB

No comments:

Post a Comment