Saturday 11 April 2015

နေပူချိန်မြင့်တတ်နေသဖြင့် သင်္ကြန်ကာလတွင် အရက်သောက်စားပြီး ရေကစားသူများ ဦးနှောက်သွေးကြောပြတ်နိုင်


သင်္ကြန်ကာလအတွင်း နေ့အပူချိန်များဆက်လက်မြင့်တက်နေပါက ယမကာမှီဝဲ၍ ရေကစားသူများ ဦး နှောက် သွေးကြောပေါက်ကာ ဦးနှောက်အာရုံကြောပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။

“အခုက နေ့အပူချိန်က အရမ်းမြင့်တက်နေတယ်။ ဆားဓာတ်နဲ့ ရေဓာတ်မမျှတဲ့အတွက်ကြောင့် အားနည်း ပြီး မူးမောတဲ့လူနာတွေကို တွေ့ ရတယ်။ ဒီအပူချိန်တိုင်းသင်္ကြန်မှာပူရင်တော့ အရက်သောက်ပြီး သင်္ကြန် ရေကစားမယ့်သူတွေအတွက်တော့ ဦးနှောက်သွေးကြောပေါက်တာတို့၊ အာရုံကြောပျက်တဲ့ရောဂါတွေ ဖြစ် ပွားနိုင်တယ်။ ဘာလို့တုန်းဆိုတော့ မူးနေတဲ့အချိန်နဲ့ နေအပူရှိန်ကလည်း မြင့်တက်နေတဲ့အချိန်နဲ့ ရေဆို လိုက် ပြန်ပူသွားလိုက်နဲ့ စောစောကပြောတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်”ဟု ဒေါက်တာကပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် မကွေးတိုင်းဒေသကြီး အောင်လံ၊ တောင် တွင်းကြီး၊ မကွေးစသည့်မြို့နယ်များ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ကယားပြည်နယ် ရှိ ဘော်လခဲမြို့နယ် စုစုပေါင်း ၆ မြို့နယ်၌ သတ်မှတ်သည့် နေ့အပူချိန်ထက် ၂ မှ ၃ ဒီဂရီစင်တီ ဂရိတ် အထိ မြင့်တက်လျက်ရှိရာ ကယားပြည်နယ်တွင် သာမန်အပူချိန် ၃၃ ဒသမ ၀ ဒီဂရီစင်တီဂရိတ်သတ် မှတ် ထားသော်လည်း ဘော်လခဲမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနမှအရာရှိတဦး ကဆိုသည်။

နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် လုပ်သားပြည်သူ့ဝန်ထမ်းများ ရေဓာတ်နှင့်ဆား ဓာတ်မမျှတသည့် အတွက် ချွေးထွက်လွန်ခြင်း၊ မူးမောခြင်း၊ အားနည်းခြင်းများအဖြစ်များလျက်ရှိပြီး ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများနှင့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအနေဖြင့် အသက်အန္တရာယ် ရှိကြောင်း ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။ “ရပ်ကွက်ထဲက ဆေးခန်းတွေမှာ လည်း ချွေးပြန်၊ ရေဓာတ်၊ ဆားဓာတ်ကုန်ခန်းပြီးတော့ အားပြတ်တဲ့သူတွေ အားဆေးလာသွင်းကြတယ်။ ပုလင်းကြီးလာချိတ်ကြတယ်။ အပူချိန်အရမ်းမြင့်လာတာကို ကာကွယ်ဖို့ဆိုရင်တော့ ဦးထုပ်ဆောင်း၊ အရောင်ရင့်တာမ၀တ်နဲ့အရောင်ရင့် ရင့်အပူဆုတ်တယ်။ နေကာမျက်မှန်ကောင်းကောင်းတပ်ပြီးမှ အပြင်ကို သွားရမယ်။ လုံလုံခြုံခြုံ ၀တ်ဆင်ဖို့ လည်းလိုပါတယ်”ဟု ၎င်းကဆိုသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများတွင်လည်း ခရမ်းလွန်ရောင် ခြည်ပါဝင်မှုနှုန်းများလျက်ရှိပြီး လွန်ကဲအဆင့်သို့ရောက်ရှိနေသည့်အတွက် သင်္ကြန်ရေကစားမည့်သူများအနေဖြင့် အရေပြားယားယံခြင်း၊ အရေပြား ကင်ဆာဖြစ်ပွားနိုင်သည့်ပြင် မျက်စိအတွင်းတိမ်ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာ အောင်ဆန်းဝင်း က သတိပေးပြောဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment