Sunday 24 May 2015

မိုးသည်းထန်သဖြင့် မြို့တွင်းလမ်းမများ ရေမြုပ်

ရန်ကုန်မြို့တွင် မေလ ၂၃ ရက်က မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်အများစု၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။မိုးမကျမီကတည်းက ရန်ကုန်မြို့ ရေကြီး၊ ရေလျှံ လျော့ပါး စေရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း မိုးစတင်ရွာသွန်းပြီး မကြာမီမှာပင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်မြို့နေ ပြည်သူများကပြောသည်။မေလ ၂၃ ရက် နံနက် ၈ နာရီခန့်က စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် ရန်ကုန်မြို့တွင်းရှိ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် အစရှိသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့နေရာများတွင် ရေမှာ လမ်းမပေါ်နှစ်ပေကျော်ထိ ရောက်ရှိခဲ့ပြီး ယာဉ်များအရှိန်လျှော့မောင်းနှင်ခဲ့ရသည်။


‘‘မိုးစရွာတာနဲ့ အစဉ်အလာ မပျက် ရေစကြီးတာပဲ။ သူတို့ကြို တင်ပြင်ဆင်မှု လုပ်ထားတယ်ဆို တာ ဘယ်လိုနားလည်ရမှန်း မသိ တော့ဘူး’’ဟု ဗိုလ်တထောင်မြို့ နယ်နေ သတင်းစာဖြန့်ချိရေးသ မားတစ်ဦးက ပြောသည်။

ထို့အပြင် ဆင်ခြေဖုံးမြို့နယ် အချို့တွင် အလားတူ ရေကြီးနစ် မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေ သခံများက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများ၌ ဓာတ်ပုံနှင့်တကွ ရေးသားခဲ့ကြသည်။

 ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၀င်းအတွင်း လမ်းမတွင်လည်း မိုး ရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး၊ ရန်ကုန်ဘူတာကြီးနှင့် မြို့ပတ်ရထားလမ်းပိုင်း အချို့တွင်လည်း ရေနစ်မြုပ်မှုများ ရှိခဲ့သဖြင့် ရထားခရီးစဉ်အချို့ နောက်ကျမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေဖြင့် ယခုနှစ် မိုးရာသီတွင် ရေကြီးနစ် မြုပ်မှုများ လျော့နည်းသက်သာ စေရန် ကျပ်ဘီလီယံတစ်ရာကျော် အကုန်အကျခံ၍ ရေမြောင်းများ ပြုပြင်တိုးချဲ့ခြင်း၊ လမ်းပြုပြင်ခြင်းများ လုပ်ဆောင်နေသည်ဟု အင်ဂျင်နီယာ(လမ်း/တံတား)ဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောထားသည်။

ယခင်နှစ်ကမူ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းအတွက် ကျပ်ဘီလီယံ ၅၀ ခန့်သာ သုံးစွဲအသုံးပြုခဲ့သည်ဟုဆိုသည်။

ယခုနှစ်မိုးရာသီ၌  ယခင်နှစ် များကဲ့သို့ ဆိုးရွားစွာ ရေနစ်မြုပ်မှု ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ဖော်ပြော ကြားထားသည်။

 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ် သုံလေ အားကောင်းနေသည့်အ တွက် မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ပင်လယ်ပြင်၌ မိုး သက်လေပြင်းများ ကျရောက်နိုင် ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တစ် ပတ်ခန့် မိုးထစ်ချုန်းရွာသွန်းမည် ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနက မေလ ၂၁ ရက်က ထုတ်ပြန်ထားသည်။
7 day

No comments:

Post a Comment