Saturday 11 April 2015

နိုင်ငံဝန်ထမ်း အငြိမ်းစားများ တိုးမြှင့်ပင်စင်လစာများကို ၂၀၁၅ ဧပြီမှ စတင် ခံစားခွင့်ရတော့မည်

လက်ရှိမြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ (တပ်မတော်အငြိမ်းစားများ~ အပါအဝင်)အား လက်ရှိပင်စင် လစာအပြင် တိုးမြှင့်ပင်စင်လစာများကို ၂၀၁၅ ခုနှစ်ဧပြီလမှ စတင် ခံစားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုးမြှင့်ပင်စင်ခံစား ခွင့်ပြုရာတွင် အငြိမ်းစားဝန်ထမ်းများ၏ လက်ရှိပင်စင်လစာအပြင် ထပ်မံတိုးမြှင့် သတ်မှတ်သည့် လစာ ကျပ် ၄၅၀၀ဝ အား ပင်စင်ဝန်ထမ်း၏ လုပ်သက်အပေါ်မူတည်ပြီး တည်ဆဲ ပင်စင် နည်း ဥပဒေနှင့်အညီ တွက် ချက်မှုမှရရှိလာသည့်ပမာဏကို ထည့်ပေါင်းကာ တိုးမြှင့်ပေးသွား မည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ပြောကြား သည်။

''ဥပမာအားဖြင့် မူလပင်စင်ရ ထားတဲ့ပမာဏကိုထည့်မတွက်ဘဲ တိုးမြှင့်လစာလေးသောင်းခွဲအပေါ်မှာ မူတည်ပြီး ပင်စင်နည်းဥပဒေတွက် ချက်နည်းအတိုင်း တွက်ချက်ပြီးရရှိ လာတဲ့ပမာဏကို တိုးမြှင့်ပေးသွား မှာ ဖြစ်ပါတယ်''ဟု ဦးခင်မောင်ဝင်း က ထပ်လောင်းပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် (၉/ ၂၀၁၅)၏ ကြိုတင်ခွင့်ပြုချက်အရ ဧပြီ ၁ဝ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ဌာနဆိုင်ရာဦးစီးဌာနများ၊ လုပ်ငန်းများ၊ တပ်မတော်အပိုင်းတို့မှ ပင်စင်စား ဝန်ထမ်း ဦးရေ ရှစ်သိန်းဝန်းကျင် ရှိ ကြောင်း သိရသည်။

‎Democracytoday‬

No comments:

Post a Comment