Sunday 24 May 2015

ဘာလုပ်လုပ်နိုင်ရင်ပြီးရောလား

ရွေးကောက်ပွဲတွေ နီး လာတော့ ဖတ်ဖူးတဲ့ဟာသလေး တစ်ခု ကို မကြာခဏသတိရမိတယ်။ သားလုပ်သူက ‘‘မေမေ့ပုံပြင်တွေ က ဟိုးရှေးရှေုးတုန်းကနဲ့ စတယ် နော်’’လို့ မေးလိုက်တဲ့အခါ အမေ ဖြစ်သူက ‘‘အခုပုံပြင်တွေက အဲဒီ လိုမစတော့ဘူးသားရဲ့၊ကျွန်တော် သာအမတ်ဖြစ်လာခဲ့သော်နဲ့ စ တာကွယ့်’’ဟု ပြန်ဖြေလိုက်ပါသ တဲ့။ ပုံပြောကောင်းသူတွေထဲမှာ အမတ်တွေလည်းပါတယ်။ အ မတ်တွေ ရွေးချယ်မခံရခင်တုန်း ကတော့ ဘာလုပ်ပေးမယ်၊ ညာ လုပ်ပေးမယ်ဆိုပြီး စကားရွှန်းရွှန်း ဝေအောင်ပြောပြီး တကယ်အ မတ်ဖြစ်လာတော့ သူ့စကားသူမေ့ သွားတတ်တဲ့အကြောင်းကို ဟာ သလုပ်ထားတာလို့ထင်ပါတယ်။

ဘာပဲပြောပြော သိပ်မကြာ ခင်မှာ ပါတီစည်းရုံးရေးတွေစပါ တော့မယ်။ သူ့ပါတီကို မဲပေးပါ။ ငါ့ပါတီကို မဲပေးပါ။ ဘာလုပ်ပေး ပါ့မယ်၊ ညာလုပ်ပေးပါ့မယ်ဆိုပြီး မစားရ၀ခမန်း စကားလုံးအဆီ တုံးကြီးတွေနဲ့ ပြည်သူတွေကို ခွံ့ ကျွေးကြပါတော့မယ်။ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြတော့မယ့် ပါတီတွေကြားထဲမှာ ကျွန်တော် တို့ပြည်သူတွေက ဘယ်ပါတီကို ရွေးချယ်ရပါမလဲ။ ပါတီမှန်သမျှ ကတော့ မိမိတို့ပါတီကိုမဲပေးဖို့ သာ ပြောဆိုစည်းရုံးကြမှာ သေ ချာပါတယ်။ ကျွန်တော့်ပါတီက တော့ သိပ်မစွံဘူးဗျာ။ ဟိုပါတီ ကိုပဲ မဲထည့်လိုက်ပါလားလို့ ပြော မယ့်အမတ်ရှိမယ်မထင်ပါဘူး။ ကိုယ့်ပါတီမဲထည့်ဖို့ ကိုယ်မစည်း ရုံးလို့ ဘယ်သူစည်းရုံးပါ့မလဲ။ ဟုတ်တာပေါ့။ ကိုယ့်ပါတီကိုပဲ မဲ ထည့်ဖို့စည်းရုံးတာ သဘာဝကျပါ တယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။

သို့သော် မိမိပါတီမဲအနိုင်ရ ရုံနဲ့ပြီးရောလား။ မိမိပါတီ မဲအနိုင် ရဖို့က အဓိကလား။ မိမိပါတီကို ပဲ မဲအများဆုံးထည့်ကြဖို့ ဘယ်လို နည်းလမ်းကိုမဆို သုံးကြမှာပဲ လား။

  ဘာလုပ်လုပ် မဲအနိုင်ရရင် ပြီးရောလား။ မေးစရာမေးခွန်း တွေပေါ်လာပါတယ်။ ပြည်သူ တွေက အမတ်တွေကို မေးသင့် မေးထိုက်တဲ့မေးခွန်းတွေပါပဲ။ ဒါ့ အပြင် ပါတီတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတွေပါပဲ။

ဒီနေရာမှာ ရာဇ၀င်ထဲက အ ဖြစ်အပျက်တစ်ခုကို ပြန်သတိရမိ ပါတယ်။ တကောင်းရာဇ၀င်ထဲက ကံရာဇာကြီးနဲ့ ကံရာဇာငယ်အ ကြောင်းပါ။ သူတို့ရဲ့ဖခမည်း တော်ကြီး ကံတော်ကုန်တဲ့အခါ အဲဒီညီနောင်နှစ်ပါးဟာ ထီးနန်း လုဖို့အတွက် စစ်တိုက်ဖို့ပြင်ဆင် ကြပါတယ်။ သို့သော် မှူးမတ်တွေ က ထိုကဲ့သို့ ရန်စစ်မထိုးဘဲ ကု သိုလ် စစ်ထိုးဖို့အကြံပေးကြပါ တယ်။ အဲဒီအကြံကတော့ ည တွင်းချင်း အလှူမဏ္ဍပ်နှစ်ဆောင် အပြိုင်ဆောက်ရပါမယ်။ အရင် ဆုံး မဏ္ဍပ်ပြီးတဲ့သူက ထီးနန်းကို ရမယ်ဆိုတဲ့သဘောပါ။ ဒါနဲ့ညီ နောင်နှစ်ပါး မဏ္ဍပ်အပြိုင်ဆောက် ကြပါတယ်။ ကံရာဇာငယ်ကဖြတ် ထိုးဉာဏ်ကောင်းပြီး ပါးနပ်တဲ့အ တွက် သူ့အလှူမဏ္ဍပ်ကို မြန်မြန် ပြီးအောင် ၀ါးတွေ၊ နှီးတွေနဲ့လုပ် ထုံးဖြူသုတ်ပြီး ဖြစ်ကတတ်ဆန်း ဆောက်လိုက်ပါတယ်။ မဏ္ဍပ်ကို အခိုင်အခံ့ဆောက်နေတဲ့ ကံရာ ဇာကြီးကတော့ မနက်မိုးလင်းတဲ့ အထိ မပြီးသေးပါဘူး။ နောက်ဆုံး မှာတော့ သဘောတူထားတဲ့အ တိုင်း မဏ္ဍပ်အရင်ပြီးတဲ့ ကံရာဇာ ငယ်က တကောင်းပြည်ထီးနန်းကို ရရှိသွားပါတယ်။

ဒီနေရာမှာ ပြောချင်တာက ကံရာဇာငယ်အဘယ်ပုံအဘယ် နည်း အနိုင်ရသွားသလဲဆိုတဲ့အ ချက်ပါပဲ။ ဒါဟာအရေးကြီးပါ တယ်။ တကောင်းပြည်သူတွေအ တွက် အရေးကြီးလှပါတယ်။ ကံ ရာဇာငယ်ဟာ သူအနိုင်ရဖို့ပဲ စိတ်ထဲမှာ တွက်ထားတဲ့သူပါ။ ဒါ ကြောင့်လည်း အစ်ကိုကြီး ထီးထီး ကြီးရှိနေပါလျက်နဲ့ ထီးနန်းကိုငါ့ လက်ထဲအပ်လို့ ဓားကြိမ်းကြိမ်းဝံ့ တာပေါ့။အခုလည်း မဏ္ဍပ်ဆောက် ပုံကိုကြည့်လိုက်ပါဦး၊ မြန်မြန်ပြီး ပြီးရောဆိုပြီး အနိုင်ရလိုဇောနဲ့ ဖြတ်ကတတ်ဆန်းဆောက်လိုက် တဲ့မဏ္ဍပ်ဟာ ဘယ်လောက်ကြာ ကြာခံပါ့မလဲ။ တကောင်းမိုး တ ကောင်းလေနဲ့တွေ့ရင် ဘယ်နှ ရက်ခံပါ့မလဲ။ အလှူဘယ်နှရက် ပေးနိုင်ပါ့မလဲ။ ဒီလိုဖြစ်ကတတ် ဆန်းပြီးစလွယ် လုပ်တတ်သူရဲ့ လက်ထဲရောက်သွားရင် တ ကောင်းပြည်ဘယ်လိုများနေလိမ့် မလဲ။

  တကောင်းပြည်အတွက် တွေးကြည့်ရင် တော်တော်ရင် လေးစရာကောင်းပါတယ်။ တ ကယ်တော့ ကံရာဇာငယ်ဟာ အ နိုင်ရဖို့ပဲ အဓိကထားတဲ့လူမျိုးပါ။  သူဟာ အနိုင်ရဖို့ဆိုရင် ဘနဖူး တောင် သိုက်တူးမယ့်လူစားမျိုး ပါ။ ခေတ်အဆက်ဆက်မှာလည်း ကံရာဇာငယ်လို လူမျိုးတွေပေါ် ပေါက်ခဲ့ဖူးပေါင်း များလှပါပြီ။ ဘာလုပ်လုပ် ငါနိုင်ရင်ပြီးရောဆို တဲ့ လူမျိုးတွေ ကြီးစိုးလွှမ်းမိုးနေ သရွေ့ ကမ္ဘာကြီးဟာ ဘယ်တော့ မှ ငြိမ်းချမ်းမှာမဟုတ်သလို သ မိုင်းစာမျက်နှာတွေပေါ်မှာလည်း သွေးရောင်တွေ လွှမ်းနေဦးမှာ သေချာပါတယ်။

ဘယ်လိုနည်းနဲ့နိုင်နိုင် နိုင်ဖို့ အရေးကြီးနေတဲ့သူတွေ၊ အနိုင် ကိုသာ အဓိကထားသူတွေ၊ဘယ် သူသေသေ ငတေမာရင်ပြီးရော ဆိုသူတွေ၊ ကံရာဇာငယ်လိုမဏ္ဍပ် ကောင်းဖို့ထက် မဏ္ဍပ်မြန်မြန်ပြီး ဖို့၊ သူအနိုင်ရဖို့ပဲ တွေးနေသူတွေ အဲဒီလိုလူတွေ ခပ်များများရှိနေသ ရွေ့ ကျွန်တော်တို့နိုင်ငံဟာမျှတညီ ညွတ်ပြီး ပျော်စရာကောင်းတဲ့နိုင်ငံ အဖြစ်ကို ရောက်ရှိလာဦးမှာ မ ဟုတ်ပါဘူး။ တကယ်ဆိုရင်မိမိပါ တီနိုင်ဖို့ထက် မိမိနိုင်ငံကောင်းစား ဖို့က ပိုအရေးကြီးပါတယ်။ မိမိနိုင် ဖို့ထက် ပြည်သူတွေနိုင်ဖို့က ပိုအ ရေးကြီးပါတယ်။ မိမိရှုံးလို့ပြည်သူ တွေနိုင်မယ်ဆိုရင် အရှုံးခံရဲရပါ မယ်။ ဘာဖြစ်လို့လဲဆိုတော့အနိုင်

အရှုံးထက် အမှန်တရားက ပိုအ ရေးကြီးလို့ပါပဲ။ ဒါကြောင့်လည်း ကဗျာဆရာ အောင်ချိမ့်က‘ငါရှုံးပါ စေ တရားကနိုင်ပါစေ’ လို့ ကဗျာ စပ်ဆိုခဲ့တာပေါ့။

ကျွန်တော်ဖတ်ဖူးတဲ့ အဆို အမိန့်လေးတစ်ခုရှိပါတယ်။ နိုင်ငံ ရေးသမားက လာမယ့်ရွေးကောက် ပွဲကိုကြည့်တယ်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်က လာမယ့်မျိုးဆက်ကို ကြည့်တယ်တဲ့။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့လောက်ပဲကြည့်ပြီး အ နာဂတ်မျိုးဆက်ကိုမကြည့်ဘူးဆို ရင်တော့ ပြည်သူတွေရဲ့ အသည်း ကြားက မဲပြားပေါင်းမြောက်မြား စွာဟာ ဘာမှအကျိုးမရှိဘဲ အ ဟောသိကံ ဖြစ်သွားမှာသေချာ ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင် ရမှသာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်မယ်ဆိုသော်လည်း ရွေးကောက်ပွဲအနိုင်က တိုင်းပြည် အတွက်မဖြစ်ဘဲ နေရာနဲ့အာဏာ အတွက်သာ ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေ ရှုံးနေဦး မှာသေချာပါတယ်။

သိပ်မကြာသေးခင်က မွန်ပြည်နယ် မော်လမြိုင်မြို့ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတစ်ခုသည် တိုင်း ပြည်ကို အကျိုးပြုလိုပါက ရွေး ကောက်ပွဲအောင်နိုင်ရေးကိစ္စ တစ်ခုတည်းကိုသာ စဉ်းစား၍ မရ ကြောင်း၊ အချို့ပါတီများသည် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စ ကိုသာ စဉ်းစားနေကြောင်း၊ တိုင်း ပြည်၏ အမှန်တကယ်တိုးတက် ရေးကို မစဉ်းစားကြောင်း ပြော ကြားခဲ့တာကို သတင်းစာထဲမှာ ဖတ်ရှုလိုက်ရပါတယ်။

ဒါ့အပြင် သထုံမြို့ဝင်စဉ် ပြည်သူလူထုကို နှုတ်ဆက်စကား ပြောရာမှာလည်း ‘‘ကျွန်မတို့ ရွေး ကောက်ပွဲနိုင်ချင်ပါတယ်။ ဒါပေ မဲ့ ရွေးကောက်ပွဲနိုင်တာကိုရွေးမ လား။ တိုင်းပြည်အတွက် မှန်တဲ့ လမ်းကိုရွေးမလားဆိုရင်ကျွန်မတို့ တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမယ်။ ရွေးကောက်ပွဲနိုင်ခြင်း ရှုံးခြင်းသည် တစ်ခဏပဲ။ တိုင်း ပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင်  နိုင်ငံရဲ့အနာဂတ် အင်မတန်မှ နာသွားမယ်။ အဲဒီ တော့ ကျွန်မတို့ ရွေးကောက်ပွဲနိုင် ချင်တယ်။ နိုင်အောင်လည်းကြိုး စားမယ်။ ဒါပေမဲ့ ဘာလုပ်လုပ်နိုင် ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုး တော့ ကျွန်မတို့မလုပ်ဘူး’’လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့ပါ သေးတယ်။

ကျွန်တော်တို့နိုင်ငံကိုပြန်ငဲ့ ကြည့်ရင် မှန်ကန်တဲ့စနစ်ချို့တဲ့ ခဲ့တာသိသာပါတယ်။ တိုင်းပြည် ကို လမ်းကြောင်းမှန်ဆီဦးတည် ပေးဖို့လိုပါတယ်။ အဲဒီမှန်ကန်တဲ့ လမ်းကြောင်းကို ဖော်ဆောင်ပေး နိုင်တဲ့ ခေါင်းဆောင်မျိုးလိုအပ်နေ ပါတယ်။ အဲဒီအတွက် ဘာလုပ် လုပ်နိုင်ရင် ပြီးရောဆိုတဲ့လူစား တွေကို ပြည်သူကမရွေးချယ်မိဖို့ လိုပါတယ်။ ပြည်သူကလည်း မိမိ မဲအများဆုံးအနိုင်ရဖို့လောက်ပဲ ကြည့်နေတဲ့ နိုင်ငံရေးသမားမျိုးကို မလိုချင်တော့ပါဘူး။ ပြည်သူလိုချင်တာကတော့ နိုင်ငံရဲ့အနာဂတ်မျိုးဆက်ကို လှမ်းမျှော်ကြည့်မယ့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်မျိုးပါပဲ။  ။
မောင်ကြည်
7 day

No comments:

Post a Comment